ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၆ ၁၂/၁ စာ. ၃၂
  • မည်သူတို့ ဧဝံဂေလိတရားဟော သူများ ဖြစ်ကြမည်နည်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မည်သူတို့ ဧဝံဂေလိတရားဟော သူများ ဖြစ်ကြမည်နည်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
က၉၆ ၁၂/၁ စာ. ၃၂

မည်သူတို့ ဧဝံဂေလိတရားဟော သူများ ဖြစ်ကြမည်နည်း

လွန်ခဲ့သည့်နှစ်ပေါင်း ၄၀ ခန့်က ချာ့ချ်များ၏ကမ္ဘာ့ကောင်စီ စည်းဝေးကြီးတစ်ခုတွင် “ဧဝံဂေလိတရားစိတ်ဓာတ်နှင့် ထွက်လာကြ” ပြီးသူတို့၏သိုးအုပ်များကို “ဧဝံဂေလိတရား သွားဟောပြောကြ” ရန်သွန်သင်ပေးဖို့ အသင်းများများကို တိုက်တွန်းခဲ့ပါသည်။ နောက်ငါးနှစ်အကြာတွင် ဓမ္မဆရာဖြစ်သူ ဂျောန် အေ. အိုဘရိုင်ယန်က “အိမ်တွင် ထိုင်နေခြင်းဖြင့်” မဟုတ် “လူတို့ထံသွားခြင်းဖြင့်” တပည့်အသစ်များဖြစ်လာစေဖို့ လိုအပ်နေကြောင်း ရေးသားခဲ့သည်။ ၁၉၉၄ ခု ဇန်နဝါရီလတွင်လည်း ပုပ်ရဟန်းမင်း ဒုတိယမြောက်ဂျွန်ပေါလ်က “ဧဝံဂေလိတရားအတွက် ရှက်ကြောက်ရမည့်အချိန်မဟုတ်၊ အိမ်ခေါင်မိုးများမှနေ၍ ဟောပြောရန်အချိန်ရောက်ပြီ” ဟုပြောခဲ့သည်။

ဧဝံဂေလိတရားဟောပြောသူများ တိုးများလာရန် ဤသို့ပြတ်တောင်းပြတ်တောင်း ဖိတ်ခေါ်ခြင်းကို ကြားကြပုံမရှိသည်ကားထင်ရှားသည်။ ဩစတြေးလျန်းသတင်းစာတစ်ခုဖြစ်သည့် အေလဝါရာ မာကျူရီပါဆောင်းပါးတစ်ခုက ဤသို့ဆိုသည်– “တောင်ပိုင်းကမ်းခြေရှိ အထင်ကရကက်သလစ်များသည် ယုံကြည်ခြင်းသို့ ယေဟောဝါသက်သေများ ချဉ်းကပ်နည်းကို လက်ခံယူရန် စိတ်ထက်သန်ပုံမရှိကြပါ။” တစ်ယောက်က ဧဝံဂေလိတရားဟောပြောခြင်းသည် “ကက်သလစ်စိတ်ထား” မဟုတ်ပါဟုပြောသည်။ အခြားတစ်ဦးမူကား ဤသို့အကြောင်းပြသည်– “ချာ့ချ်အနေနဲ့ လူဦးရေတိုးပွားလာဖို့ ကြိုးစားတာတော့ကောင်းပါတယ်။ ဒါပေမဲ့ အိမ်ပေါက်စေ့သွားတဲ့နည်းနဲ့တော့မဟုတ်ဘူး။ ကျောင်းတွေကတစ်ဆင့်၊ စာတိုက်ပုံးကတစ်ဆင့် ကြိုးစားတာပိုကောင်းပါတယ်။” ပုပ်ရဟန်းမင်း၏စကားကို ဒေသခံဘုရားရှိခိုးကျောင်းတစ်ကျောင်း၏ ဂိုဏ်းအုပ်ပင်လျှင် မည်သို့ ရှင်းပြရမည်ဟု မသေချာပါ။ “ကိုယ်တိုင်နားလည်ထားတဲ့ ဧဝံဂေလိတရားကို ကိုယ့်အသက်တာမှာ လက်တွေ့ကျင့်သုံးကြဖို့ ကျုပ်တို့တိုက်တွန်းပါတယ်။ ဒီလိုပြောတယ်ဆိုတော့ အိမ်ပေါက်စေ့သွားတာကိုလည်း ကျုပ်ကဘာမှမပြောလိုပါဘူး” ဟူ၍သူပြောသည်။ ထိုသတင်းဆောင်းပါး၏ခေါင်းစဉ်က ဤသို့ကောင်းစွာ အကျဉ်းချုပ်ပါသည်– “ဟောပြောကြရန် ပုပ်ရဟန်းမင်း ဖိတ်ခေါ်ခြင်းကို ကက်သလစ်များ လက်မခံ။”

ဧဝံဂေလိတရားဟောပြောရန် ခရစ်ယာန်ဘောင်ပျက်ကွက်နေသော်လည်း ယေဟောဝါသက်သေ ငါးသန်းကျော်တို့သည် “သွား၍လူမျိုးတကာတို့ကို ငါ့တပည့်ဖြစ်စေ . . . ကြလော့” ဟူသောယေရှု၏အမိန့်တော်ကို နာခံနေကြပါသည်။ (မဿဲ ၂၈:၁၉၊ ၂၀; တမန်တော် ၅:၄၂ နှိုင်းယှဉ်။) သူတို့၏တစ်အိမ်မှတစ်အိမ်လုပ်ငန်းကို ယခုနိုင်ငံပေါင်း ၂၃၀ ကျော်တွင်ထမ်းဆောင်နေကြပါသည်။ သူတို့ယူဆောင်လာသောသတင်းသည် အပြုသဘောပါ၏၊ အနာဂတ်အတွက် သမ္မာကျမ်းစာ၏ အံ့သြဖွယ်ကတိတော်များကို ပေါ်လွင်ထင်ရှားစေ၏။ နောက်တစ်ခါ သူတို့ရောက်လာကြသည့်အခါ သူတို့နှင့်စကားပြောဆိုပါလေ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ