ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၆ ၈/၁၅ စာ. ၂၁
  • သင်မှတ်မိသလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင်မှတ်မိသလော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • ဆင်တူတဲ့ အကြောင်းအရာ
  • စာရှုသူများထံမှ မေးခွန်းလွှာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • ‘အချင်းချင်း အပြစ်ကိုလွှတ်ကြလော့’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • ကျွန်တော့်ကို ဘုရားသခင် ခွင့်လွှတ်ပါ့မလား
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • “လူအမျိုးမျိုး ဆုတောင်းရာအိမ်”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
က၉၆ ၈/၁၅ စာ. ၂၁

သင်မှတ်မိသလော

မကြာမီကထုတ်ဝေခဲ့သော ကင်းမျှော်စင် စာစောင်များကို သင်ဖတ်ရှုရာ၌ လေးမြတ်တန်ဖိုးထားခဲ့ပါသလော။ သို့ဖြစ်လျှင် အောက်ပါမေးခွန်းများကို သင်ဖြေနိုင်မဖြေနိုင် ကြည့်ပါ–

▫ “အကြင်သူ၏အပြစ်ကို သင်တို့လွှတ်လျှင် ထိုသူသည် အပြစ်လွှတ်လျက်ရှိ၏” ဟူသည့် ယေရှု၏စကားများက ခရစ်ယာန်များသည် အပြစ်များကို ခွင့်လွှတ်နိုင်သည်ဟု ဆိုလိုပါသလော။ (ယောဟန် ၂၀:၂၃)

အသင်းတော်ရှိ သာမန်ခရစ်ယာန်များတွင် သို့မဟုတ် ခန့်အပ်ခံအသင်းတော်အကြီးအကဲများတွင်ပင် အပြစ်များကို ခွင့်လွှတ်ရန် ဘုရားပေးအခွင့်အာဏာရှိသည်ဟု ကောက်ချက်ချဖို့အတွက် မည်သည့်ကျမ်းစာ အခြေအမြစ်မျှမရှိပါ။ ယေရှုစကား၏ အထက်အောက်စကားရပ်များက အပြစ်များကို ခွင့်လွှတ်ရန် သို့မဟုတ် ချည်နှောင်ရန် အခွင့်အာဏာထူးကို ဝိညာဉ်တော်၏လုပ်ဆောင်မှုမှတစ်ဆင့် တမန်တော်များအား ပေးအပ်တော်မူသည်ကို တင်ပြနေပုံရသည်။ (တမန်တော် ၅:၁-၁၁; ၂ ကောရိန္သု ၁၂:၁၂ ရှု။)—၄/၁၅၊ စာမျက်နှာ ၂၈။

▫ ဂျေ. ဂျေ. စတူးဝပ် ပါရွန်၏ ၁၈၆၄ ခုနှစ်တွင် ပထမအကြိမ်ထုတ်ဝေလိုက်သည့် ဆာလံကျမ်းဘာသာပြန်ဆိုချက်နှင့်စပ်လျဉ်းသော ထူးခြားချက်ကား အဘယ်နည်း။

သူ၏ဘာသာပြန်ဆိုချက်တွင် ပါရွန်သည် “ဝါကျပုဒ်စုများ၏ ဓလေ့သုံးတွင်ကော တည်ဆောက်ပုံတွင်ပါ ဟေဗြဲ ဖွဲ့စည်းပုံ ကို အနီးကပ်” လိုက်ဖို့ ကြိုးစားခဲ့သည်။ ထိုသို့ပြန်ဆိုရာတွင် “ယေဟောဝါ” ဟူသည့် ဘုရားသခင့်နာမတော်ပုံစံကို ပြန်လည်အသုံးပြုရန် သူသဘောကျသည်။—၄/၁၅၊ စာမျက်နှာ ၃၁။

▫ ဤလောကအစိုးရနှင့်ဆက်ဆံခြင်းနှင့်စပ်လျဉ်း၍ မိမိ၏နောက်တော်လိုက်များကို ယေရှုအဘယ်ညွှန်ကြားချက်ပေးတော်မူခဲ့သနည်း။

ယေရှုက “ကဲသာဘုရင်၏ဥစ္စာကို ကဲသာဘုရင်အား ဆက်ပေးကြလော့။ ဘုရားသခင်၏ဥစ္စာကိုကား ဘုရားသခင်အား ဆက်ပေးကြလော့” ဟု မိန့်တော်မူခဲ့သည်။ (မဿဲ ၂၂:၂၁) “အကြင်သူသည် သင့်ကိုအနိုင်ပြု၍ ခရီးတစ်တိုင်သွားစေ၏၊ ထိုသူနှင့်တကွ နှစ်တိုင်သွားဦးလော့” ဟုလည်း မိန့်တော်မူခဲ့သည်။ (မဿဲ ၅:၄၁) ဤတွင် ယေရှုက ဘုရားသခင်၏ပညတ်နှင့်ကိုက်ညီသော လူသားချင်းဆက်ဆံရေး၌လည်းကောင်း၊ အစိုးရတောင်းဆိုမှုများ၌လည်းကောင်း တရားဝင်တောင်းခံလာမှုများကို လိုလိုလားလားလက်ခံခြင်းနှင့်ပတ်သက်သည့်မူကို သရုပ်ဖော်ပြနေခြင်းဖြစ်သည်။ (လုကာ ၆:၂၇-၃၁; ယောဟန် ၁၇:၁၄၊ ၁၅)—၅/၁၊ စာမျက်နှာ ၁၂။

▫ ‘သမ္မာတရားအတိုင်း လျှောက်လှမ်း’ ခြင်းဟူသည် မည်သည့်အဓိပ္ပာယ်ရှိသနည်း။ (ဆာလံ ၈၆:၁၁)

ယင်းတွင် ဘုရားသခင်၏တောင်းဆိုချက်များကို လိုက်နာခြင်းနှင့် ကိုယ်တော်၏အမှုတော်ကို သစ္စာရှိရှိမှန်မှန်ကန်ကန်ထမ်းဆောင်ခြင်း ပါဝင်သည်။ (ဆာလံ ၂၅:၄၊ ၅; ယောဟန် ၄:၂၃၊ ၂၄)—၅/၁၅၊ စာမျက်နှာ ၁၈။

▫ နိနေဝေမြို့သို့ ယောနကို ယေဟောဝါစေလွှတ်ခဲ့ခြင်းမှ အဘယ်အရာ အထမြောက်ခဲ့သနည်း။

အဆုံးတွင် နိနေဝေမြို့၌ ယောန၏ဟောပြောလုပ်ဆောင်ခြင်းက နောင်တရနိနေဝေမြို့သားများနှင့် ယုံကြည်နှိမ့်ချခြင်း အလွန်ကင်းမဲ့လျက်ရှိသော လည်ပင်းခိုင်မာသည့် ဣသရေလလူမျိုးတို့အကြား ခြားနားချက်ကို ထင်သာမြင်သာစေခဲ့သည်။ (တရားဟောရာ ၉:၆၊ ၁၃; ယောန ၃:၄-၁၀ နှိုင်းယှဉ်။)—၅/၁၅၊ စာမျက်နှာ ၂၈။

▫ ကမ္ဘာဦး ၃:၁၅ တွင် ရည်ညွှန်းထားသော မြွေနှင့် “မိန်းမ” ကား မည်သူများဖြစ်သနည်း။

မြွေသည် နိမ့်ကျသည့်မြွေမဟုတ်ဘဲ ယင်းမြွေကို အသုံးပြုခဲ့သော စာတန်မာရ်နတ်ဖြစ်သည်။ (ဗျာဒိတ် ၁၂:၉) “မိန်းမ” သည် ဧဝမဟုတ်ဘဲ မြေကြီးပေါ်ရှိ ကိုယ်တော်၏ဝိညာဉ်တော်ဘိသိက်ခံကျေးကျွန်များ၏ အမိဖြစ်သော ယေဟောဝါ၏ကောင်းကင်အဖွဲ့အစည်းဖြစ်သည်။ (ဂလာတိ ၄:၂၆)—၆/၁၊ စာမျက်နှာ ၉။

▫ လူတစ်ဦးသည် မဟာဗာဗုလုန်မှ မည်သို့ထွက်လာနိုင်ပြီး လုံခြုံရာကို မည်သို့ရှာတွေ့နိုင်မည်နည်း။ (ဗျာဒိတ် ၁၈:၄)

သူသည် ဗာဗုလုန်ဘာသာရေးဆိုင်ရာ အဖွဲ့အစည်းများ၊ သူတို့၏ထုံးစံဓလေ့များနှင့် သူလှုံ့ဆော်ပေးသောသဘောထားများမှ လုံးဝတသီးတခြားနေရမည်ဖြစ်သည်။ ထို့နောက် ယေဟောဝါရှင်၏သီအိုကရက်တစ်အဖွဲ့အစည်းအတွင်း၌ လုံခြုံမှုကို ရှာဖွေသင့်သည်။ (ဧဖက် ၅:၇-၁၁)—၆/၁၊ စာမျက်နှာ ၁၈။

▫ သမ္မာကျမ်းစာထဲ၌ လင်းယုန်ကို အဘယ့်ကြောင့် မကြာခဏကိုးကားဖော်ပြရသနည်း။

ကျမ်းရေးသူများသည် ဉာဏ်ပညာ၊ ဘုရားသခင်၏ကာကွယ်စောင့်မမှုနှင့် လျင်မြန်သွက်လက်မှုကဲ့သို့သောအရာများကို အမှတ်သင်္ကေတပြုရန် လင်းယုန်၏စရိုက်လက္ခဏာများကို အသုံးပြုခြင်းဖြစ်သည်။—၆/၁၅၊ စာမျက်နှာ ၈။

▫ မြေကြီးမျှော်လင့်ချက်ရှိသော ယနေ့ခေတ်ရှိ ဘုရားသခင်၏ကျေးကျွန်များသည် ဘုရားသခင်၏ဝိညာဉ်တော်ကို ဝိညာဉ်တော်ဘိသိက်ခံခရစ်ယာန်များရရှိသလောက် ရရှိပါသလော။

အခြေခံအားဖြင့် အဖြေမှာ ရရှိသည်ဟူ၍ဖြစ်သည်။ ဘုရားသခင်၏ဝိညာဉ်တော်ကို နှစ်တန်းစားစလုံး ညီမျှစွာရရှိနိုင်ကြပြီး အသိပညာနှင့် သိနားလည်မှုတွင် နှစ်တန်းစားစလုံး ညီမျှစွာရယူနိုင်ကြကာ ယင်းကိုရယူနိုင်သည့် ညီမျှသောအခွင့်အရေးများရှိကြသည်။—၆/၁၅၊ စာမျက်နှာ ၃၁။

▫ ယေရုရှလင်ဗိမာန်တော်တွင် ဣသရေလယဇ်ပုရောဟိတ်များ ဆောင်ရွက်ကြသည့် ဝတ်ပြုရေးလုပ်ငန်းကို သုံးသပ်စိစစ်ကြည့်ခြင်းဖြင့် ယနေ့ ကျွန်ုပ်တို့အတွက် အဘယ့်ကြောင့်အကျိုးရှိနိုင်သနည်း။

ယင်းသို့စိစစ်ခြင်းအားဖြင့် အပြစ်သားလူတို့ကို ဘုရားသခင်နှင့်ပြန်လည်ပေါင်းစည်းလာစေနိုင်သည့် ကရုဏာအစီအစဉ်ကို ကျွန်ုပ်တို့ ပိုမိုပြည့်ဝစုံလင်စွာ နားလည်သဘောပေါက်လာနိုင်သည်။ (ဟေဗြဲ ၁၀:၁-၇)—၇/၁၊ စာမျက်နှာ ၈။

▫ ယေရုရှလင်မြို့တွင်တည်ဆောက်ခဲ့သော ဒုတိယဗိမာန်တော်သည် ရှောလမုန်တည်ဆောက်ခဲ့သောဗိမာန်တော်ထက် သာ၍ကြီးမားသော ဘုန်းကျက်သရေကို မည်သို့ရရှိခဲ့သနည်း။

ဒုတိယဗိမာန်တော်သည် ရှောလမုန်၏ဗိမာန်တော်ထက် နှစ်ပေါင်း ၁၆၄ နှစ် သက်တမ်းပိုရှည်ခဲ့သည်။ ဗိမာန်တော်ရင်ပြင်များအတွင်းသို့ သာ၍များသောတိုင်းနိုင်ငံများမှ များစွာသောဝတ်ပြုသူများ အစုလိုက်အအုပ်လိုက်လာရောက်ခဲ့ကြသည်။ ထိုထက်ကား ဘုရားသခင့်သားတော် ယေရှုခရစ်သည် ယင်း၏ရင်ပြင်အတွင်း သွန်သင်ပို့ချခြင်းဖြင့် ဤဒုတိယဗိမာန်တော်သည် အကြီးအကျယ်အမွှမ်းတင်ခြင်းခံခဲ့ရလေသည်။—၇/၁၊ စာမျက်နှာ ၁၂၊ ၁၃။

▫ ဘုရားသခင်သည် မိမိ၏ဝိညာဏဗိမာန်တော်ကို မည်သည့်အချိန်က ထုတ်ဖော်ခဲ့သနည်း။

ယေရှု၏နှစ်ခြင်းဆုတောင်းချက်ကို ဘုရားသခင်နှစ်သက်လက်ခံတော်မူကြောင်း ပြသခဲ့ချိန်ဖြစ်သည့် စီ.အီး. ၂၉ တွင် ၎င်းကို ထုတ်ဖော်ခဲ့သည်။ (မဿဲ ၃:၁၆၊ ၁၇) ယေရှုကိုယ်ခန္ဓာဆက်သခြင်းကို ဘုရားသခင်နှစ်သက်လက်ခံခြင်းက ဝိညာဏသဘောအရ ယေရုရှလင်ဗိမာန်တော်တွင်ရှိသော ယဇ်ပလ္လင်ထက် သာ၍ကြီးမြတ်သော ယဇ်ပလ္လင်တစ်ခု လှုပ်ရှားဆောင်ရွက်လာပြီဟူသည့် အဓိပ္ပာယ်ဖြစ်သည်။—၇/၁၊ စာမျက်နှာ ၁၄၊ ၁၅။

▫ ကျွန်ုပ်တို့သည် အဘယ်ကြောင့် ခွင့်လွှတ်တတ်ရသနည်း။

ခရစ်ယာန်စည်းလုံးမှုကို ဆက်လက်ထိန်းသိမ်းလိုပါက ဝန်ချတောင်းပန်သောအပြစ်ပြုသူတစ်ဦးကို ခွင့်လွှတ်ရန် လိုအပ်သည်။ ရန်ငြိုးဖွဲ့ခြင်းနှင့် မနာလိုမှုကိုမွေးမြူထားခြင်းဖြင့် စိတ်ငြိမ်သက်မှုကို ကျွန်ုပ်တို့ဆုံးရှုံးရလိမ့်မည်။ အကယ်၍ ကျွန်ုပ်တို့သည် ခွင့်လွှတ်တတ်ခြင်းမရှိပါက တစ်နေ့နေ့တွင် ကျွန်ုပ်တို့၏အပြစ်များကို ယေဟောဝါဘုရားသခင် ဘယ်တော့မျှ ခွင့်မလွှတ်တော့သည့်အဖြစ်သို့ရောက်မည့် အန္တရာယ်ရှိလေသည်။ (မဿဲ ၆:၁၄၊ ၁၅)—၇/၁၅၊ စာမျက်နှာ ၁၈။

▫ ဣသရေလလူမျိုးတို့သည် မည်သို့ သန့်ရှင်းမှုရှိလာနိုင်မည်နည်း။

သူတို့သည် သန့်ရှင်းသောဘုရားသခင် ယေဟောဝါနှင့် ရင်းနှီးသောဆက်ဆံရေးရှိခြင်း၊ ကိုယ်တော့်ကို စင်ကြယ်စွာဝတ်ပြုကိုးကွယ်ခြင်းအားဖြင့်သာ သန့်ရှင်းမှုရှိနိုင်ပေမည်။ ကိုယ်ကာယနှင့် ဝိညာဏစင်ကြယ်မှုဖြင့် သန့်ရှင်းစွာကိုယ်တော့်ကိုဝတ်ပြုကိုးကွယ်နိုင်ရန်အလို့ငှာ “သန့်ရှင်းတော်မူသောဘုရား” နှင့်ဆိုင်သည့် တိကျမှန်ကန်သောအသိပညာကို သူတို့လိုအပ်သည်။ (သု. ၂:၁-၆; ၉:၁၀)—၈/၁၊ စာမျက်နှာ ၁၁။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ