ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၆ ၃/၁၅ စာ. ၇
  • သူတို့၏အကြီးမြတ်ဆုံးမိတ်ဆွေ၏ ထောက်မမှုခံရ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သူတို့၏အကြီးမြတ်ဆုံးမိတ်ဆွေ၏ ထောက်မမှုခံရ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျွန်တော်ယေဟောဝါကို မှီခိုအားထားတတ်လာခဲ့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • ဝတ်ပြုကိုးကွယ်မှုအတွက် ညှဉ်းပန်းနှိပ်စက်ခြင်း အဘယ်ကြောင့်နည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
  • ကွန်မြူနစ်တိုင်းပြည်တွင် ဘုရားသခင်ကိုယုံကြည်ခြင်းစိုးမိုး
    နိုးလော့!—၁၉၉၇
  • ယေဟောဝါသက်သေတွေက ဘယ်လိုလူတွေလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
က၉၆ ၃/၁၅ စာ. ၇

သူတို့၏အကြီးမြတ်ဆုံးမိတ်ဆွေ၏ ထောက်မမှုခံရ

ယေဟောဝါသက်သေများကို ခင်မင်ရင်းနှီးမှုတစ်ခုက အထူးထောက်မပေးသည်။ ယင်းကား သူတို့၏အကြီးမြတ်ဆုံးမိတ်ဆွေ ယေဟောဝါဘုရားသခင်နှင့် တန်ဖိုးကြီးမားသောဆက်ဆံရေးပင်တည်း။ (ယာကုပ် ၂:၂၃ နှိုင်းယှဉ်။) ကိုယ်တော်သည် သူတို့ကို ယုံကြည်ခြင်းအကြီးအကျယ်စမ်းသပ်မှုများအတွင်း ထောက်မပေးတော်မူသည်။

ယေဟောဝါသက်သေများ၏ သမာဓိမှတ်တမ်းကို ကြည့်ရှုမှတ်သားမိသူများစွာက ချီးမွမ်းခဲ့ကြသည်။ သူတို့ထဲမှတစ်ဦးမှာ ကွန်မြူနစ်ချွေးတပ်စခန်းများတွင် နှစ်ပေါင်းများစွာနေခဲ့ပြီးနောက် ၁၉၆၈ ခုနှစ်တွင် ချက်ကိုစလိုဗားကီးယားနိုင်ငံမှ ပြောင်းရွှေ့လာသော ဒဿနိကဗေဒနှင့် သဘာဝသိပ္ပံပညာရှင် ဒေါက်တာ ယေးရ်ဇီး ခရူပစ်ကာဖြစ်သည်။ သူ၏စာအုပ်ဖြစ်သော ရီနက်စွန့်စ် ရိုဇူးမူး (အသိပညာပြန်လည်ဆန်းသစ်ခြင်း) ၌ ကြားနေမှုကြောင့် ထောင်ချခံရသော သက်သေခံများ၏ ဒုက္ခသုက္ခနှင့် တည်ကြည်ခိုင်မာမှုအကြောင်း မှတ်ချက်ချထားသည်။

ကွန်မြူနစ်အစိုးရ၏လက်အောက်တွင် ယေဟောဝါသက်သေများစွာသည် သူတို့၏ယုံကြည်ခြင်းကြောင့် ထောင်ဒဏ်အပြစ်ပေးခံရကြသည်။ ထောင်ချခံရသော်လည်း စစ်ပွဲအတွက်ရည်ရွယ်ထုတ်လုပ်သည့် ယူရေနီယမ်တူးဖော်ခိုင်းသည်ကို ငြင်းဆန်ခဲ့ကြသည်။ (ဟေရှာယ ၂:၄) ခရူပစ်ကာက ၁၉၅၂ ခုနှစ်တွင် မိုင်းတစ်ခု၌သူတွေ့ခဲ့သည့် မြင်ကွင်းတစ်ခုကို ဖော်ပြသည်။ ခိုက်ခိုက်တုန်အောင်အေးသည့် ဆောင်းရာသီတွင် ရေခဲတိုင်အလားမတ်မတ်ကြီးဖြစ်နေသော ပုံသဏ္ဌာန်နှစ်ခုကို သူတွေ့ခဲ့သည်။ သူတို့၏ခေါင်းနှင့် ခန္ဓာကိုယ်အပေါ်ပိုင်းကို သတ္တုစည်ပိုင်းများဖြင့် အုပ်ထားသည်။

ခရူပစ်ကာဤသို့ရေးသားသည်– “စုတ်ပြတ်နေသောထောင်ဝတ်စုံနှင့် နံနက်စောစောကတည်းက သူတို့အပြင်တွင်မတ်တပ်ရပ်ခဲ့ကြရသည်။ သူတို့သည် အေးခဲနေသောခြေထောက်များပေါ်တွင် ဤမျှကြာကြာ မည်သို့ရပ်နိုင်ခဲ့သနည်း။ ယုံကြည်ခြင်း၏ စွမ်းပကားကြောင့်ဖြစ်သည်။ စည်ပိုင်းများမှာ ဟောင်းနွမ်းညစ်ထေးနေသည်။ ရက်စက်သူတစ်ဦးက သူတို့ကိုလွှသွားကဲ့သို့ဖြစ်နေသော နှုတ်ခမ်းရှိစည်ပိုင်းများဖြင့် တအားကုန်စွပ်ချလိုက်ရာ တစ်ဦး၏အင်္ကျီပေါက်ပြဲပြီး အသားထဲစူးဝင်သွား၍ သူ့အင်္ကျီလက်မှ သွေးတစက်စက်ကျနေသည်။

“အစောင့်စစ်သားက သူတို့ရှေ့တွင် ကျွန်တော်တို့အတန်းကို ရပ်စေပြီး စစ်ဗိုလ်က ကျွန်ုပ်တို့ကို တိုတိုတုတ်တုတ်ဟောပြောသည်။ အလုပ်လုပ်ဖို့ငြင်းဆန်ခြင်းဟာ ပုန်ကန်ခြင်းပဲ၊ အခုလိုပဲ အပြစ်ဒဏ်ခံရမယ်ဟု သူကပြောခဲ့သည်။ စစ်၊ သတ်ဖြတ်မှုတို့နဲ့ပတ်သက်ပြီး အစွဲအလမ်းကြီးနေတဲ့ဘယ်ပေါက်ကရစကားကမှ . . . ရန်သူတွေဖြစ်တဲ့ ဒီစစ်ဆန့်ကျင်သူတွေကို ကူမှာမဟုတ်ဘူး။”

စစ်ဗိုလ်က သတ္တုချောင်းတစ်ချောင်းကို ကောက်ကိုင်လိုက်ပြီး စည်ပိုင်းတစ်ခုကို ရိုက်ချလိုက်သည်။ စည်ပိုင်းထဲမှ ထိုလူသည် စည်ပိုင်းနှင့်အတူ ခွေကျသွားသည်။ နောက်ထပ်ဖြစ်ပျက်ခဲ့သည့်အရာကို ခရူပစ်ကာ၏စိတ်ထဲတွင် စွဲကျန်ရစ်သွားသည်။

သူဤသို့ဆိုသည်– “စည်တွေထဲကနေ သီချင်းဆိုသံထွက်လာတယ်။ ဘယ်အရာကိုမဆို ဘယ်နေရာကနေပဲဖြစ်ဖြစ်—ဟောင်းနွမ်း၊ သံချေးတက်နေတဲ့ယူရေနီယမ်စည်တွေထဲက အားယူသီဆိုသံကိုတောင်—ကြားနိုင်တဲ့ ဘုရားသခင်ဆီ ညင်သာ၊ တိုးတိုးရေရွတ်တဲ့ဆုတောင်းသံတစ်သံ။ အဲဒီအသံဟာ ဘုရားရှိခိုးကျောင်းတစ်ကျောင်းထဲက သံပြိုင်သီဆိုတဲ့ဓမ္မတေးသံထက်ကို ကိုယ်တော်အတွက် ပိုကျယ်မှာပါ။”

၁၉၉၃၊ စက်တင်ဘာ ၁ ရက်နေ့တွင် ချက်ခ်ပြည်သူ့သမ္မတနိုင်ငံရှိ ယေဟောဝါသက်သေများ၏လုပ်ငန်းကို တရားဝင်အသိအမှတ်ပြုခဲ့သည်။ ချက်ခ်သက်သေခံများသည် ယခုအခါတွင် မိမိတို့၏ခရစ်ယာန်ပညာရေးလုပ်ငန်းကို လွတ်လွတ်လပ်လပ်ဖြင့် ဝမ်းမြောက်ဝမ်းသာဆက်၍ သယ်ပိုးနေကြသည်။ မှန်ပါသည်၊ သူတို့သည် မိမိတို့၏အကြီးမြတ်ဆုံးမိတ်ဆွေ ယေဟောဝါအကြောင်း အခြားသူများကို မြိန်ရေရှက်ရေပြောပြနေကြပါသည်။

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

ချက်ခ်ပြည်သူ့သမ္မတနိုင်ငံ၌ စည်းဝေးကြီးတက်ရောက်သူများ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ