‘ရိုးသားသူများကို ကျွန်ုပ်တို့လိုအပ်’
ရိုးသားမှုသည် ယနေ့ကမ္ဘာပေါ်တွင် မရှိသလောက်ရှားပါးလှပေသည်။ သို့တိုင် ခရစ်ယာန်တို့အတွက် ယင်းသည် အခြေခံလိုအပ်ချက်တစ်ခုဖြစ်သည်။ ပေါလုက “ငါတို့သည် အခါခပ်သိမ်း မှန်ရာကိုသာပြုလုပ်ရန် ဆန္ဒရှိကြသောကြောင့်ဖြစ်၏” ဟုရေးသားထားသည်။ (ဟေဗြဲ ၁၃:၁၈၊ သတင်းကောင်း) ယင်းသည် အီတလီနိုင်ငံ၊ ဖာအံဇာမြို့မှ ဗဲလ်မာအမည်ရှိ ယေဟောဝါသက်သေတစ်ဦး ပြုလုပ်လိုရာဖြစ်သည်။
သူမ၏မြို့ရှိ ကုန်ပဒေသာဆိုင်တစ်ဆိုင်၏အပြင်ဘက်တွင် ငွေမြောက်မြားစွာပါသော ပိုက်ဆံအိတ်တစ်အိတ်ကို သူမကောက်ရသောအခါ ပိုင်ရှင်ထံပြန်ပေးနိုင်ရန် “တွေဝေဆုတ်ဆိုင်းနေခြင်းမရှိဘဲ” ရဲများထံသို့ပေးအပ်ခဲ့သည်ဟု အဲလ် ရက်စတို ဒဲလ် ကာလီနိုသတင်းစာက ဖော်ပြသည်။
မြို့တော်ဝန်က ဤအကြောင်းကိုကြားသောအခါတွင် ချက်ချင်းပင် ဗဲလ်မာထံကျေးဇူးတင်ကြောင်း စာတိုတစ်စောင်ပေးပို့ခဲ့သည်။ သူက “ဒီမြို့ရဲ့အမည်နာမအားဖြင့် ကျွန်ုပ်ဟာ သင့်ရဲ့တကယ်ကောင်းမွန်တဲ့လုပ်ရပ်ကို လှိုက်လှဲစွာကျေးဇူးတင်ပါတယ်။ ကျွန်ုပ်တို့ရဲ့ ခမ်းနားလှတဲ့ဖာအံဇာမြို့မှာ ကောင်းမွန်ပြီးရိုးသားတဲ့သူတွေ လိုအပ်နေတယ်” ဟုရေးသားထားသည်။
ကောင်းမွန်သောလုပ်ရပ်များကို လူသိများသည်ဖြစ်စေ၊ လူသိမများသည်ဖြစ်စေ ရိုးသားဖြောင့်မတ်ရန် ကျွန်ုပ်တို့အမြဲပင်ကြိုးပမ်းနေသင့်သည်။ သမ္မာကျမ်းစာ၌ အလေးအနက်တိုက်တွန်းထားသကဲ့သို့ပင် “သခင်ဘုရား၏ရှေ့တော်၌သာမက လူတို့၏ရှေ့၌လည်း လျောက်ပတ်မှန်ကန်သည့်အမှုကိုသာပြုရန် ရည် ရွယ်ချက်ရှိကြပါ၏။”—၂ ကောရိန္သု ၈:၂၁၊ သတင်းကောင်း။