၁၉၉၈ ဧပြီ ၁၁ ရက်၊ စနေနေ့၌ ကျင်းပမည့် အထူးအခမ်းအနားတွင် ကျေးဇူးပြု၍ ကျွန်ုပ်တို့နှင့်အတူပါဝင်ပါ
ယေဟောဝါသက်သေများသည် ဘုရားသခင်ပေးတော်မူသော ဆုကျေးဇူးဖြစ်သည့် သားတော်ယေရှုခရစ်ကို သူတို့နှင့်အတူသတိရကြရန် သင့်အား လှိုက်လှဲစွာဖိတ်ခေါ်ပါသည်။ ဤဆုကျေးဇူးတော်ကြောင့် လူသားအပေါင်းသည် ထာဝရအသက်ရခွင့်ရှိပါသည်။—ယောဟန် ၃:၁၆။
ဤနှစ်တွင် ယေရှု၏သေတော်မူခြင်းဆိုင်ရာ သတိရအောက်မေ့ပွဲကို ဧပြီလ ၁၁ ရက်၊ စနေနေ့နေဝင်ပြီးချိန်တွင် ကျင်းပပါမည်။ ထိုနေ့စွဲသည် ကျမ်းစာ၏လပြက္ခဒိန်အရ နိသန်လ ၁၄ ရက်နှင့်ကိုက်ညီပါသည်။ စည်းဝေးကျင်းပမည့်နေရာနှင့် အချိန်အတိအကျကိုသိရှိရန် ဒေသခံယေဟောဝါသက်သေများထံတွင် ကျေးဇူးပြု၍စုံစမ်းပါ။