ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၅ ၆/၁၅ စာ. ၃၂
  • မြေမဟီတစ်လွှား အမျိုးသမီးများ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မြေမဟီတစ်လွှား အမျိုးသမီးများ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
က၉၅ ၆/၁၅ စာ. ၃၂

မြေမဟီတစ်လွှား အမျိုးသမီးများ

ကနဦးလူမောင်နှံစုံတို့သည် ဘုရားသခင်ကို အန်တုပုန်ကန်သောအခါ ယေဟောဝါရှင်သည် သူတို့နှစ်ယောက်စလုံးနှင့် သူတို့၏မျိုးရိုးစဉ်ဆက်ကိုပါ ဒုက္ခပေးမည့် ဘေးတွေ့စေတတ်သောအကျိုးဆက်များကို ကြိုတင်မိန့်တော်မူခဲ့သည်။ ယေဟောဝါရှင်သည် ဧဝအားဤသို့မိန့်တော်မူသည်– “ကိုယ့်ယောက်ျားကို စုံမက်ခင်မင်၍ သူ့အနွံအတာကိုလည်းခံရမည်။” (ကမ္ဘာဦး ၃:၁၆၊ သမ) ကျမ်းစာက မိန်းမများအား နက်ရှိုင်းသောလေးစားရိုသေမှုရှိရန် အစဉ်တစိုက်အားပေးလာခဲ့ရာ သန်းနှင့်ချီသောအမျိုးသမီးများသည် မိမိတို့နှင့်မိမိတို့၏မိသားစုများက ကျမ်းစာမူများကို လက်တွေ့ကျင့်သုံးသောကြောင့် သာ၍ပျော်ရွှင် ကျေနပ်ဖွယ်ကောင်းသော အသက်တာကိုခံစားကြရသည်။

သို့ရာတွင် လူ့အခွင့်အရေးနှင့်ပတ်သက်သော မကြာသေးမီကသတင်းတစ်ပုဒ်အရ ကမ္ဘာတစ်လွှားရှိ အခြားအမျိုးသမီးများစွာမှာ အရှက်ခွဲခံရ၊ ခေါင်းပုံဖြတ်ခံရ၊ သိက္ခာချခံရကြသည်။ သတင်းအပေါ်ဝေဖန်ပြောဆိုချက်ကို အပြည်ပြည်ဆိုင်ရာရှေ့ပြေးတရားခွင် စာစောင်က ဤသို့ဖော်ပြသည်– “အပင်ပန်းအဆင်းရဲခံ ရှာဖွေထားချက်၌ ၁၉၃ နိုင်ငံမှ သတင်းတစ်ပုဒ်တွင် တစ်နေ့ပြီးတစ်နေ့ ခွဲခြားဆက်ဆံပြီး အဓမ္မပြုခံရသည့် နှလုံးမရွှင်ဖွယ် အခြေအနေကို ဖော်ပြထားသည်။”

ဥပမာအနည်းငယ်– အာဖရိကအလယ်ပိုင်းတွင် မိန်းကလေးများသည် ပင်ပန်းသောယာခင်းလုပ်ငန်းအများဆုံးကို လုပ်ကိုင်ကြရပြီး သူတို့တွင် ယောက်ျားလေးများ၏ သုံးချိုးတစ်ချိုးလောက်သာ ကျောင်းတက်ကြရသည်။ ဤတွင်ရှိနိုင်ငံတစ်နိုင်ငံတွင် အိမ်ထောင်ရေးဖောက်ပြားမှုသည် အမျိုးသမီးများအတွက် တရားမဝင်သော်လည်း အမျိုးသားများအတွက်မူ တရားဝင်ဖြစ်သည်။ နောက်အာဖရိကန်နိုင်ငံတစ်ခု၏ ဥပဒေက မိမိ၏ဇနီးသည် အိမ်ထောင်ရေးဖောက်ပြားနေသည်ကို မိသွားလျှင် သူမအား လင်သားဖြစ်သူက သတ်ပစ်ခြင်းကို အပြစ်မပေးဘဲထားသော်လည်း ထပ်တူအခြေအနေမျိုးတို့တွင် မိမိ၏လင်ကိုသတ်သည့် အမျိုးသမီးကိုမူ ဥပဒေက အပြစ်လွှတ်ခြင်းမရှိပါ။

တောင်အမေရိကအရပ်ဒေသများတွင် ရဲသားများသည် ရိုက်နှက်ခံရသောအမျိုးသမီးများကို မညှာတာကြကြောင်း သတင်းများကဆိုသည်။ ထို့အပြင် အလုပ်သမများသည် အမျိုးသားများထက် လုပ်ခ ၃၀ မှ ၄၀ ရာခိုင်နှုန်းထိ လျှော့ပေးခြင်းခံရလေ့ရှိသည်။

အာရှဒေသများတွင် အမျိုးသမီးများသည် အမြုံများဖြစ်ရန်နှင့် ကိုယ်ဝန်ဖျက်ချရန် အတင်းအကျပ်ပြုခံရသည့် သားကောင်များဖြစ်ကြရသည်။ နိုင်ငံတစ်နိုင်ငံတွင် ပြည့်တန်ဆာ ၅၀၀,၀၀၀ အထိပင်ရှိပြီး သူတို့ထဲမှအများမှာ ငွေရှာနေသောမိဘများက မိမိတို့အတွက် အိမ်အသစ်များဝယ်ဖို့ ယင်းနေရာသို့ ရောင်းစားလိုက်ခြင်းကို ခံကြရသည်။ နောက်နိုင်ငံတစ်ခုတွင် ရဲသားများသည် “မင်္ဂလာကြေးသေဆုံးမှုများ” ကို နေရာအနှံ့တွင် ရင်ဆိုင်ကြရသည်။ ယင်းသည် သူမပေးသည့် မင်္ဂလာကြေးများသည် မှန်းထားသည်ထက် လျော့နည်းနေသောကြောင့် သူမ၏လင်သား သို့မဟုတ် လင်သား၏မိသားစုက ဇနီးသည်ဖြစ်သူကိုသတ်ဖြတ်သည့်အမှုဖြစ်သည်။

ယေရှုခရစ်နှင့်စပ်လျဉ်း၍ ကျမ်းစာက ဤသို့အာမခံထားသည်– “ငတ်မွတ်သောသူအော်ဟစ်သောအခါ ထိုသူကိုလည်းကောင်း၊ ကိုးကွယ်ရာမရှိ၍ ဆင်းရဲသောသူကိုလည်းကောင်း၊ ချမ်းသာပေးတော်မူလိမ့်မည်။ ဆင်းရဲသောသူနှင့် ငတ်မွတ်သောသူကို သနား၍ ငတ်မွတ်သောသူ၏အသက်ကို ကယ်တင်တော်မူလိမ့်မည်။ သူတို့အသက်ကို လှည့်စားခြင်းနှင့်ညှဉ်းဆဲခြင်း၏လက်မှ ရွေးနုတ်၍ သူတို့၏အသွေးကို နှမြောတော်မူလိမ့်မည်။” (ဆာလံ ၇၂:၁၂-၁၄) ထို့ကြောင့် ကျွန်ုပ်တို့တွင် အကောင်းဖြစ်လာမည်ဟုမျှော်လင့်ရန်အတွက် အကြောင်းရင်းရှိသည်; ကမ္ဘာတစ်လွှားအမျိုးသမီးများသည် ထိုအခါသမယတွင် ဖြစ်တည်မည့် တိုးတက်သောအခြေအနေများကို စောင့်စားနိုင်ကြသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ