နှစ်ပေါင်း ၄၀၃ နှစ်ကြာ ရောယှက်ပေါင်းသင်းမှုဒုက္ခကြုံနေရ
ဆွီဒင်နိုင်ငံရှိ ချာ့ချ်နှင့်နိုင်ငံတော်သည် နှစ်ပေါင်း ၄၀၀ ကျော်ကြာ ရင်းနှီးသောပေါင်းသင်းဆက်ဆံမှုတွင် ပျော်မွေ့ခဲ့ကြသည်။ ယခုအခါ ဘာသာရေးနှင့်အစိုးရများအကြား ရောယှက်ပေါင်းသင်းမှုသည် အားလျော့လာသည်။
လူသရင်အယူဝါဒကို နိုင်ငံတော်ဘာသာအဖြစ် ၁၅၉၃ ခုနှစ်တွင် ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ဆွီဒင်နိုင်ငံသားအားလုံးသည် ဗတ္တိဇံခံယူရသော အဖွဲ့ဝင်များဖြစ်ရသည်။ နှစ်အနည်းငယ်အကြာ ၁၈၅၀ ပြည့်လွန်နှစ်များအတွင်း ပြုပြင်မှုတစ်ခုပြုလုပ်သည်။ ဆွီဒင်နိုင်ငံသားများအတွတ် ဗတ္တိဇံခံဖို့မလိုအပ်တော့; သို့သော်ငြားလည်း လူသရင်ချာ့ချ်၏အဖွဲ့ဝင်များအဖြစ် ဆက်လက်ယူမှတ်ခံရဆဲဖြစ်သည်။ သို့နှင့် သူတို့အခွန်ဆောင်ပြီးသောဝင်ငွေ၏ ၁ ရာခိုင်နှုန်းကို ချာ့ချ်အား ထောက်ပံ့ဖို့နှင့် ချာ့ချ်က လူမှုရေးလုပ်ငန်းအချို့ လုပ်ဆောင်ပေးခြင်းအတွက် ကုန်ကျစရိတ်ကိုပေးရန် တောင်းဆိုသည်။ မကြာသေးမီက အခြားပြောင်းလဲမှု ဖြစ်ခဲ့သည်။ ၁၉၅၂ ခုနှစ်အစပိုင်းတွင် ဆွီဒင်နိုင်ငံသားများသည် ချာ့ချ်မှ တရားဝင်နုတ်ထွက်နိုင်သည်။ ထိုသို့အားဖြင့် ချာ့ချ်အားအဓိက ပေးဆောင်ရသည့်အခွန်မှ ကင်းလွတ်ခွင့်ရရှိသည်။
မကြာမီနှစ်များအတွင်းက လူသရင်ချာ့ချ်သည် ဆွီဒင်နိုင်ငံအပေါ် ၎င်း၏ထိန်းချုပ်နိုင်မှု လျော့နည်းလာသည်။ ဆွီဒင်နိုင်ငံတွင် အတည်တကျနေထိုင်သူများ၏ ၁၀ ရာခိုင်နှုန်းသည် ဂျူးများ၊ ကက်သလစ်များ၊ မွတ်စလင်များ ပါဝင်သည့် လူသရင်မဟုတ်သော ပြည်ပမှ ဝင်ရောက်လာသူများဖြစ်သောကြောင့် ယင်းသည် မလွှဲမရှောင်နိုင်သောကိစ္စဖြစ်သည်။ သို့ဖြင့် ၁၉၉၆ ခုနှစ်အစပိုင်းတွင် ဆွီဒင်နိုင်ငံသားများ၏ ၈၆ ရာခိုင်နှုန်းသာ လူသရင်ချာ့ချ်အသင်းသားဖြစ်ပြီး အရေအတွက် ဆက်လက်ကျဆင်းလာသည်။
ကြီးထွားလာသော လျစ်လျူရှုမှုသည် ချာ့ချ်နှင့်နိုင်ငံတော်အကြားကွဲမှုကို တွန်းအားပေးသည်။ ဘုရင်တစ်ပါးသည် လူသရင်ဖြစ်ဖို့ မလိုအပ်ကြောင်း ကြေညာထားခဲ့ပြီးဖြစ်ကာ လူသရင်မိဘက မွေးဖွားလာသောကလေးတို့သည် လူသရင်နိုင်ငံတော်ချာ့ချ်၏ အသင်းသားအဖြစ် အလိုအလျောက်ယူမှတ်မခံရချေ။ ထို့အပြင် သက္ကရာဇ် ၂၀၀၀ တွင် “ဒေသန္တရအသင်းတော်နယ်ပယ်များနှင့်နိုင်ငံတော်တို့သည် ဥစ္စာပစ္စည်းအမြောက်အမြားကို တန်ဖိုးဖြတ်ခွဲခြမ်းရမည်။ ချာ့ချ်သည် ယင်း၏နှစ်စဉ်ဘက်ဂျက် ဒေါ်လာ ၁.၆၈ ဘီလီယံ ကိုဖြတ်တောက်ရမည်။ ယင်းအများစုကို အခွန်ပေးဆက်ခြင်းမှရရှိခဲ့သည်။ ရာစုနှစ်ကုန်ဆုံးပြီးနောက်တွင် ချာ့ချ်သည် မိမိတို့၏ဘိရှော့များကို ခန့်အပ်မည်” ဟု ဒဲလပ်စ် နံနက်သတင်း သတင်းစာက ဖော်ပြသည်။
ခရစ်ယာန်ဘောင်အသင်းသားများသည် လျစ်လျူရှုမှုနှင့် အရေအတွက်ကျဆင်းနေချိန်အတွင်း ယေဟောဝါသက်သေများသည် ဆွီဒင်နိုင်ငံတွင် ဆက်လက်ကြီးထွားလျက်ရှိသည်။ ယေဟောဝါသက်သေတို့၏ ၁၉၉၇ ခုနှစ် နှစ်ချုပ်စာအုပ် တွင်ဖော်ပြချက်အရ ထိုနိုင်ငံတွင် ဘုရားသခင့်နိုင်ငံတော်ကြေညာသူ ၂၄,၄၈၇ ဦးရှိပြီး အချိန်ပြည့်ရှေ့ဆောင်ဓမ္မအမှုဆောင်အဖြစ် ဟောပြောသူ ၁၀ ရာခိုင်နှုန်းနီးပါးရှိသည်။ ထိုသူတို့ထဲမှ အများစုသည် လုပ်ငန်းတော်၏ သာ၍ကြီးမြတ်သော အခွင့်ထူးများအတွက်ကြိုးစားနေကြသည်။ ဥပမာ၊ ယေဟောဝါသက်သေတို့၏ ၁၉၉၅ ခုနှစ် ခရိုင်အစည်းအဝေးကြီးအတွင်း၌ ဇနီးမောင်နှံစုံ ၂၀ တို့သည် ဂိလဒ်ကင်းမျှော်စင်သမ္မာကျမ်းစာကျောင်း၌ ခရစ်ယာန်သာသနာပြုသင်တန်းတက်ရောက်ရန် လျှောက်လွှာများတင်သွင်းကြသည်။ ထိုအချိန်၌ ကမ္ဘာ့အခြားအစိတ်အပိုင်းများတွင် သာသနာပြုလုပ်ငန်းထမ်းဆောင်နေကြသည့် ဂိလဒ်ကျောင်းဆင်းပြီးသူ ဆွီဒင်လူမျိုး ၇၅ ဦးခန့်ရှိသည်။ သူတို့၏ပုံသက်သေကောင်း၊ အားပေးစာများနှင့် လည်ပတ်မှုများသည် ယခု ယင်းထူးမြတ်သောအခွင့်ထူးကို ရည်ရွယ်ထားသောသူများအတွက် တွန်းအားဖြစ်စေမည်မှာ သေချာပါသည်။
ထိုသို့ဖြင့် ခရစ်ယာန်ဘောင်တွင် သန်းပေါင်းများစွာသောသူများ စိတ်ဓာတ်ကျဆင်းနေချိန်တွင် ယေဟောဝါသက်သေတို့မူကား “ရွှင်လန်းသောစိတ်နှင့်သီချင်းဆိုကြ” သည်။—ဟေရှာယ ၆၅:၁၃၊ ၁၄။
[စာမျက်နှာ ၃၀ ပါ မြေပုံ]
(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)
ဆွီဒင်