ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၇ ၇/၁၅ စာ. ၃
  • အပြစ်ကို သင်မည်သို့ ရှုမြင်သနည်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အပြစ်ကို သင်မည်သို့ ရှုမြင်သနည်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • ဆင်တူတဲ့ အကြောင်းအရာ
  • အပြစ်မရှိတော့သည့်အခါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • အပြစ်နှင့်ပတ်သက်သော လူတို့၏သဘောထားကို အဘယ်အရာက ပြောင်းလဲစေခဲ့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
  • အပြစ်ကိုသင်မည်သို့ရှုမြင်သနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • အပြစ်ကင်းမဲ့သည့်ကမ္ဘာ—မည်သို့အားဖြင့်နည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
က၉၇ ၇/၁၅ စာ. ၃

အပြစ်ကို သင်မည်သို့ ရှုမြင်သနည်း

အမွေခံရသောအပြစ် အယူဝါဒကို ထုံးတမ်းစဉ်လာအရ သွန်သင်ပေးလေ့ရှိသော ယုဒ-ခရစ်ယာန်ဘာသာတရားများ၌ပင် အပြစ်နှင့်ပတ်သက်သောသဘောထားသည် ပြောင်းလဲနေပါသည်။ ယနေ့ မိမိတို့ကိုယ်ကိုအပြစ်မရှိဟု ယူမှတ်သူများ သာ၍သာ၍များလာသည်။

“ယခုခေတ်အသိစိတ်က ကိုယ်ကျင့်ဆိုင်ရာ ကဲ့ရဲ့ရှုတ်ချမှုကို အားမပေးပါ; အထူးသဖြင့် မိမိကိုယ်ကိုကဲ့ရဲ့ရှုတ်ချမှုကို အားမပေးပါ” ဟူ၍ ဓမ္မပညာရှင် ကော်နေလိယက်စ် ပလဲန်တင်ငါ ဂျူနီယာကဆိုသည်။ ခရစ်ယာန်ဘောင်ချာ့ချ်များသည် အပြစ်ကို အသေးအဖွဲဖြစ်အောင်လုပ်သည့် ကိစ္စနှင့်ပတ်သက်၍ တစ်စိတ်တစ်ဒေသအပြစ်တင်ခံထိုက်သည်။ “အပြစ်အကြောင်းကြားချင်ရင် ချာ့ချ်ကိုမသွားပါနဲ့” ဟုတက္ကသိုလ်ဓမ္မဆရာတစ်ဦးက ဆိုသည်။ ပလဲန်တင်ငါ၏အဆိုအရ အချို့သောချာ့ချ်များတွင် အပြစ်ကို လူမှုအရေးကိစ္စနှင့်ပတ်သက်၍သာ ပြောဆိုလေ့ရှိကြ၏။

မျက်မှောက်ခေတ် လူမှုရေးအတိဒုက္ခ အမြောက်အမြားရှိနေသည်မှာ မငြင်းသာပေ။ အကြမ်းဖက်မှု၊ ရာဇဝတ်မှု၊ စစ်ပွဲများ၊ လူမျိုးရေးပဋိပက္ခ၊ မူးယစ်ဆေးဝါးအလွဲသုံးခြင်း၊ မရိုးသားမှု၊ နိုင်ထက်စီးနင်းပြုခြင်းနှင့် ကလေးသူငယ်များကို မတရားပြုကျင့်ခြင်းတို့သည် နေရာအနှံ့ဖြစ်ပျက်နေသည်။ အမှန်ဆိုလျှင် ဤ ၂၀ ရာစုသည် လူသားတို့ကြုံခဲ့ဖူးသမျှတွင် သွေးချောင်းအစီးဆုံး ရာစုနှစ်တစ်ခုအဖြစ် နာမည်ရထားသည်။ ဖျားနာမှု၊ အသက်အရွယ်အိုမင်းခြင်းနှင့် သေခြင်းတို့ကြောင့် ဖြစ်ပေါ်လာသော နာကျင်မှုနှင့် ဒုက္ခဆင်းရဲခြင်းတို့က ထပ်ဆင့်လိုက်ပါလာသည်။ ယနေ့ ကမ္ဘာပေါ်ရှိ များပြားလှသောပြဿနာများမှ လွတ်မြောက်ခြင်းကို မည်သူမတောင့်တဘဲနေမည်နည်း။

သို့ဆိုလျှင် အပြစ်နှင့်ပတ်သက်၍ သင်၏ရှုမြင်ပုံကော မည်သို့နည်း။ အပြစ်သည် အမွေခံရသည့်အရာလော။ နာကျင်မှုနှင့် ဒုက္ခဆင်းရဲခြင်းမှ ကျွန်ုပ်တို့ လွတ်မြောက်ပါဦးမည်လော။ လာမည့်ဆောင်းပါးက ဤမေးခွန်းများကို ဆွေးနွေးသုံးသပ်ပါမည်။

“အသင်၌ အပြစ်မရှိ၊ အသင်၌ ပူပင်သောကမရှိ; အသင်သည် မကုန်ခန်းနိုင်သော အစွမ်းတန်ခိုးနှင့် ပြည့်စုံပါပေသည်။” ထင်ရှားကျော်ကြားသော ဟိန္ဒူဒဿနိကပညာရှင် ဗီဗာကနန်ဒါက ဗာကဗတ်ဂီတာခေါ် ဟိန္ဒူကျမ်းစာအုပ်မှ စာပိုဒ်တစ်ပိုဒ်ကိုရှင်းပြစဉ် အထက်ပါအတိုင်း ဖော်ပြခြင်းဖြစ်သည်။ သူက ဗေတန်ဒါးကျမ်းကိုကိုးကား၍ ဤသို့ရှင်းပြသည်– “သင်သည် အားနည်းသည်၊ သင်သည် အပြစ်သားဖြစ်သည်ဟု ဆိုခြင်းသည် မဟာအမှားဖြစ်၏။”aသို့သော် လူ၌အပြစ်မရှိဟုဆိုခြင်းသည် မှန်ပါသလော။ လူတစ်ဦးမွေးဖွားသည့်အခါ တစ်စုံတစ်ခုကို အမွေရသည်ဆိုလျှင် မည်သည့်အရာကို အမွေခံရသနည်း။ ဟိန္ဒူအတွေးအခေါ်ရှင် နီခီလန်းနတ်က “ကာယရေးဆိုင်ရာ အရည်အသွေးများကိုသာ မျိုးရိုးဗီဇနှင့်အဆုံးအဖြတ်ပေး” သည်ဟုဆိုသည်။ အခြားစရိုက်လက္ခဏာများကို “အတိတ်ဘဝလုပ်ရပ်များ” ကပြင်ဆင်ပေးသည်။ ဗီဗာကနန်ဒါ၏အဆိုအရ “သင်သည် သင့်ကံကြမ္မာ၏ ဖန်တီးရှင်ဖြစ်သည်။” ဟိန္ဒူအယူဝါဒသည် မွေးရာပါအပြစ်အကြောင်း တစ်လုံးတစ်ပါဒမျှ မသွန်သင်ပါ။ဇိုရိုဝက်စ္စထရီယန်ဘာသာဝင်၊ ရှင်တိုဘာသာဝင်၊ ကွန်ဖြူးရှန်းဘာသာဝင် . . . များကြား၌လည်း အမွေခံရသောအပြစ်ကို ယုံကြည်လက်ခံမှုမရှိပေ။

[အောက်ခြေမှတ်ချက်များ]

a ဗေတန်ဒါးအတွေးအခေါ်သည် ဗေတာဟုခေါ်သည့် ဟိန္ဒူကျမ်းစာစောင်များ၏ နောက်ဆုံးတွင်ပါသော အူပါနေရှပ်အပေါ် အခြေပြုထားသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ