ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၇ ၃/၁ စာ. ၂၉
  • “သင်တွေ့ဆုံခဲ့သူများစွာထဲက တစ်ယောက်သာ”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “သင်တွေ့ဆုံခဲ့သူများစွာထဲက တစ်ယောက်သာ”
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေဟောဝါ သက်သေများအကြောင်း ဆန်းစစ်ခဲ့သော ရှေ့နေတစ်ဦး
    နိုးလော့!—၂၀၁၀
  • ဘုရားသခင်သည် ဆုတောင်းချက်များကို ဖြေကြားတော်မူ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
  • လူငယ်တို့—ယေဟောဝါအား အမှုဆောင်လိုသည့် သင်တို့၏ဆန္ဒကို ထက်သန်နေစေပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
  • အဓိပ္ပာယ်ပြည့်ဝလှတဲ့ ကျွန်မတို့ဘဝ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
က၉၇ ၃/၁ စာ. ၂၉

“သင်တွေ့ဆုံခဲ့သူများစွာထဲက တစ်ယောက်သာ”

လွန်ခဲ့သည့် ၁၉၉၆ ခုနှစ်၊ ဇန်နဝါရီလက ကယ်ရယ်လ်သည် ဦးနှောက်အတွင်းအကျိတ်ရောဂါကြောင့် ဖျားခဲ့သည်။ ထိုအချိန်တွင် သူမသည် အသက် ၆၀ ကျော်ရှိပြီး ထိုအချိန်ထိ ကျန်းမာပျော်ရွှင်သောအမျိုးသမီးအဖြစ် လူတိုင်းကိုအားပေးစကားပြောတတ်သူဖြစ်သည်။ သို့သော် ယခု ဆရာဝန်များသည် သေခြင်းသို့ဦးတည်နေသောအဖြစ်မှ လွတ်မြောက်ရန် ကြိုးစားနေကြသည်။ ကယ်ရယ်လ်သည်နာမကျန်းဖြစ်မှုနှင့်ရုန်းကန်နေစဉ်အတွင်း အောက်ပါစာကိုရရှိခဲ့သည်–

“ချစ်လှစွာသော ညီအစ်မကယ်ရယ်လ်–

“ညီအစ်မရဲ့ ကျန်းမာရေးချို့တဲ့နေတဲ့အကြောင်းသိရတာ ကျွန်တော်အလွန်စိတ်မကောင်းဖြစ်မိပါတယ်။ ဘာပဲဖြစ်ဖြစ်လေ ကျမ်းစာက အသိပေးပြီး ကျွန်တော်တို့ မြတ်နိုးတတ်ဖို့ ထောက်မပေးတဲ့ စစ်မှန်တဲ့မျှော်လင့်ချက်ရှိထားပါတယ်။ ပရဒိသုအခြေအနေမှာ ကျွန်တော်တို့နေရဖို့ ယေဟောဝါနိုင်ငံတော်အုပ်ချုပ်မယ့်အချိန်ကို ကျွန်တော်တို့စောင့်မျှော်နေကြတယ်။

“ညီအစ်မရဲ့ဟောပြောခြင်းလုပ်ငန်းက လူအမြောက်အမြားကို ထာဝရသေခြင်းတရားကနေ ကယ်ဆယ်ခဲ့တယ်ဆိုတာကို သိစေချင်တယ်။ ကျွန်တော်ဟာ အဲဒီလူတွေထဲက တစ်ယောက်ဖြစ်တယ်။ ကျွန်တော်တို့ ပထမဆုံးတွေ့တဲ့အချိန်ကို ညီအစ်မသတိရ၊ မရတော့မသိဘူး။ အဲဒီအချိန်တုန်းက ကျွန်တော့်အသက် ၂၀ ရှိပြီး ဆံရှည်ကိုယ်တော်ဖြစ်တဲ့ ကျွန်တော်ဟာ မူးယစ်ဆေးဝါးတွေကို ရောင်းနေပြီး လူရမ်းကားအဖွဲ့နဲ့ ယောင်လည်လည်လုပ်နေတယ်။ ကျွန်တော်တို့အားလုံး သေနတ်တွေကို ကိုင်ဆောင်ထားပြီး ကိုယ့်ကိုကိုယ်ကလွဲပြီး ဘယ်သူ့ကိုမှမချစ်ကြဘူး။

“ညီအစ်မနဲ့ နောက်သက်သေခံတစ်ယောက်က ကျွန်တော်ရဲ့တံခါးကိုခေါက်ပြီး ကင်းမျှော်စင် နဲ့ နိုးလော့! တို့ကိုကမ်းလှမ်းတယ်။ ကျွန်တော်က တစ်ဒေါ်လာပေးဖို့ကြိုးစားပြီး မဂ္ဂဇင်းတွေကို မယူချင်ဘူးလို့ ပြောခဲ့တယ်။ အလှူငွေရရှိဖို့အတွက်သာ မဟုတ်ဘူးဆိုတာကို ညီအစ်မကပြောပါတယ်။ လူတွေကျမ်းစာဖတ်ရှုဖို့ ကူညီပေးတဲ့အလုပ်ကို လုပ်နေတာပါလို့ ပြောပါတယ်။ မဂ္ဂဇင်းတွေကို ဖတ်ဖို့ယူသလား၊ မယူဘူးလားဆိုတာ မသိတော့ဘူး။ ဘာပဲဖြစ်ဖြစ်လေ ညီအစ်မဟာ ကျွန်တော့်ဘဝထဲ သမ္မာတရားမျိုးစေ့ကို ကြဲခဲ့ပါတယ်။

“နောက်နှစ်အနည်းငယ်အကြာ အမေ့အိမ်ကိုကျွန်တော်ရောက်ရှိနေတဲ့အချိန်မှာ ဂဲရီးဆိုတဲ့ အခြားသက်သေခံရောက်လာတယ်။ လွန်ခဲ့တဲ့နှစ်အနည်းငယ်က ညီအစ်မ ကျွန်တော်ဆီရောက်တဲ့အကြောင်း သူ့ကို ပြောပြတယ်။ နောက်ဆုံး ၁၉၈၄ ခုနှစ်မှာ ကျွန်တော်နှစ်ခြင်းခံတဲ့အထိ ဂဲရီးနဲ့ အချိန်အတော်ကြာ ကျမ်းစာသင်ခဲ့တယ်။ အခု ကျွန်တော့်ကလေးတွေကို ဘုရားသခင့်နိုင်ငံတော်သမ္မာတရား သင်ပေးနေပါပြီ။

“ညီအစ်မရဲ့ သစ္စာရှိလုပ်ငန်းတော်နှစ်များမှာ တွေ့ဆုံခဲ့တဲ့သူများစွာထဲမှ ကျွန်တော်ဟာ တစ်ယောက်သာဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီချစ်ခင်ကြင်နာမှုအားဖြင့် ကျွန်တော်နဲ့ကျွန်တော့်မိသားစုကို ယေဟောဝါဘုရားသခင်နဲ့ ကိုယ်တော်ရဲ့သားတော်ယေရှုခရစ်ကို သိကျွမ်းနိုင်အောင် စွမ်းဆောင်နိုင်ခဲ့တယ်။ ယေဟောဝါဘုရားသခင်ဟာ မျက်စိမှမျက်ရည်ရှိသမျှသုတ်ပေးတော်မူပြီး၊ သေခြင်းတရားရှိတော့မှာမဟုတ်တဲ့ အစီအစဉ်သစ်မှာ ညီအစ်မကိုတွေ့နိုင်မယ့်ရက်ကို ကျွန်တော်စောင့်မျှော်နေပါတယ်။—ဗျာဒိတ် ၂၁:၄။

“ကျွန်တော်နဲ့ ကျွန်တော့်မိသားစုကတော့ ညီအစ်မနဲ့သိခွင့်ရတာ၊ ညီအစ်မလုပ်တဲ့ သက်သေခံခြင်းလုပ်ငန်းမှာပါဝင်ခွင့်ရတာတွေကို ဝမ်းမြောက်ဝမ်းသာဖြစ်ကြရပါတယ်။ ကျေးဇူးတင်ပါတယ်။

“ညီအစ်ကိုချင်းမေတ္တာဖြင့်၊

ပီတာ”

ခြောက်လဖျားပြီးနောက် ကယ်ရယ်လ်သည် ၁၉၉၆ ခုနှစ်၊ မတ်လတွင် သေဆုံးခဲ့သည်။ ဇွဲရှိသောဧဝံဂေလိဟောပြောသူတစ်ယောက်အဖြစ် ၃၅ နှစ်အတွင်း သမ္မာတရားမျိုးစေ့များစွာကြဲသွားသည်။ နောက်ပိုင်းနှစ်များတွင် မျိုးစေ့တစ်ခု မည်သည့်အချိန်အသီးသီးလာမည်ကို မည်သူမျှမသိကြောင်း သူမသဘောပေါက်သည်။—မဿဲ ၁၃:၂၃။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ