ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၇ ၉/၁ စာ. ၃၂
  • သင့်ဘဝခရီးကို လမ်းညွှန်ပေးမည့်မီးအိမ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင့်ဘဝခရီးကို လမ်းညွှန်ပေးမည့်မီးအိမ်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
က၉၇ ၉/၁ စာ. ၃၂

သင့်ဘဝခရီးကို လမ်းညွှန်ပေးမည့်မီးအိမ်

“အိုထာဝရဘုရား၊ လူသည်မိမိသွားရာလမ်းကို အစိုးမရ။ သွားစဉ်အခါ မိမိခြေရာတို့ကို မစီရင်တတ်သည်ကို အကျွန်ုပ်သိပါ၏။” (ယေရမိ ၁၀:၂၃) ဤစကားများအားဖြင့် ပရောဖက်ယေရမိက လူသားများသည် အကူအညီမပါဘဲ မိမိတို့၏ဘဝခရီးကို အောင်မြင်စွာမလျှောက်လှမ်းနိုင်ကြောင်း ဖော်ပြသည်။ ထိုအကူအညီကို မည်သည့်နေရာ၌ ရှာတွေ့ နိုင်သနည်း။ ယေဟောဝါထံဆုတောင်းရာ၌ ဆာလံဆရာက ဤသို့အဖြေပေးခဲ့သည်– “နှုတ်ကပါဌ်တော် [မြွတ်စကား] တော်သည် အကျွန်ုပ်ခြေရှေ့မှာ မီးခွက်ဖြစ်၍၊ အကျွန်ုပ်လမ်းခရီးကို လင်းစေပါ၏။”—ဆာလံ ၁၁၉:၁၀၅။

ဘုရားသခင့်နှုတ်ကပါဌ်တော်၊ သန့်ရှင်းသောသမ္မာကျမ်းစာကိုလေ့လာ၍ ယင်း၏ဖော်ပြချက်အတိုင်း လက်တွေ့ကျင့်သုံးသောသူသည် နံနက်စောစော ခရီးစတင်ထွက်ခွာသူနှင့်တူပေမည်။ ပထမတွင် အမှောင်သန်းနေသေးသောကြောင့် ကောင်းစွာမမြင်နိုင်သေးချေ။ သို့သော် နေထွက်လာသည်နှင့်အမျှ တဖြည်းဖြည်းပို၍ သူမြင်ရသည်။ နောက်ဆုံး သူ၏ဦးခေါင်းတည့်တည့်သို့ နေရောက်လာသည်။ သူသည် အရာရာကိုရှင်းလင်းပြတ်သားစွာ မြင်ရလေသည်။ ယင်းဥပမာသည် သမ္မာကျမ်းစာပါ နယပုံပြင်ကျမ်းမှ ဤစကားများကိုသတိရစေသည်– “ဖြောင့်မတ်သောသူ၏လမ်းသည် တက်သောအရုဏ်ကဲ့သို့ဖြစ်၍၊ နေထွက်သည်တိုင်အောင် တိုးပွားထွန်းလင်းတတ်၏။”—သု. ၄:၁၈။

ဘုရားသခင့်လမ်းညွှန်မှုကို ငြင်းပယ်သူများကော မည်သို့နည်း။ သမ္မာကျမ်းစာက “မတရားသောသူတို့၏လမ်းမူကား၊ မှောင်မိုက်ကဲ့သို့ဖြစ်၍၊ သူတို့သည်လဲသောအခါ၊ အဘယ်အရာကိုတိုက်မိသည်ဟုမသိရကြ” ဟုဆိုထားသည်။ (သု. ၄:၁၉) မှန်ပေသည်၊ ဆိုးသွမ်းသောသူများသည် အမှောင်ထဲ၌ ခလုတ်တိုက်မိ၍ လဲသောသူနှင့်တူသည်။ သူတို့၏အောင်မြင်ဟန်ရှိသောအရာသည် ခဏတစ်ဖြုတ်သာ နှစ်လိုဖွယ်ဖြစ်သည်၊ အကြောင်းမှာ “ယေဟောဝါနှင့်ဆန့်ကျင်ဘက်၌ ဉာဏ်ပညာဟူသည်မရှိ၊ ပိုင်းခြားသိမြင်မှုတစ်စုံတစ်ရာမျှမရှိ၊ အကြံဉာဏ်တစ်စုံတစ်ရာမျှမရှိ” သောကြောင့်ပင်။—သု. ၂၁:၃၀၊ ကဘ။

ထို့ကြောင့် ဘုရားသခင့်နှုတ်ကပါဌ်တော်၊ သမ္မာကျမ်းစာ၏လမ်းညွှန်မှုကို လိုက်နာပါလေ။ ထိုသို့လိုက်နာပါက နယပုံပြင် ၃:၅၊ ၆ မှ “ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ကိုးစားလော့။ ကိုယ်ဉာဏ်ကိုအမှီမပြုနှင့်။ သွားလေရာရာ၌ ထာဝရဘုရားကိုမျက်မှောက်ပြုလော့။ သို့ပြုလျှင် သင်၏လမ်းခရီးတို့ကို ပဲ့ပြင်တော်မူမည်” ဟူသောစကားမှန်ကန်ကြောင်းကို သင်တွေ့ ရှိရပါလိမ့်မည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ