ယေဟောဝါသက်သေတစ်ဦး ရောက်လာသောအခါ
ယဟောဝါသက်သေတစ်ဦး မိမိတို့၏အိမ်သို့ရောက်လာသောအခါ [ချာ့ချ်အသင်းဝင်များ] အနေဖြင့် ဘာလုပ်သင့်သနည်း။ အီတာလျံ ဘုန်းတော်ကြီးများ ညီလာခံ၏ နေရှင်နယ်လ် ကက်တီကစ်စတစ် ဗျူရိုမှ မကြာသေးမီကထုတ်ဝေထားသည့် စာအုပ်၌ ဖော်ပြထားသည်မှာ– “စကားပြောဆိုခြင်းကို ညင်သာစွာဖြင့် ခိုင်ခိုင်မြဲမြဲငြင်းဆိုခြင်းသည် ဤကိစ္စတွင် ယင်းသည် ထောက်ထားညှာတာမှုကင်းမဲ့ရာ မရောက်ပါ” ဟူ၍ဖြစ်သည်။
အီတလီနိုင်ငံ၊ ဖိုဂီယာမြို့ရှိ အမျိုးသားတစ်ဦးမှ ဂါဇက်တာ ဒဲလ် မက်ဇိုဂျီအိုရ်နို နေ့စဉ်သတင်းစာသို့ ပေးပို့သည့်စာတွင် [ချာ့ချ်အသင်းဝင်တိုင်း] သဘောတူညီကြခြင်းမရှိကြောင်းကို ဖော်ပြသည်။
“ကျွန်ုပ်သည် ယေဟောဝါသက်သေတစ်ဦးမဟုတ်ပါ။ ချာ့ချ်အသင်းဝင်တစ်ဦးဖြစ်ပါသည်။ သို့သော် ချာ့ချ်က သတ်မှတ်ထားသောစည်းမျဉ်းများအားဖြင့် အသင်းသားများအပေါ် သူတို့၏တံခါးဝတွင် ယေဟောဝါသက်သေများသည်းခံပါ ဟူသည့် အသိပေးစာကို ကပ်ထားရန်တင်းတင်းကျပ်ကျပ်တောင်းဆိုခြင်းကို ကျွန်ုပ်အနေဖြင့်အံ့ဩ၍မဆုံးပါ။ အမှန်မှာ သူတို့သည် ဘုရားသခင့်နှုတ်ကပါဌ်တော်ကိုသာ ဟောပြောပြီး၊ အခြားသူများအား နက်နဲသောသမ္မာကျမ်းစာအသိပညာကို ရရှိရန်ကူညီပေးကြသည်။ အီတလီတွင်ဝမ်းရောဂါဖြစ်ချိန်က ကူးစက်ခြင်းမဖြစ်ရလေအောင် အကြံပြုချက်ပေးခဲ့သောကာလကို ကျွန်ုပ်သတိရမိသည်။
“ကျွန်ုပ်အမြင်အရ ချာ့ချ်သည် အသင်းသားများ၏ဆန္ဒကို ထည့်သွင်းမစဉ်းစားဘဲ ကိုယ်ပိုင်ဥပေဒေများချမှတ်ကြောင်း ယင်းကဖော်ပြသည်။ သို့သော် နှစ်အချို့ကြာလာသော ယခုအချိန်တွင် ချာ့ချ်အသင်းဝင်များပင်လျှင် တစ်အိမ်မှတစ်အိမ်သွားကြရာ ယေဟောဝါသက်သေများ၏အိမ်သို့လည်း ရောက်ရှိကြသည်; သူတို့သည် မည်သူ့ကိုမျှနှင်မထုတ်ဘဲ အိမ်ထဲသို့ခေါ်ဖိတ်ကာ ထိုသူများနှင့်စကားဖောင်ဖွဲ့ကြသည်။”
ယေဟောဝါသက်သေများသည် မိမိတို့၏သတင်းတရားကို လူတို့လက်ခံရန် အတင်းအကျပ်မတိုက်တွန်းပါ။ ယင်းအစား ဤခက်ခဲဒုက္ခဆင်းရဲလှသောကာလတွင် သူတို့ကိုယ်တိုင်နှစ်သိမ့်မှု ရရှိခဲ့ကြသည့် ဘုရားသခင့်နှုတ်ကပါဌ်တော်တွင် ဖော်ပြထားသောမျှော်လင့်ချက်ကို အခြားသူများအားဝေမျှရန် ကြိုးစားအားထုတ်ကြသည်။ တစ်အိမ်မှတစ်အိမ် သွားခြင်းအားဖြင့်လည်းကောင်း၊ လမ်းပေါ်တွင်တွေ့ဆုံသူများနှင့် စကားစမြည်ပြောဆိုခြင်းအားဖြင့်လည်းကောင်း ယေဟောဝါသက်သေများသည် နားထောင်လိုသူများအား ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို ဝေမျှပေးကြသည်။—မဿဲ ၂၄:၁၄; တမန်တော် ၅:၄၂; ၁၇:၁၇။