ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၅ ၁၀/၁၅ စာ. ၃-၄
  • ကြောက်ရွံ့မှု–မိတ်ဆွေလော၊ ရန်သူလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကြောက်ရွံ့မှု–မိတ်ဆွေလော၊ ရန်သူလော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျွန်ုပ်တို့ ဘုရားသခင်ကို အဘယ်ကြောင့် ကြောက်ရွံ့သင့်သနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • ယေဟောဝါအားကြောက်ရွံ့သည့် စိတ်နှလုံးကို မွေးမြူလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
  • အဘယ်ကြောင့် လူကိုမကြောက်ဘဲ ဘုရားအားခန့်ညား ရသနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • ယေဟောဝါအားကြောက်ရွံ့ခြင်းမှ ရွှင်လန်းမှုကိုတွေ့ရန်သင်ယူခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
က၉၅ ၁၀/၁၅ စာ. ၃-၄

ကြောက်ရွံ့မှု–မိတ်ဆွေလော၊ ရန်သူလော

“ကျွန်မဘယ်လိုသေချင်တယ်ဆိုတာ စဉ်းစားနေမိတယ်။ သေနတ်တော့ အပစ်မခံချင်ဘူး။ တကယ်လို့အပစ်ခံရရင်တောင် ခေါင်းရဲ့ဒီနေရာမှာဘဲ အပစ်ခံချင်တယ်။ ဒါမှ ချက်ချင်း သေမှာ။”

ယင်းကို ၁၄ နှစ်အရွယ်မိန်းကလေးတစ်ယောက်ထံမှ လော့စ် အိန်ဂျလိစ် တိုင်းမ်စ် အတွက် သတင်းထောက်တစ်ဦး ကြားသိခဲ့ရသည်။ သူသည် မကြာမီကဖြစ်ပျက်ခဲ့သည့် သတ်ဖြတ်မှုများ—လူကြီးများနှင့် အခြားလူငယ်များကိုပါ သတ်ဖြတ်ကြသောလူငယ်များ—အကြောင်းကို ကျောင်းသားများအား တွေ့ဆုံမေးမြန်းနေခြင်းဖြစ်သည်။ ထိုသတင်းဆောင်းပါးကို “ကြောက်ရွံ့နေသောလောက” ဟူ၍ ခေါင်းစဉ်တပ်ထားသည်။

အများသောသူတို့သည် ကြောက်ရွံ့နေသောလောကတွင် အသက်ရှင်နေရကြောင်း သင်သိမည်မလွဲ။ ဘာကို ကြောက်ရွံ့နေကြသနည်း။ ကြောက်ရွံ့မှုများမှတစ်ခုကိုသာ ခွဲခြားဖော်ပြရန်မှာ ခက်ပေမည်။ အနားရှိလေးထောင့်ကွက်တွင် သင့်မိတ်ဆွေနှင့် သင့်ဒေသရှိလူအများ ကြောက်ရွံ့ကြသည့်အရာကို သင်တွေ့နိုင်မတွေ့နိုင် ကြည့်ကြည့်ပါ။ ဤလေးထောင့်ကွက်ကို ၁၉၉၃၊ နိုဝင်ဘာ ၂၂ ထုတ် နယူးစ်ဝိခ်မှ ကောက်နုတ်ထားပြီး၊ ယင်းက “မိဘများအပါအဝင် အသက် ၁၀ နှစ် နှင့် ၁၇ နှစ် ကြားရှိ လူငယ် ၇၅၈ ယောက်” တို့၏ ဆန္ဒကိုကောက်ခံရာမှ ရရှိသောအဖြေကို ဖော်ပြသည်။

ထိုလူငယ်များကို ယခုမေးမြန်းလျှင် ငလျင်ဒဏ်များကဲ့သို့သော ကြောက်ရွံ့မှုများကို ထပ်ဖြည့်ပေလိမ့်မည်။ ၁၉၉၄၊ ဇန်နဝါရီတွင် လော့စ် အိန်ဂျလိစ်၌ ငလျင်ဘေးကြီးကျပြီးနောက် တိုင်းမ်က ဤသို့ဖော်ပြသည်– “သွေးလန့်ပြီးနောက်ပိုင်းတွေ့ရသော စိတ်ကစဉ့်ကလျားလက္ခဏာများမှာ အတိတ်၏ပုံရိပ်များ ရုတ်တရက် ကွက်ကွက်ကွင်းကွင်းပေါ်လာခြင်း၊ အိမ်မက်ဆိုးမက်ခြင်း၊ လွန်လွန်ကဲကဲအိပ်မပျော်ခြင်းနှင့် အသက်တာကို မထိန်းချုပ်နိုင်သည့်အတွက် စိတ်တိုခြင်းတို့ ဖြစ်သည်။” ထိုဒေသမှပြောင်းရွှေ့ရန် စိတ်ပိုင်းဖြတ်ထားသည့် စီးပွားရေးသမားတစ်ဦးက ဤသို့ဆိုခဲ့သည်– “ပျက်စီးဆုံးရှုံးမှုက အကြောင်းမဟုတ်ပါဘူး။ ကြောက်လန့်မှုကသာဖြစ်တာ။ အောက်ထပ်မှာ ဖိနပ်စီးလျက်နဲ့ အိပ်ရာဝင်တာ။ အိပ်လို့မပျော်တာ။ အဲဒီမှာပဲ ညတိုင်းထိုင်ပြီးစောင့်နေတာ။ အဲဒါ တော်တော်ဆိုးတယ်ဗျာ။”

“သဘာဝဘေးဒဏ်တသီတတန်းကြီးက ဂျပန်လူမျိုးများကို ဗျာများစေ” ဟူသည် တိုကျိုမှ ၁၉၉၅၊ ဧပြီ ၁၁ ထုတ် သတင်းစာတစ်စောင်ကိုပေးထားသည့် ခေါင်းစဉ်ဖြစ်သည်။ ယင်းကဤသို့ပြောသည်–“နဗ်ကြောဓာတ်ငွေ့ဖြင့်တိုက်ခိုက် . . . ခြင်းက ဂျပန်လူမျိုး၏စိတ်အစဉ်ကို အထူးပြင်းထန်စွာထိုးနှက်ခဲ့ရာတစ်ခုဖြစ်သည်။ အကြောင်းမှာ ယင်းသည် အနာဂတ်နှင့်ပတ်သက်၍ မရေရာသည့်အခြေခံသစ်ကို စုပေါင်း၍ဖြစ်စေခဲ့သော ဖြစ်စဉ်တန်းအဝင်အဖြစ် ပေါ်ပေါက်လာသောကြောင့်တည်း။ လူများသည် တစ်ချိန်ကနေ့ရောညပါ လုံခြုံသည်ဟုကျော်ကြားခဲ့သော လမ်းများပေါ်၌ လုံခြုံသည်ဟုမခံစားရတော့ပေ။” လူကြီးများသာ ကြောက်ရွံ့ကြသည်မဟုတ်ပါ။ “ပါမောက္ခအီရှီကာဝါပြောသည်မှာ သူတို့အတွက်ဘာအနာဂတ်ရှိကြောင်း စိတ်ကူးထဲတွင် မသဲမကွဲဖြစ်လေ့ရှိသည့် လူငယ်များအကြားတွင် စိုးရိမ်မှုသည် ပို၍ထင်ရှားသည် ဟူ၍ဖြစ်သည်။”

သာဓကများအရ “ကြောက်လန့်ဖွယ်တွေ့ကြုံမှုတစ်ခုသည် နှစ်အတန်ကြာအထိပင် လူများကို အဒရီနယ်လင်ထုတ်လွှတ်မှုကို ပိုမိုလွယ်လွန်းစေအောင်ဖြစ်စေသော ဦးနှောက်ဆိုင်ရာဓာတုဖွဲ့စည်းမှုကို ပြောင်းလဲစေသည်။” သိပ္ပံပညာရှင်များသည် ဦးနှောက်က ကြောက်မက်ဖွယ်အခြေအနေတစ်ရပ်အား မည်သို့ရုပ်လုံးဖော်ပုံ—ကျွန်ုပ်တို့ မည်သို့အသေးစိတ် အကဲဖြတ်ပုံနှင့် ကြောက်ရွံ့မှုဖြင့်တုံ့ပြန်ပုံ—ကိုသိရှိရန်ကြိုးစားနေကြသည်။ ပါမောက္ခ ဂျိုးဇက် လာဒုက ဤသို့ရေးသားသည်– “သတ္တဝါတစ်ကောင်အား အခြေအနေတစ်ရပ်ကို ကြောက်ရွံ့ရမှန်းသိစေသော နဗ်ကြောလမ်းကြောင်းကိုဖော်ထုတ်နိုင်ပါက ဤမှတ်ဉာဏ်ပုံစံ၏ အကြမ်းဖျင်းဖွဲ့စည်းတည်ဆောက်ပုံကို ရှင်းပြနိုင်မည်ဟု မျှော်လင့်ရပါသည်။”

သို့ရာတွင် ကျွန်ုပ်တို့အများစုသည် ကြောက်ရွံ့မှုနှင့်ပတ်သက်၍ ဓာတုဗေဒ သို့မဟုတ် အာရုံကြောဆိုင်ရာတို့တွင် သိပ်စိတ်မဝင်စားလှပါ။ ကျွန်ုပ်တို့အမှန်တကယ်စိတ်ဝင်စားရာများမှာ ကျွန်ုပ်တို့ဘာကြောင့် ကြောက်ရသနည်း၊ မည်သို့တုံ့ပြန်သင့်သနည်း၊ ကောင်းသည့်ကြောက်ရွံ့မှု တစ်စုံတစ်ခုရှိသလော ဟူသည့် မေးခွန်း၏အဖြေများဖြစ်သည်။

တစ်ခါတစ်ရံ ကြောက်ရွံ့မှုက အကူအညီပေးနိုင်ကြောင်း သင်သဘောတူပေလိမ့်မည်။ ဥပမာ အိမ်သို့ သင်ချဉ်းကပ်လာချိန်၌ မှောင်နေမည်။ သေချာပိတ်ခဲ့လျက်နှင့် တံခါးကဟနေသည်။ လှုပ်ရှားနေသောအရိပ်များကို ပြတင်းပေါက်မှတစ်ဆင့် မြင်လိုက်ရသည်ဟု သင်ထင်၏။ ချက်ချင်းစိုးရိမ်ပူပန်စိတ်ဖြစ်လာပြီး တစ်ခုခုတော့မှားနေပြီကို သင်နားလည်လိုက်သည်။ သူခိုး သို့မဟုတ် ဓားကိုင်ကျူးကျော်သူတစ်ဦး အထဲတွင်ရှိနေမည်။

ထိုကဲ့သို့သောအခြေအနေများကြောင့် အလိုလိုဖြစ်ပေါ်လာသော သင့်ကြောက်ရွံ့မှုသည် အန္တရာယ်နယ်မြေထဲသို့ ရွှင်ရွှင်ပျပျကြီးလျှောက်ဝင်သွားခြင်းမှ သင်အားကယ်တင်နိုင်ပေမည်။ ဖြစ်လာနိုင်သည့်အန္တရာယ်ကို သင်မရင်ဆိုင်ရမီ ကြောက်ရွံ့မှုက ကြိုတင်ကာကွယ်ခြင်း သို့မဟုတ် အကူအညီတောင်းခံခြင်းပြုရန် ကူညီပေမည်။ မီးအားမြှင့်တင်ရန် သင်အားအချက်ပေးသော သင်္ကေတတစ်ခု; သင့်ဒေသအပေါ်သို့ မုန်တိုင်းအလျင်အမြန်လာနေပြီဖြစ်ကြောင်း ရေဒီယိုမှကြေညာချက်; ပြည့်ကျပ်နေသောလမ်းပေါ်တွင်မောင်းနေစဉ် သင့်ကားမှထွက်လာသော စူးရှသည့်စက်သံ စသည်တို့ကဲ့သို့သောဥပမာများ များစွာရှိပါသည်။

အချို့ကိစ္စများတွင် ကြောက်ရွံ့သောစိတ်သည် မိတ်ဆွေတစ်ဦးပင်ဖြစ်နိုင်သည်။ ယင်းသည် ကျွန်ုပ်တို့အား ကိုယ်တိုင်ကိုကာကွယ်ရန် (သို့) ပညာရှိရှိပြုမူရန် ထောက်ကူနိုင်သည်။ သို့သော် အမြဲတစေ သို့မဟုတ် ပြင်းထန်စွာကြောက်ရွံ့ခြင်းသည် အမှန်ပင်မိတ်ဆွေမဖြစ်နိုင်ကြောင်း ကျွန်ုပ်တို့ကောင်းစွာသိပါသည်။ ယင်းသည် ရန်သူဖြစ်သည်။ ယင်းသည် အသက်ရှုကျပ်စေ၊ နှလုံးတုန်စေ၊ မောပန်းစေ၊ ချောက်ချားစေ၊ ပျို့အန်ချင်စေ၊ ပတ်ဝန်းကျင်မှ ဖြတ်တောက်ခံရသည်ဟူသည့်ခံစားချက် ဖြစ်စေနိုင်သည်။

ကမ္ဘာပေါ်တွင် ကြောက်မက်ဖွယ်တိုးတက်မှုနှင့် အလွန့်အလွန်ကြောက်ရွံ့ခြင်းဖြင့် ကျွန်ုပ်တို့အချိန်သည် လက္ခဏာထင်ရှားမည်ဖြစ်ကြောင်း ကျမ်းစာကဖော်ပြထားကြောင်းကို သင်ပို၍စိတ်ဝင်စားပေမည်။ ယင်းသို့ အဘယ်ကြောင့်ဖြစ်ရသနည်း။ ကျွန်ုပ်တို့အသက်တာနှင့် တွေးခေါ်မှုအပေါ် အဘယ်အကျိုးသက်ရောက်စေသင့်သနည်း။ ထို့ပြင် ကျမ်းစာရှုထောင့်မှကြည့်လျှင် ကျွန်ုပ်တို့အားအထူးအကူအညီပေးပြီး အကျိုးလည်းရှိစေသော နေ့စဉ်ကြောက်ရွံ့ရသည့်အရာတစ်ခုရှိကြောင်း အဘယ်ကြောင့်ပြောနိုင်သနည်း။ ကြည့်ကြစို့။

[စာမျက်နှာ ၃ ပါ လေးထောင့်ကွက်]

သူတို့နှင့် သူတို့၏မိသားစုတို့ကို အများဆုံးကြောင့်ကြစေသောအရာများသည် အဘယ်နည်းဟုအမေးခံရသောအခါ လူကြီးနှင့် ကလေးများက သူတို့အဘယ်အရာများကိုကြောက်သည်ဟု ပြောသနည်းဟူမူ–

ကလေးများ မိဘများ

၅၆% မိသားစုဝင်များအပေါ် ကြမ်းတမ်းသောရာဇဝတ်မှု ၇၃%

၅၃% လူကြီးတစ်ဦး အလုပ်လက်မဲ့ဖြစ်ခြင်း ၆၀%

၄၃% အစားအသောက်မတတ်နိုင်ခြင်း ၄၇%

၅၁% ဆရာဝန်မခေါ်နိုင်ခြင်း ၆၁%

၄၇% နေစရာနေရာမတတ်နိုင်ခြင်း ၅၀%

၃၈% မိသားစုဝင်အတွင်း မူးယစ်ဆေးဝါးပြဿနာရှိခြင်း ၅၇%

၃၈% သူတို့၏မိသားစုအတူတကွမနေထိုင်ခြင်း ၃၃%

ရင်းမြစ်ဆောင်းပါး– နယူးစ်ဝိခ်၊ နိုဝင်ဘာ ၂၂၊ ၁၉၉၃

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ