ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၅ ၇/၁၅ စာ. ၂-၃
  • ဤလောကကို ဘုရားသခင် အစိုးရသလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဤလောကကို ဘုရားသခင် အစိုးရသလော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • ဆင်တူတဲ့ အကြောင်းအရာ
  • “ကျွန်ုပ်တို့၏နာခံမှုကို မည်သူ ရထိုက်သနည်း” ဟူသော လူထုဟောပြောပွဲကို လာရောက် နားထောင်ပါလေ
    နိုးလော့!—၂၀၀၅
  • အိမ်စည်းကမ်းတွေက အရေးကြီးသလား
    လူငယ်များအမေး
  • နာခံမှု အရေးကြီးသောကလေးဘဝ သင်ခန်းစာလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
  • “နာခံတတ်ဖို့ သင်ယူခဲ့တယ်”
    “ကျွန်တော့်နောက်လိုက် လုပ်ပါ”
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
က၉၅ ၇/၁၅ စာ. ၂-၃

ဤလောကကို ဘုရားသခင် အစိုးရသလော

တနင်္ဂနွေနံနက်ဖြစ်သည်။ များစွာသောသူတို့သည် အိပ်ရာထပြီး အဝတ်အစားလဲလှယ်ကာ၊ နံနက်စာစားပြီးနောက် သုတ်သီးသုတ်ပျာနှင့် ချာ့ချ်သွားတက်ကြသည်။ သူတို့သည် ကမ္ဘာပေါ် အကြီးမြင့်ဆုံး တန်ခိုးအာဏာအဖြစ်၊ ပြိုင်ဘက်မရှိသောဘုရားသခင်သည် အုပ်ချုပ်တော်မူကြောင်းကို ထိုနေရာ၌ နားထောင်လိုက်ရသည်။ ကိုယ်တော်သည် လူတို့ကို အလွန်ချစ်တော်မူသည်ဟူ၍လည်း ပြောပြသည်။ ယေရှုခရစ်တော်အကြောင်းကိုလည်း ထည့်ပြောဆိုသေးသည်။ ကိုယ်တော်သည် လူတိုင်း၏ ဒူးထောက်နာခံမှုကိုရရှိသော ဘုရင်တကာတို့၏ဘုရင်ဖြစ်ကြောင်း သူတို့ကြားရပေမည်။

ချာ့ချ်မှ အိမ်သို့ပြန်ရောက်လာသည့်အခါ ဤသူတို့သည် ရုပ်မြင်သံကြားကိုဖွင့်ပြီး သတင်းနားထောင်နေသည်။ ယခုမူကား အစာခေါင်းပါးမှု၊ ရာဇဝတ်မှု၊ မူးယစ်ဆေးဝါးသုံးစွဲမှု၊ ဆင်းရဲနွမ်းပါးမှုများအကြောင်း သူတို့ကြားသိရသည်။ ရောဂါသည်များ၊ လူသေများ၏ ဝမ်းနည်းဖွယ်မြင်ကွင်းများကိုလည်း သူတို့မြင်လိုက်ရသည်။

ချာ့ချ်တွင် ဤသူများကြားခဲ့ရသည့်အကြောင်းများ၊ အထူးသဖြင့် ထိုတွင်တစ်ခါမျှ မရှင်းပြခဲ့ဖူးသောအကြောင်းများကို သူတို့သံသယဝင်လာပေမည်။ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာရှိပြီး အနန္တတန်ခိုးရှင်ဖြစ်တော်မူသည်ဆိုလျှင် ကြောက်မက်ဖွယ်ရာများ အဘယ်ကြောင့်ဖြစ်ပျက်နေရသနည်း။ ယေရှုခရစ်တော်နှင့်ပတ်သက်၍ကော၊ မည်သို့ဆိုမည်နည်း။ ထင်ရှားနေသည်ကား ကိုယ်တော့်ကို ဒူးထောက်နာခံမှုမပြသူ မြောက်မြားစွာရှိနေသည်။

[စာမျက်နှာ ၃ ပါ ရုပ်ပုံ]

လောကကို ဘုရားသခင်အစိုးရသည်ဆိုလျှင် ဤသို့သော ဆင်းရဲဒုက္ခများနှင့် ဗရုန်းသုန်းကားမှုများ အဘယ်ကြောင့်ရှိရသနည်း

[Picture Credit Line on page 2]

Cover: NASA photo

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ