ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၈ ၃/၁ စာ. ၃၂
  • “ထူးခြားသော” စည်းဝေးကြီး ချီးမွမ်းခံရ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “ထူးခြားသော” စည်းဝေးကြီး ချီးမွမ်းခံရ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
က၉၈ ၃/၁ စာ. ၃၂

“ထူးခြားသော” စည်းဝေးကြီး ချီးမွမ်းခံရ

ပီရူးနိုင်ငံ၊ လီမာမြို့တော်ရှိ ရေဒီယိုအစီအစဉ်ကြေညာသူတစ်ဦးသည် ယေဟောဝါသက်သေများနှင့်ပတ်သက်၍ အလွန်ပင်သံသယဝင်ခဲ့သည်။ သို့ရာတွင် သူတို့၏ခရိုင်စည်းဝေးကြီးတစ်ခုကို တက်ရောက်ပြီးနောက်တွင် သူ၏သဘောထားသည် သိသိသာသာပြောင်းလဲသွားသည်။ အမှန်အားဖြင့် သူသည် ရေဒီယိုပရိသတ်များကို သက်သေခံများကောင်းကြောင်း မှတ်ချက်များပေးသည်အထိ စိတ်တွင်စွဲမှတ်သွားသည်။ အောက်ပါတို့မှာ သူပြောပြသည့်အထဲမှ ကောက်နုတ်ချက်များဖြစ်သည်။

“စည်းဝေးကြီးသည် အမှန်ပင်ထူးခြားပါသည်။ ကြမ်းပြင်ပေါ်တွင် စက္ကူအပိုင်းအစဖြစ်စေ၊ ဝန်းကျင်အနီးအနားတွင် ဈေးရောင်းသူဖြစ်စေ ဘာမျှမရှိပါ။ ယာဉ်ကြောပိတ်ဆို့ ခြင်းလည်းမရှိပါ။ ငါးထောင်နှစ်ရာသောသူတို့သည် ကိုယ့်စရိတ်ဖြင့် အားကစားရုံသို့သွားကြကာ ယောက်တိုင်းသည် ဆေးကြောပွတ်တိုက်ရန် ရေပုံး၊ အဝတ်စုတ်၊ ဖုန်သုတ်အဝတ်၊ အမှိုက်ဂေါ်၊ တံမြက်စည်း၊ ဝက်မှင်ဘီး၊ လက်အိတ်များနှင့် ဂျီးချွတ်ဆေးတို့ကို ယူဆောင်သွားကြပါသည်။ သူတို့သည် ဆေးသုတ်ဖို့လိုသည့်အရာများကို ဆက်၍ဆေးသုတ်ကြသည်။ ထိုသို့လုပ်ရန် ငွေကို မည်သူစိုက်ထုတ်သနည်း။ သူတို့ဘာသာသူတို့ စိုက်ထုတ်ကြပါသည်! စိုက်ထုတ်ဖို့လိုအပ်ရာများကို သူတို့အား အသိပေးပြောပြသည့်အခါ ချက်ချင်းပင် ထုတ်ပေးကြပါသည်။ ထိုသို့သောကိစ္စရပ်များနှင့်ပတ်သက်လာလျှင် . . . ချာ့ချ်သည် အိပ်ပျော်နေပါသည်။ ယေဟောဝါသက်သေများနှင့် ဤစည်းဝေးကြီး၏ ညှိနှိုင်းရေးမှူးများကို ကျွန်ုပ်ချီးကျူးဂုဏ်ပြုလိုပါသည်။ ထို့အပြင် သင်တို့ကို ဘုရားသခင်ကူညီတော်မူပြီး ကောင်းချီးပေးပါစေဟု သူတို့အား ကျွန်ုပ်၏နှလုံးမှလှိုက်လှိုက်လှဲလှဲပြောကြားလိုပါသည်။”

ဤနှစ်တွင် ကမ္ဘာတစ်ဝန်းရှိမြို့များ၌ “ဘုရားသခင်၏အသက်လမ်း” ခရိုင်စည်းဝေးကြီးကို ယေဟောဝါသက်သေများ မွေ့လျော်ကြမည်ဖြစ်ပါသည်။ သင် တက်ရောက်မည်လော။

[စာမျက်နှာ ၃၂ ပါ ရုပ်ပုံ]

“ကြမ်းပြင်ပေါ်တွင် စက္ကူအပိုင်းအစ . . . မရှိပါ”

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ