ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၈ ၄/၁ စာ. ၃၂
  • စိတ်ကိုလှုံ့ဆော်ပေးသောအဖြေတစ်ခု

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စိတ်ကိုလှုံ့ဆော်ပေးသောအဖြေတစ်ခု
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
က၉၈ ၄/၁ စာ. ၃၂

စိတ်ကိုလှုံ့ဆော်ပေးသောအဖြေတစ်ခု

ဗြိတိသျှနိုင်ငံမှ ရိုမန်ကက်သလစ် သတင်းစာတစ်စောင်ဖြစ်သော ကက်သလစ်ဟယ်ရယ်သည် ဝေလနယ်ရှိစာရှုသူတစ်ဦးထံမှ အောက်ပါစာကို မကြာသေးမီက ပုံနှိပ်ထုတ်ဝေခဲ့သည်– “တစ်ညတွင် ယေဟောဝါသက်သေနှစ်ဦး ကျွန်တော့်အိမ်သို့ ရောက်လာကြသည်။ သူတို့ကိုးကားခဲ့သော ဓမ္မသစ်ကျမ်း၏ ကျမ်းစစ်ကျမ်းမှန်ဖြစ်မှုကို အာမခံခဲ့သူမှာ ကက်သလစ်ချာ့ချ်ဖြစ်သည်ဟု ကျွန်တော်ပြောပြနိုင်ခဲ့သည်။ သူတို့အနက်တစ်ဦးက ထောက်ခံသောအခါ ကျွန်တော်အံ့သြသွားမိသည်။ သူက ‘ခင်ဗျားတို့အာမခံတယ်ဆိုတာ မှန်ပါတယ်၊ ဒါပေမဲ့ ခင်ဗျားတို့မလိုက်လျှောက်ကြပါဘူး။ ယေရှုက “ငါသည်သင်တို့ကိုချစ်သည်နည်းတူ၊ သင်တို့သည် အချင်းချင်းချစ်ကြလော့” ဆိုပြီးမိန့်တော်မူခဲ့တယ်၊ ဒါပေမဲ့ ခင်ဗျားတို့အချင်းချင်းသတ်ကြတယ်။ ပြီးခဲ့တဲ့စစ်ပွဲမှာ . . . က . . . တွေကိုသတ်ခဲ့ကြတယ်၊ ဒါပေမဲ့ ဘယ်ယေဟောဝါသက်သေမှ သက်သေခံ [ချင်း] တစ်ယောက်ကို မသတ်ခဲ့ဘူး။’ ကျွန်တော်လက်ခံရုံမှတစ်ပါး မည်သို့တတ်နိုင်မည်နည်း။ ကျွန်ုပ်တို့အချင်းချင်း စစ်မှန်သောစည်းလုံးမှုမရှိဘဲလျက် ကျွန်ုပ်တို့၏ ‘ခြားနားသောညီအစ်ကိုများ’ နှင့်စည်းလုံးမှုရှိရန် မည်သို့ဆုတောင်းပေးနိုင်မည်နည်း။ ဤရှက်ဖွယ်ကောင်းသော အခြေအနေကို ကျွန်ုပ်တို့ဦးဆုံးပြုပြင်ပေးဖို့မသင့်ပေလော။”—ယောဟန် ၁၅:၁၂။

ဤ ၂၀ ရာစုတွင်ဖြစ်ပျက်ခဲ့သော ကမ္ဘာစစ်ကြီးနှစ်ခုစလုံး ခရစ်ယာန်ဘောင်မှစတင်ခဲ့ပြီး သန်း ၅၀ မှသန်း ၆၀ ခန့်သောလူ့အသက်များကို ခြွေယူခဲ့ပါသည်။ သို့သော် ယေဟောဝါသက်သေများသည် ထိုစစ်ပွဲများတွင်မပါဝင်ခဲ့သကဲ့သို့ လောလောဆယ်ဖြစ်ပျက်နေသော မည်သည့်ပဋိပက္ခ၌မျှလည်း ပါဝင်နေခြင်းမရှိဟု မှန်ကန်စွာပြောဆိုနိုင်ပါသည်။ မည်သို့ဖြစ်နိုင်မည်နည်း။ ကမ္ဘာတစ်ဝန်းမှ ငါးသန်းကျော်သော ယေဟောဝါသက်သေများ၌ရှိသည့် အားကြီးသောခရစ်ယာန်မေတ္တာနှင့် စည်းလုံးမှုနှောင်ကြိုးအကြောင်းကို ပိုမိုသိရှိရန်ရှာဖွေဖို့မှာ သင့်အကျိုးအတွက်သာဖြစ်ပေသည်။—ဟေရှာယ ၂:၄ နှိုင်းယှဉ်။

[Picture Credit Line on page 32]

U.S. National Archives photo

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ