ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၇ ၇/၁၅ စာ. ၃၂
  • “သမ္မာတရားရတနာများ”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “သမ္မာတရားရတနာများ”
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
က၉၇ ၇/၁၅ စာ. ၃၂

“သမ္မာတရားရတနာများ”

“သမ္မာတရားရတနာများ။” ယေဟောဝါသက်သေများ၏ နိုင်ဂျီးရီးယားဌာနခွဲရုံးသို့ ရောက်ရှိလာသောစာတစ်စောင်သည် အထူးမဂ္ဂဇင်းနှစ်စောင်နှင့်ပတ်သက်၍ ယင်းသို့ဖော်ပြထားသည်။ စာရေးသူလူငယ်က ဤသို့ရှင်းပြခဲ့သည်–

“ကင်းမျှော်စင် နဲ့ နိုးလော့! မဂ္ဂဇင်းတွေအားဖြင့် နေ့စဉ်ဘဝအသက်တာကဏ္ဍအသီးသီးနီးပါးကို ပြုစုထားတဲ့ သင်တို့ရဲ့ကြိုးစားအားထုတ်မှုတွေကို ရိုးသားစွာကျေးဇူးတင်ရှိကြောင်း ကျွန်တော်စာရေးလိုက်ပါတယ်။

“ကျွန်တော့်အသက် ၁၇ နှစ်ဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်က ဒေသခံအသံလွှင့်ဌာနတစ်ခုမှာ ‘မေတ္တာတွင် လိင်ထက်မကပါဝင်—အေအိုင်ဒီအက်စ်သည် အဖြစ်မှန်’ ဆိုတဲ့အဓိကအချက်အပေါ်မူတည်ပြီး စာစီစာကုံးပြိုင်ပွဲတစ်ခု ကျင်းပခဲ့တယ်။ စာစီစာကုံးတိုင်းဟာ စာလုံးရေ လေးရာထက် မနည်းစေရပါဘူး။ အကောင်းဆုံးစာစီစာကုံးအတွက် နိုင်ရာ ၁,၀၀၀ [ယူအက်စ် ၁၂.၅၀ ဒေါ်လာ] ချီးမြှင့်မှာဖြစ်ပါတယ်။ လူတွေဟာ ဆုရဖို့လောက်သာမဟုတ်ဘဲ တစ်စုံတစ်ရာကို သင်ယူဖို့ ရေးသင့်တယ်ဆိုပြီး သူတို့ပြောခဲ့တယ်။ . . ။

“မဂ္ဂဇင်းနှစ်မျိုးစလုံးထဲမှာ အေအိုင်ဒီအက်စ်နဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ကျွန်တော်တွေ့ ရှိခဲ့တယ်။ မေတ္တာနဲ့ပတ်သက်တဲ့ဆောင်းပါးတွေ မကုန်နိုင်မခန်းနိုင်အောင် အများကြီးရှိပါတယ်။ ၁၉၇၈ ခုနှစ်၊ ဩဂုတ် ၈ ရက်နေ့ထုတ် (လိပ်) နိုးလော့! ကနေ အချက်အလက်တွေကို အသုံးပြုခဲ့ပါတယ်။

“ကျွန်တော့်စာစီစာကုံးပို့ပြီး နှစ်လလောက်မှာ အဖြေထွက်ခဲ့ပါတယ်။ ခရော့စ်ရေဗားနဲ့အားခ်ဝါးအီးဘက်မ်ပြည်နယ်မှာ ကျွန်တော်ပထမရရှိတဲ့အတွက် အံ့ဩသွားတယ်!

“အချက်အလက်တွေအားလုံးကို မဂ္ဂဇင်းတွေကနေ ကျွန်တော်အသုံးပြုခဲ့တာဖြစ်တယ်။ ဒီလို ဒုက္ခမြားမြောင်ပြီး စာရိတ္တပျက်ပြားနေတဲ့ကမ္ဘာကြီးမှာ ယေဟောဝါဟာ ကျွန်တော်တို့အတွက် အကြောင်းအရာတွေကို အချိန်မီထောက်ပံ့ပေးတာ တကယ့်ကိုထူးမြတ်လှပါတယ်။ ခရစ်ယာန်စစ်တွေဖြစ်တဲ့ ကျွန်တော်တို့အနေနဲ့ ချစ်ခြင်းမေတ္တာမှာ လိင်ထက်မက ပိုမိုပါဝင်တယ်ဆိုတာသိရှိကြတယ်။ သန့်ရှင်းစင်ကြယ်၊ ကိုယ်ကျင့်ကောင်းမွန်တဲ့ဘဝဟာ ကျွန်တော်တို့ကို အေအိုင်ဒီအက်စ်လို ရောဂါတွေကနေ တကယ်ပဲကာကွယ်ပေးပါတယ်။

“သင်တို့ မမောနိုင်မပန်းနိုင်ထုတ်ဝေတဲ့ သမ္မာတရားရတနာတွေအတွက် ကျေးဇူးတင်စိတ်တားဆီးလို့ကို မရနိုင်အောင်ဖြစ်ရတယ်။ တန်ဖိုးရှိလှတဲ့ဒီမဂ္ဂဇင်းတွေအဆက်မပြတ်ထုတ်ပေးစဉ် သင်တို့ရဲ့ကြိုးစားအားထုတ်မှုကို ယေဟောဝါဆက်လက်ကောင်းချီးပေးပါစေ။”

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ