ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၆ ၂/၁၅ စာ. ၃၂
  • အကြွင်းမဲ့စစ်မှန်သော အမှန်တရား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အကြွင်းမဲ့စစ်မှန်သော အမှန်တရား
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
က၉၆ ၂/၁၅ စာ. ၃၂

အကြွင်းမဲ့စစ်မှန်သော အမှန်တရား

P၆၄ ဟုသိကြသည့် မဿဲခရစ်ဝင်ကျမ်း၏ စာမူမှ အပိုင်းငယ်လေးသုံးစသည် ၁၉၀၁ ခုနှစ်ကတည်းက အင်္ဂလန်နိုင်ငံ၊ အောက်စဖော့ဒ်မြို့ရှိ မဂ္ဂဒလန်ကောလိပ်၏ပိုင်ဆိုင်ရာအဖြစ် တည်ရှိနေခဲ့ပြီ။ ယင်းတို့သည် စီ.အီး. ဒုတိယရာစု အကုန်ပိုင်းအချိန်ကဖြစ်သည်ဟု ပညာရှင်များ အတန်ကြာယုံကြည်ခဲ့ကြသည်။

မကြာသေးမီက ဂျာမနီနိုင်ငံ၊ ပါးဒဘောန်မြို့နေ ကျူစာ ပါရဂူ ကာရ်စတင် ပီ. တီးဒဲသည် မဿဲ အခန်းကြီး ၂၆ မှ အခန်းငယ် ၁၀ ခု၏အပိုင်းများပါဝင်သော P၆၄ ကိုစေ့စပ်သေချာစွာ စစ်ဆေးလေ့လာခဲ့သည်။ ရလဒ်ကားအဘယ်နည်း။ စစ်တ်ရှရစ်ဖ်ဖူဝယ်ရ်ပါပူဝယ်ရိုလိုဂျီအန့်တ်အေပီဂရပ်ဖစ် (ကျူစာလေ့လာမှုနှင့် ကမ္ပည်းကျောက်စာပညာဂျာနယ်) တွင်ရေးသားကာ တီးဒဲသည် အောက်စဖော့ဒ်မြို့ရှိ ထိုအပိုင်းငယ်များကို “အေဒီ ၇၀ မတိုင်မီက ဖြစ်ကောင်းဖြစ်နိုင် (သို့သော် ဖြစ်ချင်မှဖြစ်မည့်) ပထမရာစုမှ ခရစ်ယာန်ကိုဒက်အပိုင်း” ဖြစ်သည်ဟု ဖော်ပြထားသည်။

တီးဒဲ၏ထင်မြင်ချက်များသည် သတင်းစာနှင့် ပညာရှင်အသိုင်းအဝိုင်းကြား၌ လှုပ်လှုပ်ရွရွဖြစ်သွားစေသည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ခရစ်ဝင်ကျမ်းများမှ ရှေးအကျဆုံးဟု ယနေ့လက်ခံထားသည့် ကျန်ရှိသောအပိုင်းသည် P၅၂ ဖြစ်ခြင်းကြောင့်တည်း။ ၎င်းသည် စီ.အီး. ၁၂၅ ခန့်က သို့မဟုတ် ဒုတိယရာစုထက်မစောသော ယောဟန်ခရစ်ဝင်ကျမ်း၏ အပိုင်းအစဖြစ်သည်။

P၆၄ ကျူစာပေ အပိုင်းအစများကို တပ်ထားသည့် ရက်စွဲအသစ်အား လူအများ လက်ခံမခံကိုကား စောင့်ကြည့်ရလိမ့်မည်။ မည်သို့ဆိုစေကာမူ အစောပိုင်းရက်စွဲသည် P၆၄ ကို ယခုခေတ်ရှိ ခရစ်ဝင်ကျမ်းများမှ ရှေးအကျဆုံးအပိုင်းအစများဖြစ်စေသည်သာမက ခရစ်ဝင်ကျမ်း၏ အမှန်တရားကို ထောက်ခံပေးနိုင်သည့် ယေရှုဘဝအဖြစ်အပျက်များ၏ မျက်မြင်သက်သေမြောက်မြားစွာရှိနေစဉ် စီ.အီး. ၇၀ မတိုင်မီကပင် ဖြစ်ကောင်းဖြစ်မည့် ပထမရာစုအချိန်၌ အမှန်တကယ်ပင် မဿဲခရစ်ဝင်ကျမ်းကိုရေးသားခဲ့ခြင်းဖြစ်ကြောင်းလည်း ထပ်ဆင့်သာဓကဖြစ်ပါလိမ့်မည်။

[Picture Credit Line on page 32]

အောက်စဖော့ဒ်၊ မဂ်ဒလန်ကောလိပ်၏ဥက္ကဋ္ဌနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များ၏ခွင့်ပြုချက်အရ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ