ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၇ ၁၁/၁၅ စာ. ၃၂
  • အကျိုးဖြစ်ထွန်းခဲ့သော အိပ်မပျော်သည့်ညများ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အကျိုးဖြစ်ထွန်းခဲ့သော အိပ်မပျော်သည့်ညများ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
က၉၇ ၁၁/၁၅ စာ. ၃၂

အကျိုးဖြစ်ထွန်းခဲ့သော အိပ်မပျော်သည့်ညများ

ရှင်ဘုရင်များပင် အိပ်မပျော်သောညများ ရှိကြသည်။ ဘီ.စီ.အီး. ငါးရာစုတွင် ဩဇာအာဏာကြီးမားသော ပါရှားဘုရင်အာရွှေရုသည် ယင်းသို့ကြုံခဲ့သည်။ မိမိသည် တာဝန်အချို့ပျက်ကွက်ခဲ့သည်ဟု ယူမှတ်ခြင်းကြောင့် ရှေ့တော်၌နန်းတော်မှတ်စာကို ဖတ်စေခဲ့ခြင်း ဖြစ်ကောင်းဖြစ်ပေမည်။ မိမိ၏သစ္စာရှိကျေးကျွန်တစ်ဦးဖြစ်သူ မော်ဒကဲသည် လုပ်ကြံမှုတစ်ခုကို တားဆီးဟန့်တားခဲ့သော်လည်း ဆုချီးမြှင့်ခြင်းမခံရသေးကြောင်း သူတွေ့ ရှိခဲ့သည်။ ဤသတိမမူမိမှုကို ချက်ချင်းပြုပြင်တည့်မတ်ပေးရန် အာရွှေရုဆုံးဖြတ်ခဲ့သည်။ ဘုရားသခင့်လူမျိုးတော်အပေါ် သူ့လုပ်ဆောင်ချက်၏ အကျိုးသက်ရောက်မှုက ရှင်ဘုရင်စက်တော်ခေါ်မရခြင်းသည် ဘုရားသခင်၏လှုံ့ဆော်မှုဖြစ်ကြောင်း ဖော်ပြသည်။ —ဧသတာ ၆:၁-၁၀။

ဟာရ်မားနတ်စ်ဟုခေါ်သော တောင်အာဖရိကကမ်းရိုးတန်းမြို့ရှိ ယေဟောဝါသက်သေများ၏အသင်းတော်သည် သမ္မာကျမ်းစာမှ ဤအစိတ်အပိုင်းကို အမှတ်ရဖို့အကြောင်းရှိခဲ့သည်။ သူတို့သည် ငှားရမ်းထားသောခန်းမတစ်ခု၌ တွေ့ဆုံလေ့ရှိကြသည်။ မိမိတို့ကိုယ်ပိုင် ဘုရားသခင့်နိုင်ငံတော်ခန်းမဆောက်လုပ်ဖို့ ခြံမြေဝယ်ယူရန် နှစ်ပေါင်းများစွာ ကြိုးပမ်းခဲ့ကြသည်။ နောက်ဆုံး၌ ၁၉၉၁ ခုနှစ်တွင် မြို့တော်ကောင်စီသည် အကောင်းဆုံးမြေနေရာတစ်ကွက်ကို ကမ်းလှမ်းခဲ့သည်။

သို့သော် ယေဟောဝါသက်သေများကို ထိုမြေနေရာရောင်းချခြင်းနှင့်ပတ်သက်၍ အချို့က ကန့်ကွက်ကြသည်။ လပေါင်းများစွာ အချိန်ဆွဲထားပြီးနောက် သုံးနှစ်အကြွေးဆိုင်းစနစ်ဖြင့် ချာ့ချ် [ဘာသာရေးအသင်း] များအား မြေကွက်ရောင်းပေးခြင်းကို ပိတ်ပင်ထားကြောင်း အသင်းတော်သို့အကြောင်းကြားကာ မြေကွက်ကမ်းလှမ်းမှုကို ရုပ်သိမ်းလိုက်သည်။ ၁၉၉၃ ခုနှစ်၊ မေလတွင် ကောင်စီ၏ဆုံးဖြတ်ချက်ကို ပြန်လည်စဉ်းစားပေးပါရန် အသင်းတော်မှ ထပ်မံစာရေးတောင်းဆိုခဲ့သည်။ အကြွေးဆိုင်းစနစ်မှာ အကျိုးသက်ရောက်ဆဲဖြစ်ကြောင်း စာတစ်ကြောင်းပြန်စာကိုရရှိခဲ့သည်။

ထိုနှစ် အောက်တိုဘာလတွင် မြို့နယ်အုပ်ချုပ်ရေးမှူးတစ်ဦးမှာ အိပ်မပျော်နိုင်ပါ။ သူမသည် အာရုံစိုက်ရန်လိုအပ်သည့် ကိစ္စတစ်ခုခုရှိမရှိသိရှိရန် ကောင်စီအစည်းအဝေး မှတ်တမ်းဟောင်းများကို လှန်လှောကြည့်လေသည်။ ဆုံးဖြတ်ချက်ကို ပြန်လည်စဉ်းစားပေးပါရန် သက်သေခံများရေးတင်ထားသောစာကို သူမသတိပြုမိသွားသည်။ ထို့ကြောင့် ထိုကိစ္စကို မိမိတို့၏လာမည့်အစည်းအဝေးအစီအစဉ်တွင် တင်ပြရန် သူမဆုံးဖြတ်လိုက်သည်။ ချာ့ချ်များအတွက် မြေနေရာကိစ္စနှင့်ပတ်သက်၍ အကြွေးဆိုင်းစနစ်မချမှတ်မီကတည်းက ယေဟောဝါသက်သေများသည် မြေကွက်ကိုလျှောက်ထားကြောင်း သူမထောက်ပြလိုပါသည်။

အချိန်တန်လေသော် ၁၉၉၁ ခုနှစ်တွင် အသင်းတော်အား မူလက ကမ်းလှမ်းဖူးသော မြေကွက်ကိုပင် နေရာချပေးပါသည်။ ယင်းမြေနေရာသည် လမ်းမကြီးပေါ်တွင်တည်ရှိပြီး အသင်းတော်သားများနှင့် စိတ်ဝင်စားသူများအတွက် သွားရေးလာရေးလွယ်ကူသည်။ သူတို့သည် လှပသော ဘုရားသခင့်နိုင်ငံတော်ခန်းမတစ်လုံးကို ဆောက်လုပ်ခဲ့ရာ ၁၉၉၆ ခုနှစ်၊ အောက်တိုဘာ ၅ ရက်နေ့တွင် ယေဟောဝါထံ ဆက်ကပ်အပ်နှံလိုက်ခဲ့ကြသည်။

အိပ်မရသောညကြောင့် အုပ်ချုပ်ရေးမှူး အနှောင့်အယှက်ဖြစ်ရခြင်းအတွက် အသင်းတော်မှဝမ်းနည်းမိသော်လည်း ဘုရင်အာရွှေရုပင် ထိုကဲ့သို့အိပ်မရသည့်ညရှိခဲ့သည့်အဖြစ်က သူမကိုနှစ်သိမ့်မှုရစေနိုင်ပါလိမ့်မည်။ ထိုကိစ္စနှစ်ရပ်စလုံးတွင် ရလဒ်က အကျိုးဖြစ်ထွန်းစေပါသည်။ ဟာရ်မားနတ်စ်အသင်းတော်သည် ဤရေပန်းစားသော ကမ်းရိုးတန်းမြို့၌ စင်ကြယ်သောဝတ်ပြုရေးနှင့် သီအိုကရက်တစ်လေ့ကျင့်မှု၏ ဗဟိုဌာနဖြစ်သော မိမိတို့၏ကိုယ်ပိုင် ဘုရားသခင့်နိုင်ငံတော်ခန်းမရှိသောကြောင့် အမှန်တကယ်ပင် ကျေးဇူးတင်ကြပါသည်။—ဟေဗြဲ ၁၀:၂၄၊ ၂၅။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ