သူတို့သည် နာဇီနှိပ်စက်ညှဉ်းပန်းခြင်းကြား ခိုင်မြဲစွာရပ်တည်ခဲ့ကြ
နာဇီဂျာမနီရှိ ရဲရင့်သော သမာဓိရှိယေဟောဝါသက်သေများသည် ခရစ်ယာန်ဘောင်ချာ့ချ်များ၏ရပ်တည်မှုနှင့် လားလားမှမတူရာတွင် သိသာထင်ရှားသည်။ ယင်းအချက်ကိုသမိုင်းပါမောက္ခ ဂျွန်ဝစ်က သူ၏ သေခြင်းသဘောတရား စာအုပ်၌ မှတ်သားထားသည်။ သူဤသို့ရေးသည်–
“၁၉၃၄ ၌ဧဝံဂေလိချာ့ချ်က နာဇီကို ‘လူသရင်များကကြိုဆို’ ရမည်ဖြစ်ပြီး ‘ဘာသာတရားကိုင်းရှိုင်း၍ ယုံကြည်စိတ်ချလောက်သော သခင်အရှင်တစ်ပါးကို’ ဂျာမန်လူမျိုးတို့အား ပေးသနားထားသည့်အတွက် ‘သခင်ဘုရား’ အားကျေးဇူးတင်ရမည်ဟု အခိုင်အမာပြောခဲ့သည်။’ . . . ပရိုတက်စတင့်ဘိရှော့က ‘[ဟစ်တလာ] ကို ကျွန်ုပ်တို့ထံ ဘုရားသခင်စေလွှတ်’ လိုက်သည်ဟု ၎င်း၏ဓမ္မဆရာများထံ ရေးသားခဲ့သည်။” ဝစ်ကဆက်၍– “ဂျာမန်မက်သဒစ်ချာ့ချ်နှင့် ဘိရှော့ဒီဘဲလ်ယပ်စ်သည် ဟစ်တလာက ဂျာမနီကို ဖြစ်တော့မည့်ဘော်လ်ရှီဗစ်တော်လှန်ရေးမှကယ်တင်ပြီး ငြိမ်သက်ခြင်းနှင့်တည်ငြိမ်မှုကို ဆောင်ကြဉ်းပေးသည်ဟူသည့်အဆိုကို သဘောတူကြသည်။ . . . မော်မန်ချာ့ချ်သည် ၎င်း၏အသင်းသားများအား ဟစ်တလာကိုဆန့်ကျင်ခြင်းသည် မော်မန်ဥပဒေကို ချိုးဖောက်ခြင်းဖြစ်သည်ဟု အသိပေးခဲ့သည်။” သူကထပ်၍ ဤသို့ဖြည့်စွက်သည်– “နိုင်ငံတော်သစ်ကိုနာခံရန်မှာ မြင့်မြတ်သောတာဝန်ဖြစ်ကြောင်း . . . ပြောခဲ့ပြီး အရှေ့အရပ်တွင်ဖြစ်ပျက်ခဲ့သည့် ကြောက်မက်ဖွယ်ရာအပြည့်အစုံကို ဓမ္မဆရာများသိသည့်နောက်၌ပင် ယင်းတာဝန်ကိုလုံးဝမပျက်ကွက်ခဲ့ချေ။”
သို့သော် ယေဟောဝါသက်သေများကော မည်သို့နည်း။ ပါမောက္ခဝစ်က “အုပ်စုတစ်ခုအနေနှင့် ယေဟောဝါသက်သေများသာ နာဇီကိုတွန်းလှန်သူများဖြစ်သည်။” သူတို့အထဲမှ ထောင်နှင့်ချီသောသူများအကျဉ်းချခံရကြသည်၊ ပါမောက္ခဝစ်ကဆက်၍ “အကယ်ဆိုလျှင် ချွေးတပ်စခန်းသို့အပို့ခံရသော မည်သည့်သက်သေခံမဆို သူ သို့မဟုတ် သူမ၏ယုံကြည်ချက်ကို စွန့်လွှတ်ကြောင်း စာရွက်ပေါ်တွင်လက်မှတ်ထိုးရုံမျှဖြင့် လွတ်မြောက်နိုင်သည်” ဟုထောက်ပြခဲ့သည်။
ယေဟောဝါသက်သေများ၏ သမာဓိနှင့်ပတ်သက်ပြီး ပါမောက္ခဝစ်က ဤသို့မှတ်ချက်ချသည်– “သူတို့၏ပုံသက်သေက ခရစ်ယာန်ဘာသာကို အခြေတကျမဖွဲ့စည်းမီနှင့် လူ့ရေးရာများတွင်ပါဝင်စွက်ဖက်ခြင်းက အလျှော့ပေးလိုက်လျောခြင်းမရှိသောအသက်တာဖြင့် နေထိုင်ရန်ဆန္ဒကိုမလွှမ်းမိုးမီက အစောပိုင်းခရစ်ယာန်ဘာသာ၌ရှိသော သူမတူသည့်ခေါင်းမာမှုနှင့် သူရဲကောင်းအစွမ်းကို ပုံဖော်ပြသည်။ ပရိုတက်စတင့်ဓမ္မဆရာတစ်ဦး သူတို့နှင့်ပတ်သက်၍ရေးသကဲ့သို့ ‘ချာ့ချ်ကြီးများကမတွန်းလှန်ဝံ့ဘဲ ဤသွားပုပ်လေလွင့်အပြောခံရ၍ လှောင်ပြောင်ခံရသောသူများသာ နာဇီ . . . များ၏ ပြင်းထန်သောဒေါသကို ပထမဆုံးကြံ့ကြံ့ခံဆန့်ကျင်ကာ သူတို့၏ယုံကြည်ချက်နှင့်အညီ တွန်းလှန်ဝံ့သူများဖြစ်ကြသည်။’”