ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၇ ၅/၁၅ စာ. ၂၉
  • ‘သူတို့၏ဘာသာကို လက်တွေ့ကျင့်ကြသည်’

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ‘သူတို့၏ဘာသာကို လက်တွေ့ကျင့်ကြသည်’
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • ဆင်တူတဲ့ အကြောင်းအရာ
  • “ရိုးသားတဲ့ လုပ်ရပ်လေးတစ်ခု”
    တွေ့ကြုံမှုများ
  • ‘ရိုးသားသူများကို ကျွန်ုပ်တို့လိုအပ်’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
က၉၇ ၅/၁၅ စာ. ၂၉

‘သူတို့၏ဘာသာကို လက်တွေ့ကျင့်ကြသည်’

ယူ.အက်စ်.အေ.၊ ဖလောရီဒါပြည်နယ်၊ မီယာမီမြို့မှ အမျိုးသမီးတစ်ဦးသည် အောက်ပါစာတစ်စောင်ကို ဒေသခံသတင်းစာဌာနတစ်ခုသို့ ရေးပို့ခဲ့သည်– “ဒီဇင်ဘာ ၁၀ ရက်နေ့၊ ပျံကျဈေးတစ်ခုတွင် ကျွန်မသား၏ပိုက်ဆံအိတ် ခါးပိုက်နှိုက်ခံခဲ့ရပါသည်။ ၎င်းတွင် သူ၏မော်တော်ကားလိုင်စင်၊ လူမှုဖူလုံရေးကတ်ပြား အစရှိသည်တို့အပြင် ဒေါ်လာ ၂၆၀ လည်းပါရှိသည်။

“ခါးပိုက်နှိုက်ခံရကြောင်း မန်နေဂျာအား တိုင်ကြားပြီးနောက် သူအိမ်ပြန်လာသည်။ ညနေ အစောပိုင်းတွင် စပိန်စကားပြောသော အမျိုးသမီးတစ်ဦးက သူ့ထံဖုန်းဆက်၍ ပိုက်ဆံအိတ်ကိုတွေ့ ရှိထားကြောင်း စကားပြန်ပေးသူ [တယ်လီဖုန်း] အော်ပရေတာမှတစ်ဆင့် အကြောင်းကြားပါသည်။

“သူမက သူမ၏လိပ်စာကိုပေးသည်။ . . . ဒေါ်လာ ၂၆၀ အပါအဝင် အဘယ်စာရွက်စာတမ်းမျှမပျောက်ဘဲ သား၏ပိုက်ဆံအိတ်ကို သူမပြန်ပေးပါသည်။

“သား၏ပိုက်ဆံအိတ် အနှိုက်ခံရသည်ကို သူမတွေ့လိုက်၍ အော်ခဲ့ရာ ခါးပိုက်နှိုက်သည် အိတ်ကိုပစ်ပြီး ထွက်ပြေးခဲ့ပါသည်။ ကျွန်မသားကို သူရှာမတွေ့တော့၍ ပိုက်ဆံအိတ်ကို အိမ်ပြန်ယူသွားပြီး ဖုန်းဆက်ခဲ့ခြင်းဖြစ်သည်။

“သူမနှင့် သူမ၏မိသားစုသည် ယေဟောဝါသက်သေများ ဖြစ်ကြပါသည်။ သူတို့သည် သူတို့၏ဘာသာကို လက်တွေ့ကျင့်ကြသည်ကား အမှန်ထင်ရှားပါသည်။”

ယေဟောဝါသက်သေများသည် လူတို့၏ချီးမွမ်းခြင်းကိုခံလို၍ ရိုးသားမှုတင်ပြကြခြင်းမဟုတ်ပါ။ (ဧဖက် ၆:၇) ထိုသို့ဖြစ်မည့်အစား သူတို့၏ကောင်းကင်ခမည်းတော် ယေဟောဝါ၏ဘုန်းတော်ကို အမှန်ထင်ရှားစေလိုကြသည်။ (၁ ကောရိန္သု ၁၀:၃၁) ဘုရားသခင်ကိုလည်းကောင်း၊ ကိုယ်နှင့်စပ်ဆိုင်သောသူကိုလည်းကောင်း သူတို့ချစ်ခြင်းက ဘုရားသခင့်နိုင်ငံတော် “သတင်းကောင်း” ကိုကြွေးကြော်ရန် သူတို့အား တိုက်တွန်းပေးပါသည်။ (မဿဲ ၂၄:၁၄) ဘုရားသခင့်နိုင်ငံတော်အားဖြင့် ကမ္ဘာမြေကြီးကို လှပသောပရဒိသုဖြစ်စေမည်ဟု ဘုရားသခင်ကတိထားတော်မူသည်။ ထိုအခါ မြေကြီးသည် ပကတိအလှကျက်သရေနှင့်ပြည့်စုံမည်သာမက ရိုးသားမှု အစဉ်ရှိမည့် ဖြောင့်မတ်ခြင်းတရားတည်ရာအရပ်လည်း ဖြစ်လာပါလိမ့်မည်။—ဟေဗြဲ ၁၃:၁၈; ၂ ပေတရု ၃:၁၃။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ