ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၇ ၃/၁ စာ. ၃၂
  • မည်သူထိန်းချုပ်ထားသနည်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မည်သူထိန်းချုပ်ထားသနည်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
က၉၇ ၃/၁ စာ. ၃၂

မည်သူထိန်းချုပ်ထားသနည်း

“လောကကို မည်သူအုပ်ချုပ်သနည်း။” ထိုမေးခွန်းကို တစ်ယောက်ယောက်က သင့်ကို မေးလျှင် သင်မည်သို့ပြန်ဖြေမည်နည်း။ ဘာသာတရားကိုင်းရှိုင်းသူအများစုကမူ “ဘုရားသခင်” သို့မဟုတ် “ယေရှု” ဟုပြောကြပေမည်။ သည်ဖရီးပေါ့တ်နယူးစ် ဟုခေါ်သည့် ဗဟားမားသတင်းစာတစ်စောင်တွင်ပါသော ဆောင်းပါးတစ်ပုဒ်က လူအနည်းငယ်သာ ထိုသို့မျှော်လင့်မည်ဟု အဖြေပေးထားသည်။

ဆောင်းပါးရှင်က ဤသို့အစပျိုးသည်– “ကျွန်မရဲ့ အိမ်တံခါးဝမှာ ဝေစာတစ်စောင်ကိုတွေ့တယ်။ သာမန်အားဖြင့် ဒီလိုဆက်သွယ်မှုမျိုးကို ကျွန်မ ဂရုမစိုက်ပေမဲ့ ဒီတစ်ခါတော့ ဖတ်ဖို့ဆုံးဖြတ်လိုက်တယ်။ ခေါင်းစဉ်က ဒီလိုမေးထားတယ်၊ ‘လောကကို အမှန်တကယ် မည်သူအုပ်ချုပ်နေသနည်း။’” ဤအမျိုးသမီးသည် ကျမ်းစာကိုအခြေခံထားသောဝေစာကို ဖတ်ခြင်းဖြင့် ဤလောကကို အုပ်ချုပ်သူသည် ဘုရားသခင်လည်းမဟုတ်၊ ယေရှုလည်းမဟုတ်ဘဲ စာတန်မာရ်နတ်ဖြစ်ကြောင်းကို သိရှိခဲ့သည်။—ယောဟန် ၁၂:၃၁; ၁၄:၃၀; ၁၆:၁၁; ၁ ယောဟန် ၅:၁၉။

“ကြောက်ခမန်းလိလိ ရက်စက်စွာသွေးအေးအေးဖြင့် သတ်ဖြတ်ခြင်းများကို စဉ်းစားကြည့်ပါ။ လူသားများသည် အချင်းချင်းကြင်နာမှုကင်းမဲ့စွာ နှိပ်စက်ညှဉ်းပန်းရန်နှင့်သတ်ဖြတ်ရန် ဓာတ်ငွေ့ခန်းများ၊ ချွေးတပ်စခန်းများ၊ မီးတောက်လက်နက်များ၊ မီးလောင်ဗုံးများနှင့် အခြားသောစက်ဆုပ်ရွံရှာဖွယ်နည်းလမ်းများကို အသုံးပြုလာခဲ့ကြပြီ။ . . . ဤမျှရွံရှာဖွယ်ကောင်းသည့် အပြုအမူများကိုလုပ်ရန် လူသားများအား မည်သည့်လှုံ့ဆော်အားက တွန်းပို့သနည်း၊ သို့မဟုတ် ရက်စက်ယုတ်မာလှသည့် အရာများကို လုပ်သည့်အခြေအနေသို့ရောက်အောင် မည်သူက လှည့်ဖြားသိမ်းသွင်းသနည်း။ ထိုကဲ့သို့သော အဓမ္မမှုမျိုးကို လူသားများ ကျူးလွန်ရန် လွှမ်းမိုးသည့် ဆိုးယုတ်ပြီး မျက်စိဖြင့်မမြင်နိုင်သော စွမ်းအားတစ်ခုရှိလိမ့်မည်ဟု သင်စဉ်းစားဖူးသလော” ဟူ၍ဝေစာကရှင်းပြသည်။ ကျမ်းစာတွင် “ဤလောကကို အစိုးရသောဘုရား” ဟုစာတန်ကို ခေါ်ဆိုထားခြင်းသည် အံ့ဩစရာလော။—၂ ကောရိန္သု ၄:၄။

ဝမ်းသာစရာကား စာတန်နှင့်သူ၏နတ်ဆိုးများ ပျောက်ကွယ်တော့မည့်အချိန် နီးကပ်နေခြင်းပင်ဖြစ်သည်။ “လောကနှင့်လောကီတပ်မက်ခြင်းသည် ရွေ့သွားကွယ်ပျောက်တတ်၏။ ဘုရားသခင်၏အလိုတော်နှင့်အညီ ကျင့်သောသူမူကား၊ နိစ္စထာဝရတည်၏။” (၁ ယောဟန် ၂:၁၇) မှန်ပါသည်၊ ဘုရားသခင့်အလိုတော်ကိုဆောင်ရွက်သောသူတို့သည် ဖြောင့်မတ်သောကမ္ဘာသစ်တွင် ထာဝရအသက်မျှော်လင့်ချက်ရှိကြောင်းကို ကျမ်းစာက ကတိပေးထားသည်။ (ဆာလံ ၃၇:၉-၁၁; ၂ ပေတရု ၃:၁၃; ဗျာဒိတ် ၂၁:၃၊ ၄) စာတန်နှင့်သူ့နတ်ဆိုးများ၏ ဆိုးသွမ်းသည့်သြဇာလွှမ်းမိုးမှုကြီးကို ဖယ်ရှားပစ်တော့မည်ဟုသိရှိရခြင်းသည် မည်မျှစိတ်သက်သာဖွယ်ပါတကား!

ဤဝေစာငယ်ပါ အကြောင်းအရာများကို အကျဉ်းချုံးဖော်ပြပြီးနောက် သည်ဖရီးပေါ့တ်နယူးစ် ၏ဆောင်းပါးရှင်က ဤသို့နိဂုံးချုပ်ခဲ့သည်– “အဲဒီဝေစာကို ဖတ်ရတဲ့အတွက် တကယ်ပဲဝမ်းမြောက်ဝမ်းသာဖြစ်ရပါတယ်။ . . . အကြောင်းကတော့ လောကရဲ့အခြေအနေ၊ လောကကိုထိန်းချုပ်သူနဲ့ပတ်သက်ပြီး ကျွန်မလည်း စိုးရိမ်မကင်းဖြစ်မိလို့ပါ။”

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ