ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၈ ၄/၁၅ စာ. ၂၈
  • “ငယ်သောအရွယ်မှ စ၍ သိခဲ့”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “ငယ်သောအရွယ်မှ စ၍ သိခဲ့”
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
က၉၈ ၄/၁၅ စာ. ၂၈

“ငယ်သောအရွယ်မှ စ၍ သိခဲ့”

မကြာသေးမီက သိပ္ပံဆိုင်ရာလေ့လာမှုများအရ ကလေးငယ်များကို စကားပြောဆိုခြင်းသည် သူတို့ဦးနှောက်ဖွံ့ဖြိုးလာစေရန် များစွာအထောက်အကူပြုရာ အခက်အခဲပြဿနာများကို စဉ်းစားနိုင်စွမ်း၊ ဆင်ခြင်နိုင်စွမ်းနှင့် ဖြေရှင်းနိုင်စွမ်းကို ပြုစုပျိုးထောင်ပေးသည်။ အထူးသဖြင့် ကလေးအသက်တာ၏ ပထမတစ်နှစ်အတွင်းတွင် ယင်းသို့ဖြစ်သည်။ “နို့စို့သူငယ်တစ်ဦး နေ့စဉ်ကြားရသော စကားလုံးအရေအတွက်က နောင်၌ ၎င်း၏ဉာဏ်ရည်၊ ၎င်း၏ကျောင်းပညာအောင်မြင်မှုနှင့် လူမှုဆက်ဆံရေးစွမ်းရည်တို့အတွက် အရေးအပါဆုံးဖြစ်နိုင်သည်” ဟုသုတေသီအချို့က ယခုယူမှတ်နေကြပြီဟူ၍ အင်တာနေရှင်နယ်ဟယ်ရယ်ထရီဗျူန်းတွင် ဖော်ပြထားသည်။

သို့သော် ပြောဆိုသောစကားလုံးများသည် လူတစ်ဦးထံမှလာရမည်။ ရုပ်မြင်သံကြား သို့မဟုတ် ရေဒီယိုနှင့် အစားထိုးနိုင်ပုံမရှိချေ။

ယူ.အက်စ်.အေ၊ စီအဲတဲလ်မြို့ရှိ ဝါရှင်တန်တက္ကသိုလ်မှ နဗ်ကြောသိပ္ပံပညာရှင်တစ်ဦးက ဤသို့ဖော်ပြသည်– “အသက်တာ၏စောစောပိုင်းမှစ၍ နဗ်ကြောဆက်သွယ်မှုများ ဖွဲ့စည်းပြီးသားဖြစ်ကြောင်းနှင့် နို့စို့သူငယ်၏ဦးနှောက်သည် ဆက်သွယ်မှုများမည်သို့ ပြုလုပ်ပုံကို ဆုံးဖြတ်ရန် အတွေ့အကြုံများခံစားဖို့ ပကတိစောင့်ဆိုင်းနေကြောင်း ကျွန်ုပ်တို့ယခုသိရသည်။ ဤလုပ်ဆောင်မှုသည် မည်မျှစောစောစတင်ကြောင်း များမကြာမီကမှ ကျွန်ုပ်တို့သိရှိခဲ့ပါသည်။ ဥပမာ၊ နို့စို့သူငယ်များသည် ခြောက်လအရွယ်တွင် သူတို့၏မိခင်ဘာသာစကား၏ အသံနေအသံထားကို တတ်နေကြပြီဖြစ်သည်။”

အကယ်၍ ကလေးငယ်များကို ချစ်ခြင်းမေတ္တာအပြည့်အဝသာပြမည်ဆိုလျှင် သူတို့သည် ဉာဏ်ရည်ထက်မြက်လိမ့်မည်ဟူသည့် လူအများ၏ယူဆချက်ကို သုတေသနပြုအပြိုင်အဆိုင်ပြောဆိုသည်။ ယင်းက ကလေးတစ်ယောက်၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် မိဘများ၏ကဏ္ဍသည် အရေးပါကြောင်းကိုလည်း ပေါ်လွင်စေပါသည်။

ယင်းသည် တိမောသေထံ တမန်တော်ပေါလုရေးသားခဲ့သော “ကယ်တင်ခြင်းအလိုငှာ ပညာကိုပေးနိုင်သောသမ္မာကျမ်းစာကို ငယ်သောအရွယ်မှစ၍ သိခဲ့” သည်ဟူသော မှုတ်သွင်းခံစာတွင်ပါသောစကားများကို သတိရစေပါသည်။ ယုံကြည်သူမိခင်နှင့်အဖွားတို့သည် နို့စို့သူငယ်တိမောသေအား သမ္မာကျမ်းစာကိုပြောပြခဲ့ခြင်းက သူ့အား ဘုရားသခင်၏ပေါ်လွင်သောကျေးကျွန်တစ်ဦးဖြစ်လာစေရာတွင် အဓိကကျသောကဏ္ဍတစ်ခုဖြစ်ခဲ့ပေမည်။—၂ တိမောသေ ၁:၅; ၃:၁၅၊ ကဘ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ