‘သူတို့သည် အခြားသူများကိုကူညီပေးရာတွင် စိတ်ဝင်စားကြ’
ယဟောဝါသက်သေများနှင့်ပတ်သက်၍ နယူးယောက်မြို့မှရဲသားတစ်ဦးက ထိုအတိုင်းပြောခဲ့ပါသည်။ သူသည် ဘရွတ်ကလင်၊ နယူးယောက်ရှိ ယေဟောဝါသက်သေများ၏ ကမ္ဘာ့ဌာနချုပ်တွင် အချိန်ပြည့်စေတနာ့ဝန်ထမ်းအဖြစ် အမှုဆောင်သူများမှတစ်ဦးဖြစ်သူ ကက်သ်လင်းအကြောင်းပြောနေခြင်းဖြစ်သည်။
ပူနွေးပြီးနေသာသောဆောင်းဦးရာသီနေ့တစ်နေ့၊ သူမ၏နေ့လယ်စာအတွက်နားချိန်အတွင်း မြစ်ကမ်းနားစင်္ကြံအနီးရှိ ခုံတန်းလျားရှည်ပေါ်တွင် ကက်သ်လင်းထိုင်ခဲ့သည်။ သူမသည် နားကြပ်ကက်ဆက်ဖွင့်နားထောင်နေသည်။ အိစ်တ်ရေးဗားမြစ်တစ်ဖက်ကမ်းရှိ ရဟတ်ယာဉ်ကွင်းတွင် ထိုမြို့သို့အလည်လာရောက်ခဲ့သည့် ပုပ်ရဟန်းမင်းထွက်ခွာရန်အတွက် ပြင်ဆင်နေကြသည်။ နေရာတိုင်းတွင် လုံခြုံရေးတင်းတင်းကျပ်ကျပ်ချထားပြီး ရဲသားများစွာသည် ကမ်းနားစင်္ကြံတစ်လျှောက်ကင်းလှည့်နေကြသည်။ သူတို့ထဲမှတစ်ဦးက ကက်သ်လင်းထံချဉ်းကပ်ပြီး ဘာလုပ်နေသလဲဟုမေးသည်။ ကက်သ်လင်းက ဤသို့ပြန်ပြောလိုက်သည်– “ကျွန်မ ရုရှားစကားပြောတိတ်ခွေ နားထောင်နေတာပါ။ ကျွန်မဟာယေဟောဝါသက်သေတစ်ဦးဖြစ်ပြီး ဒီမြို့မှာလာနေကြမယ့် ရုရှားဘာသာစကားပြောတဲ့သူတွေကို ဘုရားသခင်ရဲ့နိုင်ငံတော်သတင်းကောင်းဝေမျှနိုင်ဖို့ ရုရှားဘာသာစကားကို တတ်ချင်တယ်ဆိုတာ ရှင်သဘောပေါက်မှာပါ။”
ရဲသားက မိမိသည် နယူးယောက်စီတီးတွင် လွန်ခဲ့သည့် ၁၅ နှစ်အတွင်း လုံခြုံရေးအရာရှိတစ်ဦးအဖြစ်အမှုထမ်းခဲ့စဉ် ယေဟောဝါသက်သေများကို တဖြည်းဖြည်းလေးစားလာခဲ့ကြောင်းတုံ့ပြန်ပြောဆိုခဲ့သည်။ သူဤသို့ပြောသည်– “ဘာသာတရားအဖွဲ့အစည်းတစ်ခုအနေနဲ့ ယေဟောဝါသက်သေများရဲ့အဖွဲ့ဝင်တွေဟာ ရပ်ကွက်ထဲမှာရှိတဲ့အခြားသူတွေကို ကူညီပေးရာမှာ စိတ်ရင်းမှန်နဲ့စိတ်ဝင်စားကြတဲ့သူတွေလို့ ကျွန်တော်သိထားတယ်။”
ယေဟောဝါသက်သေများကို သူတို့လုပ်ဆောင်နေသည့် အိမ်ပေါက်စေ့ဟောပြောခြင်းလုပ်ငန်းကြောင့် ကမ္ဘာတစ်ဝန်းလုံးကသိနေကြပါသည်။ (တမန်တော် ၂၀:၂၀) လူတို့ကိုကပ်သင့်စေသည့်ပြဿနာများအတွက် တစ်ခုတည်းသောဖြေရှင်းနည်းအဖြစ် ဘုရားသခင့်နိုင်ငံတော်ကို သူတို့ညွှန်ပြရင်း နေ့စဉ်အသက်တာတွင် ကျမ်းစာမူများကိုကျင့်သုံးရန်အားပေးခြင်းဖြင့် လူတို့၏ဘဝအရည်အသွေးတိုးတက်လာရန်လည်း ကူညီပေးကြသည်။ ဥပမာ၊ သက်သေခံများသည် မိဘများအား အကျိုးရှိသည့် အိမ်တွင်းလေ့လာမှုအသိုင်းအဝိုင်းတစ်ခုစီမံရန် တိုက်တွန်းကြသည်။ သူတို့သည် တစ်ဦးစီအား ရိုးသားရန်နှင့်ဥပဒေကိုလေးစားရန် တိုက်တွန်းကြသည်၊ အလုပ်ရှင်တစ်ဦးကိုနှစ်သက်စေမည့် ကျွမ်းကျင်မှုနှင့်အရည်အသွေးများကို ဆည်းပူးထားရန်အားပေးကြသည်။
မှန်ပါသည်၊ ယေဟောဝါသက်သေများသည် ရပ်ကွက်ထဲရှိလူတို့၏အသက်တာ တိုးတက်လာရန်ကူညီပေးရာတွင် အလွန်စိတ်ဝင်စားကြပါသည်။ အောက်ပါကမ်းလှမ်းချက်ကိုတုံ့ပြန်ရန် သင့်အားလှိုက်လှဲစွာဖိတ်ခေါ်ပါသည်။