ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၆ ၃/၁ စာ. ၃၂
  • သင်တို့၏အလင်းကို လင်းစေကြလော့!

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင်တို့၏အလင်းကို လင်းစေကြလော့!
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
က၉၆ ၃/၁ စာ. ၃၂

သင်တို့၏အလင်းကို လင်းစေကြလော့!

အဘိုးအိုစောင့်မျှော်ခဲ့သော ကတိတော်နှင့်အညီ ကြွရောက်တော်မူမည့်မေရှိယကို သူတွေ့ မြင်ရတော့မည့်အချိန် တိုင်လေပြီ! ရှုမောင်သည် “ထာဝရဘုရား၏ခရစ်တော်ကို မမြင်မီ မသေရ” ဟုဗျာဒိတ်တော်ခံရခြင်းအားဖြင့် သိရှိသည်။ (လုကာ ၂:၂၆) သို့တိုင် ရှုမောင်သည် ဗိမာန်တော်ထဲဝင်၍ မာရိနှင့်ယောသပ်တို့က သူငယ်ယေရှုကို ချီပိုက်ရန် အဘိုးအိုအားအပ်နှင်းချိန်တွင် သူသည် မည်မျှပီတိဖြစ်ခဲ့မည်တကား! သို့ ဖြစ်၍ သူက ဘုရားသခင်၏ကျေးဇူးတော်ကို ဤသို့ချီးမွမ်းထောမနာပြုလေသည်– “အစိုးရတော်မူသောအရှင် . . . ကိုယ်တော်၏ကျွန်သည် ငြိမ်ဝပ်စွာ စုတေ့ရသောအခွင့်ကို ကိုယ်တော်သည် ယခုတွင် ပေးတော်မူ၏။ ကိုယ်တော်၏လူ ဣသရေလအမျိုးကို ချီးမြှောက်စေခြင်းငှာလည်းကောင်း၊ တစ်ပါးအမျိုးသားတို့ကို လင်းစေခြင်းငှာလည်းကောင်း . . . ကယ်တင်သောသခင်ကို အကျွန်ုပ်သည် ကိုယ်မျက်စိနှင့် မြင်ရပါ၏။”—လုကာ ၂:၂၇-၃၂; ဟေရှာယ ၄၂:၁-၆ နှိုင်းယှဉ်။

ယေရှုသည် နှစ်ခြင်းခံယူတော်မူသော အသက် ၃၀ အရွယ်မှ သေသည့်တိုင်အောင် လောက၏ “အလင်း” ဖြစ်ကြောင်း သက်သေထူတော်မူသည်။ အဘယ်နည်းများဖြင့်နည်း။ ကိုယ်တော်သည် မြေကြီးပေါ်တွင် ဓမ္မအမှုဆောင်ရွက်သည့်ကာလတစ်လျှောက် ဘုရားသခင်၏နိုင်ငံတော်နှင့် ရည်ရွယ်တော်မူချက်များအကြောင်းကို ဟောပြောခြင်းအားဖြင့် ဝိညာဏအလင်းကို ထွန်းလင်းတော်မူခဲ့သည်။ ကိုယ်တော်သည် မှောက်မှားသော ဘာသာရေးသွန်သင်ချက်များကိုသာမက အမှောင်နှင့်ဆိုင်သောအကျင့်များကိုပါ ရှင်းလင်းပြတ်သားစွာ ဖော်ထုတ်တော်မူခဲ့သည်။ (မဿဲ ၁၅:၃-၉; ဂလာတိ ၅:၁၉-၂၁) ထို့ကြောင့် ယေရှုသည် ဤသို့မှန်ကန်စွာ မိန့်တော်မူနိုင်သည်– “ငါသည် ဤလောက၏အလင်းဖြစ်၏။”—ယောဟန် ၈:၁၂။

ယေရှုသည် စီ.အီး. ၃၃ ၌သေဆုံးတော်မူခဲ့၏။ ထိုအချိန်တွင် အလင်းပျောက်လွင့်သွားပါသလော။ အဘယ်နည်းဖြင့်မျှ မပျောက်ချေ! ကမ္ဘာပေါ်ရှိစဉ်တွင် တပည့်တော်များအား ယေရှုက “သူတစ်ပါးရှေ့၌ သင်တို့အလင်းကို လင်းစေကြလော့” ဟုမိန့်မှာတော်မူခဲ့သည်။ (မဿဲ ၅:၁၆) ထို့ကြောင့် ယေရှုသေဆုံးတော်မူပြီးနောက် တပည့်တော်များသည် အလင်းကို ဆက်လက်လင်းစေခဲ့ကြသည်။

ယခုခေတ်ခရစ်ယာန်များသည် ယေရှုကိုတုပကာ ဟောပြောခြင်းလုပ်ငန်း၌ ပါဝင်ခြင်းအားဖြင့် ယေဟောဝါ၏အလင်းတော်ကို ရောင်ပြန်ဟပ်ကြသည်။ သူတို့သည် “အလင်း၏သားကဲ့သို့ ကျင့်” ကြံနေကြကာ ခရစ်ယာန်အသက်တာနှင့်ပတ်သက်၍ ထင်ရှားသောပုံနမူနာများဖြစ်ကြောင်း သက်သေထူကြသည်။—ဧဖက် ၅:၈။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ