ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၇ ၁၀/၁၅ စာ. ၃၁
  • ဖြူစင်သန့်ရှင်းသော ထိမ်းမြားခြင်းလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဖြူစင်သန့်ရှင်းသော ထိမ်းမြားခြင်းလော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
က၉၇ ၁၀/၁၅ စာ. ၃၁

ဖြူစင်သန့်ရှင်းသော ထိမ်းမြားခြင်းလော

ယောသပ်နှင့်ထိမ်းမြားခဲ့သောမာရိသည် အမြဲတမ်းအပျိုစင်ဖြစ်သည်ဟူသောအဆိုနှင့် ကိုက်ညီစေရန်ကြိုးစားရာတွင် ပန်းချီပန်းပုဆရာများက ယောသပ်အား သက်ကြီးရွယ်အိုတစ်ဦးအဖြစ် ပုံဖော်ရေးဆွဲကြသည်။ ဧကန်စင်စစ် ယောသပ်သည် လင်ယောက်ျားတစ်ဦးအဖြစ်ထက် မာရိကိုစောင့်ရှောက်သူတစ်ဦးအဖြစ် ပို၍ဖြစ်နိုင်ဖွယ်ရှိသည်ဟု သူတို့သုံးသပ်ကြသည်။ သို့သော် ပုပ်ရဟန်းမင်း ဒုတိယမြောက်ဂျွန်ပေါလ်က ကိစ္စရပ်နှင့်ပတ်သက်၍ခြားနားသောအမြင်ကို မကြာသေးမီကထောက်ခံပြောဆိုခဲ့သည်။ သူက ယောသပ်သည် “ထိုအချိန်က သက်ကြီးရွယ်အိုတစ်ဦးမဟုတ်ခဲ့ပါ။” သို့အစား “ကျေးဇူးတော်ကြောင့်ရရှိထားသည့် သူ၏အတွင်းစုံလင်မှုက သူ့အား မာရိနှင့် ဖြူစင်သန့်ရှင်းသောချစ်ခင်စုံမက်မှုဖြင့် ပေါင်းဖက်နေထိုင်သွားစေသည်” ဟုအဆိုပြုသည်။

မာရိသည် အပျိုစင်တစ်ဦးအဖြစ် အမြဲနေထိုင်သွားလိုပါက အဘယ်ကြောင့် သူမစေ့စပ်ကြောင်းလမ်းခဲ့ရသနည်း။ “စေ့စပ်ကြောင်းလမ်းသည့်အချိန်တွင် အပျိုစင်ဘဝဖြင့်နေထိုင်သွားရန်အစီအစဉ်နှင့်ပတ်သက်၍ ယောသပ်နှင့်မာရိတို့၏စပ်ကြား အပြန်အလှန်နားလည်မှုရှိခဲ့သည်ဟု ယူဆနိုင်ကြောင်း” ပုပ်ရဟန်းမင်းက ဖြေကြားခဲ့သည်။

သို့ရာတွင် သမ္မာကျမ်းစာက ကိစ္စရပ်ကို ခြားနားစွာတင်ပြသည်။ မဿဲမှတ်တမ်းက ယောသပ်သည် “သားတစ်ယောက်ကို မမွေးဖွားမီတိုင်အောင် သူမနှင့်သံဝါသမပြုခဲ့” ကြောင်းဆိုထားသည်။ (မဿဲ ၁:၂၅၊ ကက်သလစ် အမေရိကန်ကျမ်းစာသစ်၊ ကျွန်ုပ်တို့၏စာလုံးစောင်း။) ယေရှုကိုမွေးပြီးနောက် ယောသပ်နှင့်မာရိတို့၏ပေါင်းဖက်မှုက အပျိုစင်အဖြစ် လုံးဝမဖြစ်နိုင်ပါ။ ယင်းနှင့်စပ်လျဉ်း၍ သာဓကတစ်ခုမှာ နောက်ပိုင်းတွင် ခရစ်ဝင်မှတ်တမ်း၌ ယေရှု၌ ညီ၊ ညီမများရှိသည်ဟူ၍ ဖော်ပြထားခြင်းဖြစ်သည်။—မဿဲ ၁၃:၅၅၊ ၅၆။

ထို့ကြောင့် မာရိသည် ယေရှုကိုမွေးချိန်တွင် အပျိုစင်တစ်ဦးဖြစ်သည်ဟု သမ္မာကျမ်းစာကဖော်ပြသော်လည်း ယောသပ်နှင့်အတူနေထိုင်သည့် သူမ၏ကျန်အသက်တာတွင် အပျိုစင်တစ်ဦးအဖြစ်နေထိုင်ခဲ့သည်ဟူသောအဆိုသည် အခြေအမြစ်မရှိပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ