“မည်သည့်လေကြောင်းမျှ မတည့်” သောအခါ
“လူတစ်ယောက်သည် အဘယ်ဆိပ်ကမ်းသို့ ဦးတည်နေကြောင်း မသိသောအခါ မည်သည့်လေကြောင်းမျှ မတည့်ချေ။” ဤစကားများကို ပထမရာစု ရောမဒဿနိကပညာရှင် လူးကီးယပ်စ် အန်နီးယပ်စ် စီနီကာ၏စကားများအဖြစ် ယူမှတ်ခဲ့ကာ ကြာမြင့်စွာကပင်အသိအမှတ်ပြုခဲ့သည့်အမှန်တရားဖြစ်သည့်အသက်တာတွင် ဦးတည်ချက်ရှိရန် ပန်းတိုင်များသည် အရေးကြီးလှသည် ဟူသည့်စကားမှာခြေမြစ်ကြောင်းထင်ရှားပြသသည်။
သို့ရာတွင် ဘဝသည် ဦးတည်ချက်မဲ့လေတိုက်ရာလွင့်လေ့ရှိသည်။ လူများသည် နေ့စဉ်ဘဝအသက်တာ၏ ကျောက်ဆောင်များနှင့် ဝဲဂယက်များကို ရှောင်ကွင်းနိုင်ရုံနှင့် ကျေနပ်နေကြသည်။ ဦးတည်ရာနေရာအတိအကျမရှိဘဲ သူတို့သည် “လေက ရှေ့သို့သယ်ဆောင်သွားပြီး တစ်ခဏတွင် နောက်သို့ပြန်ခေါက်သယ်ဆောင်သွားသည့်” လှိုင်းများကဲ့သို့ဖြစ်လာသည်။ (ယာကုပ် ၁:၆၊ Phillips) ဤကဲ့သို့သောလူစားမျိုးအတွက် “မည်သည့်လေကြောင်းမျှ မတည့်ချေ။”
ကျမ်းစာက ယနေ့ခရစ်ယာန်များအတွက် စံနမူနာများအဖြစ် ရှေ့တွင်ပန်းတိုင်ထားခဲ့သည့် သူများ၏ပုံသက်သေများကို ပေးထားသည်။ မောရှေသည် “နောင်ရလတ္တံ့သောအကျိုးကို ထောက်စာမျှော်လင့်လျက်နေ၏။” (ဟေဗြဲ ၁၁:၂၆) ပေါလုဤသို့ရေးသားခဲ့သည်– “ငါသည် ဆုကိုရရန်ပန်းတိုင်သို့ ရှေ့ ရှုလျက်ပြေး၏။” သူက ယုံကြည်သူချင်းတို့ကို “ဤစိတ်သဘောမျိုးထားရှိ” ရန် တိုက်တွန်းအားပေးခဲ့သည်။—ဖိလိပ္ပိ ၃:၁၄၊ ၁၅၊ သတင်းကောင်း။
ကျွန်ုပ်တို့၏မျက်စိများသည် ကျမ်းစာပရောဖက်ပြုချက်များပေါ်တွင် အမြဲမပြတ်စူးစိုက်ထားခြင်းဖြင့် ဤကဲ့သို့သော ရှေ့တွင်ပန်းတိုင်ထားသည့်ပုဂ္ဂိုလ်များ၏ယုံကြည်ခြင်းကို တုပနိုင်ပါစေ။—ဟေဗြဲ ၁၃:၇ နှိုင်းယှဉ်။