ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၇ ၉/၁၅ စာ. ၃၂
  • မည်သူ့ကတိများကို ယုံကြည်စိတ်ချနိုင်မည်နည်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မည်သူ့ကတိများကို ယုံကြည်စိတ်ချနိုင်မည်နည်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
က၉၇ ၉/၁၅ စာ. ၃၂

မည်သူ့ကတိများကို ယုံကြည်စိတ်ချနိုင်မည်နည်း

၁၈၉၃ ခုနှစ်တွင် လူမှုရေးကျွမ်းကျင်သူ ၇၄ ဦးပါဝင်သော အုပ်စုတစ်စုသည် အနာဂတ်နှင့်ပတ်သက်၍ဆွေးနွေးရန် ချီကာဂိုမြို့၌ကျင်းပသော ကမ္ဘာ့ပြပွဲတွင်တွေ့ဆုံခဲ့ကြသည်။ (အထက်တွင်ရုပ်ပုံဖော်ပြထား။) သူတို့သည် ရှေ့လာမည့်အနှစ်တစ်ရာဖြစ်သည့် ၁၉၉၃ ခုနှစ်ကိုမျှော်၍ အောက်ပါဟောကိန်းများကို ထုတ်ခဲ့ကြသည်– “လူများစွာတို့၏သက်တမ်းသည် ၁၅၀ ရှိလာမည်။” “အကျဉ်းထောင်များလျော့နည်းလာပြီး ကွာရှင်းမှုကို မလိုလားအပ်သောအရာအဖြစ် ယူမှတ်လာကြမည်။” “စစ်မှန်သောကြီးမားမှုသည် ရိုးရှင်းသည့်အဖြစ်သို့ ဦးတည်လေ့ရှိသကဲ့သို့ အုပ်ချုပ်မှုစနစ်များသည်လည်း သာ၍ရိုးရှင်းလာမည်။”

အလားတူ၊ ၁၉၆၇ ခုနှစ်တွင် သက္ကရာဇ် ၂၀၀၀ ပြည့်နှစ်အမည်ရှိသော စာအုပ်က ဤသို့ဟောကိန်းထုတ်သည်– “သက္ကရာဇ် ၂၀၀၀ ပြည့်နှစ်ရောက်သော် ကွန်ပျူတာများသည် လူသားတို့၏အနုပညာနှင့် ဖန်တီးမှုဆိုင်ရာ အရည်အသွေးများအချို့ပါကောင်းပါဝင်မည့် လူ့ ‘လူသားဆန်’ ဆုံးဉာဏ်ရည်ဉာဏ်သွေးများနှင့် ရင်ပေါင်တန်းနိုင်ဖွယ်၊ တုပဖန်တီးနိုင်ဖွယ် သို့မဟုတ် ယင်းထက်သာသွားနိုင်ဖွယ်ရှိသည်။” “အိမ်အလုပ်အများစုကို သင့်တင့်သောဈေးဖြင့်ရနိုင်သည့် စက်ရုပ်များကလုပ်ပေးမည်ဟူသည့် စိတ်ကူးစိတ်သန်းသည် . . . သက္ကရာဇ် ၂၀၀၀ တွင် ဖြစ်လာနိုင်ဖို့အကြောင်းများစွာရှိသည်။”

အနာဂတ်အဖြစ်အပျက်များကို ကြိုမမြင်နိုင်သည့် လူ့စွမ်းရည်သည် ဘုရားသခင်၏စွမ်းရည်နှင့် တခြားစီဖြစ်ကြောင်းသိသာလှသည်။ ဥပမာအနေနှင့် အထက်ပါကြိုတင်ဟောကိန်းများကို ကျွန်ုပ်တို့ခေတ်နှင့်ပတ်သက်၍ လွန်ခဲ့သည့်ရာစု ၂၀ နီးပါးက ကျမ်းစာကြိုတင်ဟောခဲ့သည့်အရာနှင့် နှိုင်းယှဉ်ကြည့်ပါ– “လူတို့သည် ကိုယ်ကိုကိုယ်ချစ်သောသူ၊ ငွေကိုတပ်မက်သောသူ၊ ဝါကြွားသောသူ၊ ထောင်လွှားစော်ကားသောသူ၊ သူ့အသရေကိုရှုတ်ချသောသူ၊ မိဘစကားကိုနားမထောင်သောသူ၊ ကျေးဇူးမရှိသောသူ၊ သန့်ရှင်းခြင်းမရှိသောသူ၊ ပကတိကြင်နာစုံမက်ခြင်းနှင့်ကင်းသောသူ၊ ရန်ငြိုးဖွဲ့သောသူ၊ ချောစားတတ်သောသူ၊ ကိုယ်ဣန္ဒြေကိုမချုပ်တည်းနိုင်သောသူ၊ ပြင်းထန်သောသူ၊ သူတော်ကောင်းကိုမုန်းသောသူ၊ သစ္စာကိုဖျက်တတ်သောသူ၊ သတိပေးခြင်းကိုမခံသောသူ၊ မာန်မာနနှင့်ယစ်မူးသောသူ၊ ဘုရားသခင်ကိုနှစ်သက်သည်ထက် ကာမဂုဏ်ခံစားခြင်းကိုသာ၍နှစ်သက်သောသူ၊ ဘုရားဝတ်၌မွေ့လျော်ယောင်ဆောင်၍ မွေ့လျော်ခြင်းတန်ခိုးကို ငြင်းပယ်သောသူဖြစ်ကြလိမ့်မည်။”—၂ တိမောသေ ၃:၁-၅။

‘နောက်ဆုံးသောနေ့ရက်များ’ နှင့်ပတ်သက်သော သမ္မာကျမ်းစာပရောဖက်ပြုချက်သည် ကျွန်ုပ်တို့ခေတ်၌ပြည့်စုံပြီးဖြစ်သော ပရောဖက်ပြုချက်များမှ တစ်ခုမျှသာဖြစ်သည်။ ဘုရားသခင့်နှုတ်ကပါဌ်တော်က ယေရှုရောက်ရှိခြင်းဆိုင်ရာ “နိမိတ်” တွင် ကမ္ဘာစစ်၊ အစာငတ်မွတ်ခေါင်းပါးမှုများ၊ ကပ်ရောဂါများ၊ မြေငလျင်လှုပ်မှုများနှင့် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို ကမ္ဘာချီဟောပြောခြင်းတို့ပါဝင်မည်ဟု တင်ကူးပြောထားသည်။—မဿဲ ၂၄:၃-၁၄; လုကာ ၂၁:၁၁။

ခြွင်းချက်မရှိတိကျမှန်ကန်သော ဘုရားသခင့်ကတိတော်များသည် လွန်ခဲ့သည့်ရာစုနှစ်များက ကျမ်းရေးသူတစ်ဦးကို ဤသို့ဖော်ပြရန်လှုံ့ဆော်ခဲ့သည်– “သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် သင်တို့အဖို့မိန့်တော်မူသော ကောင်းကျိုးတစ်စုံတစ်ပါးမှ မယုတ်မလျော့၊ အကုန်အစင်ပြည့်စုံကြောင်းကို သင်တို့သည်စိတ်နှလုံးထဲမှာသိကြ၏။”—ယောရှု ၂၃:၁၄။

ဘုရားသခင့်ကတိတော်အားလုံး မကြာမီပြည့်စုံလာမည်ကို ကျွန်ုပ်တို့စိတ်ချနိုင်ပါသည်။ ဘုရားသခင့်နိုင်ငံတော်သည် ဖျားနာခြင်း၊ ရာဇဝတ်မှု၊ မူးယစ်ဆေးဝါးစွဲခြင်း၊ ငတ်ပြတ်မှုနှင့်စစ်တို့ကို အဆုံးတိုင်စေပြီး—ကမ္ဘာတစ်ဝန်းလုံးကို ပရဒိသုဖြစ်လာစေမည်။ (ဆာလံ ၃၇:၁၀၊ ၁၁၊ ၂၉; ဗျာဒိတ် ၂၁:၃၊ ၄) သင်သည် ဤပရောဖက်ပြုချက်ပြည့်စုံမှုကို ယုံကြည်စိတ်ချနိုင်ပါသည်! ယင်းသည် “မုသာနှင့်ကင်းစင်တော်မူသော” ကျွန်ုပ်တို့၏ဖန်ဆင်းရှင်ထံမှ လာသည်။—တိတု ၁:၁; ဟေဗြဲ ၆:၁၃-၁၉ နှိုင်းယှဉ်။

[Picture Credit Line on page 32]

Cleveland State University Archive

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ