ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၇ ၂/၁ စာ. ၂၉
  • စာရှုသူများထံမှမေးခွန်းလွှာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စာရှုသူများထံမှမေးခွန်းလွှာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • ဆင်တူတဲ့ အကြောင်းအရာ
  • သွေးဖြင့်အသက်ကယ်ခြင်း—အဘယ်သို့နည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • စာရှုသူများထံမှမေးခွန်းလွှာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
  • သွေး–အသက်ရှင်ရေးအတွက် အချက်အချာ
    သွေးသည် သင့်အသက်ကို မည်သို့ ကယ်နိုင်သနည်း
  • သင်၏အသက်ဆုကျေးဇူးကို မှန်ကန်စွာတန်ဖိုးထားပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
က၉၇ ၂/၁ စာ. ၂၉

စာရှုသူများထံမှမေးခွန်းလွှာ

သတင်းမှတ်တမ်းအရ အချို့ဆေးရုံများတွင် ကလေးငယ်တစ်ဦးမွေးဖွားပြီးနောက် အချင်းနှင့် ချက်ကြိုးတို့တွင်ရှိသွေးတွင် ပါဝင်သောအရာများကိုထုတ်ယူရန် ယင်းတို့ကိုသိမ်းဆည်းထားသည် ဟုဆိုသည်။ ခရစ်ယာန်တစ်ဦးအနေနှင့် ယင်းကို စိုးရိမ်မကင်းဖြစ်သင့်သလော။

နေရာအတော်များများတွင် ယင်းသို့မပြုလုပ်ကြသောကြောင့် ခရစ်ယာန်များအနေနှင့် စိုးရိမ်ဖို့မလိုအပ်ပါ။ ခရစ်ယာန်တစ်ဦး သွားရောက်မွေးဖွားမည့်ဆေးရုံတွင် ယင်းကဲ့သို့ပြုလုပ်သည်ဟု ယုံကြည်ရန်ခိုင်လုံသည့်အကြောင်းရှိပါက အချင်းနှင့် ချက်ကြိုးကိုမည်သည့်နည်းဖြင့်မျှ အသုံးမပြုဘဲစွန့်ပစ်ဖို့ ဆရာဝန်အားရှင်းရှင်းပြောပြထားသင့်သည်။

ဆေးဝါးပစ္စည်းအမျိုးမျိုးကို ဇီဝဇာစ်မြစ်ဖြစ်သော တိရစ္ဆာန် သို့မဟုတ် လူသားတို့ထံမှရရှိသည်။ ဥပမာအနေနှင့် ဇီးရှိသောမြင်းမ၏ကျင်ငယ်ရည်မှ အချို့သောဟော်မုန်းဓာတ်ကို ထုတ်ယူရရှိကြသည်။ မေးခိုင်ရောဂါပိုးအတွက် သွေးခဲရည်ကြည်ကို မြင်း၏အသွေးမှထုတ်ယူခဲ့ပြီ။ ရောဂါတိုက်ဖျက်ဖို့ ဂမ္မာဂလိုဗျူလင်ကို လူ့အချင်း၏အသွေးမှ ထုတ်ယူခဲ့သည်မှာနှစ်များစွာကြာခဲ့ပြီ။ အချို့ဆေးရုံများက အချင်းများကိုသိမ်းဆည်းထား၍ အေးခဲအောင်လုပ်ပြီးနောက်ပိုင်းတွင် ဆေးဝါးဖော်စပ်သည့်ဓာတ်ခွဲခန်းက ပြန်၍စုသိမ်းသည်။ ပဋိပစ္စည်းများစွာပါဝင်သောအသွေးကို ဂမ္မာဂလိုဗျူလင်ထုတ်လုပ်ရန်အတွက် အသုံးပြုနိုင်သည်။

မကြာသေးမီက သွေးကင်ဆာပုံစံတစ်မျိုးအတွက် အချင်းမှအသွေးကိုအသုံးပြု၍ကုသရာ၌ အောင်မြင်မှုရရှိကြောင်း သုတေသီများကဆိုကြသည်။ ထိုကဲ့သို့သောအသွေးသည် အချို့သောရောဂါပြီးစနစ်ချို့ယွင်းခြင်း သို့မဟုတ် ရိုးတွင်းခြင်ဆီအစားထိုးခြင်းတို့၌ အသုံးဝင်မည်ဟု ထင်မြင်ယူဆကြသည်။ ထို့ကြောင့်မိဘများသည် အနာဂတ်တွင် မိမိတို့၏ကလေးများကိုကုသရာတွင် အသုံးဝင်ကောင်းဝင်မည့် အချင်းမှအသွေးကိုထုတ်ယူ၍ အေးခဲစေပြီး သိမ်းဆည်းထားခြင်းကို အတော်လူသိများလာသည်။

မိမိတို့၏အတွေးအခေါ်ကို ဘုရားသခင်၏စုံလင်သောဥပဒေနှင့်အညီ ထိန်းကျောင်းပေးသည့် ခရစ်ယာန်စစ်များအတွက် အချင်းမှအသွေးကိုထုတ်ယူသုံးစွဲခြင်းသည် ဆွဲဆောင်မှုလုံးဝမဖြစ်ပေ။ ကျွန်ုပ်တို့၏ဖန်ဆင်းရှင်သည် အသွေးကို ဘုရားသခင်ပေးသည့်အသက်ကိုကိုယ်စားပြုသည့် မြင့်မြတ်သောအရာအဖြစ် ရှုမြင်သည်။ အသွေးကိုအသုံးပြုရန် ကိုယ်တော်ခွင့်ပြုထားသည့် တစ်ခုတည်းသောနည်းလမ်းမှာ ယဇ်ပလ္လင်ပေါ်တင်၍ပူဇော်ခြင်းဖြစ်သည်။ (ဝတ်ပြုရာ ၁၇:၁၀-၁၂; ရောမ ၃:၂၅; ၅:၈; ဧဖက် ၁:၇ နှိုင်းယှဉ်။) သို့မဟုတ်ခဲ့လျှင် သတ္တဝါတစ်ကောင်မှ ထုတ်လိုက်သည့်အသွေးကို မြေကြီးပေါ်သွန်လိုက်ရမည်။—ဝတ်ပြုရာ ၁၇:၁၃; တရားဟောရာ ၁၂:၁၅၊ ၁၆။

ခရစ်ယာန်များသည် တိရစ္ဆာန်တစ်ကောင်ကို အမဲလိုက်သောအခါ သို့မဟုတ် အိမ်တွင်မွေးမြူထားသောကြက် သို့မဟုတ် ဝက်ကိုသတ်သည့်အခါ အသွေးကိုဖယ်ရှားပစ်ကြသည်။ စာသားအတိုင်း သွေးကိုမြေကြီးပေါ်သို့ အတိအကျသွန်ပစ်ဖို့မဟုတ်ဘဲ လိုရင်းအချက်မှာ အသွေးကိုအခြားတစ်နည်းနည်းဖြင့် အသုံးမပြုဘဲစွန့်ပစ်ခြင်းဖြစ်သည်။

မိမိတို့ထံမှဖယ်ရှားလိုက်သည့် ကိုယ်ခန္ဓာအညစ်အကြေး၊ ပျက်စီးနေသောတစ်ရှူး သို့မဟုတ် အသွေးစသည့် ဇီဝပစ္စည်းများသည်စွန့်ပစ်ခံရကြောင်း ဆေးရုံတက်သည့်ခရစ်ယာန်များ နားလည်ကြပါသည်။ ဆရာဝန်တစ်ဦးအနေနှင့် ဆီးစစ်ဆေးခြင်း၊ အသားပိုတစ်ရှူးကိုစစ်ဆေးခြင်းဖြင့် ရောဂါသဘာဝကိုလေ့လာခြင်း သို့မဟုတ် သွေးစစ်ဆေးခြင်းကဲ့သို့သော စမ်းသပ်ချက်တစ်မျိုးမျိုးကို အရင်ဦးဆုံးပြုမည်တော့မှန်ပါသည်။ သို့သော် နောက်ပိုင်းတွင် ဒေသန္တရဥပဒေနှင့်အညီ ထိုပစ္စည်းများကိုစွန့်ပစ်လိုက်သည်သာဖြစ်သည်။ ဤကဲ့သို့သောဇီဝပစ္စည်းများကိုစွန့်ပစ်ခြင်းသည် အကျိုးသင့်အကြောင်းသင့်ဖြစ်ပြီး ဆေးပညာအမြင်အားဖြင့် အမြော်အမြင်ရှိရာရောက်သောကြောင့် ဆေးရုံတက်နေသည့်လူနာတစ်ဦးအနေနှင့် ယင်းကိစ္စနှင့်ပတ်သက်၍ အထူးတောင်းဆိုနေဖို့မလိုအပ်ပါ။ လူနာတစ်ဦးသည် ပုံမှန်လုပ်ရိုးလုပ်စဉ်တစ်ခုကို သံသယဖြစ်ရန်ခိုင်လုံသောအကြောင်းရှိပါက သက်ဆိုင်ရာဆရာဝန်ကိုဖော်ပြပြီး ဘာသာရေးအကြောင်းပြချက်များကြောင့် သူ သို့မဟုတ် သူမသည် ယင်းပစ္စည်းများကို စွန့်ပစ်စေလိုကြောင်းပြောပြနိုင်ပေသည်။

နေရာအတော်တော်များများတွင် ဤကဲ့သို့သောစွန့်ပစ်ပစ္စည်းများကို စုဆောင်းထားခြင်းနှင့် အချင်း သို့မဟုတ် အခြားဇီဝပစ္စည်းများကို ပြန်လည်အသုံးပြုခြင်းတို့ကို လုပ်ရိုးလုပ်စဉ်အတိုင်းပြုလုပ်ဖို့မဆိုထားနှင့် စဉ်းစားခြင်းပင်မပြုကြပေ၊ ထို့ကြောင့် အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း ရိုးရိုးလူနာများအတွက် စိုးရိမ်စရာမရှိပါ။

ဇန်နဝါရီ ၁၊ ၁၉၉၇၊ ကင်းမျှော်စင် တွင်ပါရှိသည့် “ဆိုးညစ်သောအမှုကို စက်ဆုပ်ရွံရှာကြစို့” ဟူသောဆောင်းပါးသည် ကလေးသူငယ်များအပေါ် လိင်ဖောက်ပြန်မှုကျူးလွန်ခြင်းအကြောင်းကို ပေါ်လွင်စေဟန်ရှိသည်။ ဤအမူအကျင့်ကို မည်သို့အဓိပ္ပာယ်ဖွင့်မည်နည်း။

ဝက်ဘ်စတား၏ နဝမမြောက် ကောလိပ်အဘိဓာန်သစ် က “ကလေးသူငယ်များအပေါ် လိင်ဖောက်ပြန်မှုကျူးလွန်ခြင်း” ကို “အထူးသဖြင့် ကလေးများကိုလိင်ဆိုင်ရာသားကောင်အဖြစ် ပြုမူသောလိင်ဖောက်ပြန်မှု” ဟူ၍အဓိပ္ပာယ်ဖွင့်ဆိုထားသည်။ ဤအမူအကျင့်ပုံစံများကို တရားဟောရာ ၂၃:၁၇၊ ၁၈ ၌ပြစ်တင်ရှုတ်ချထားသည်။ ထိုတွင် ဗိမာန်တော်ပြည့်တန်ဆာ (“သို့မဟုတ် ‘ကက်တမိုက်၊’ လိင်ဆိုင်ရာဖောက်ပြန်မှုအတွက်ထားရှိသည့် ယောက်ျားလေးတစ်ဦး၊” အောက်ခြေမှတ်ချက်) ဖြစ်လာခြင်းကို ဘုရားသခင်ဆန့်ကျင်ပြောဆိုထားသည်။ ဤအခန်းငယ်များက “ခွေးတစ်ကောင်” (“ယောက်ျားလေးတစ်ဦးနှင့် လိင်ဆက်ဆံသူ၊ အထူးသဖြင့် ယောက်ျားလေးတစ်ဦးနှင့် စအိုဝနှင့်လိင်ဆက်ဆံမှုပြုကျင့်သောသူဖြစ်ဖွယ်ရှိ၊” အောက်ခြေမှတ်ချက် ) ကိုရောင်း၍ရသောငွေကို ‘ယေဟောဝါ၏အိမ်တော်’ သို့ယူလာခြင်းကိုလည်း တားမြစ်ထားသည်။ ကင်းမျှော်စင် မှဆွေးနွေးနေသည့်အချက်မှာ ကလေးငယ်တစ်ဦးသည် လူကြီးတစ်ဦး၏ ပွတ်သပ်ယုယခြင်းအပါအဝင် လိင်ဆိုင်ရာမတော်မတရားပြုခံရခြင်းဖြစ်ကြောင်း ဤကျမ်းစာဆိုင်ရာနှင့် လောကီဆိုင်ရာအကိုးအကားများက ဖော်ပြသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ