ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၅ ၃/၁ စာ. ၃၂
  • “သစ်ပင်၏ အသက်ကဲ့သို့ ဖြစ်၍”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “သစ်ပင်၏ အသက်ကဲ့သို့ ဖြစ်၍”
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
က၉၅ ၃/၁ စာ. ၃၂

“သစ်ပင်၏ အသက်ကဲ့သို့ ဖြစ်၍”

လွန်လေပြီးသော နှစ်ပေါင်းသုံးထောင်ကျော်က မောရှေ ဤသို့ရေးသားသည်– “အကျွန်ုပ်တို့၏အသက်အရွယ်သည် အနှစ်ခုနစ်ဆယ်အတိုင်းအရှည်ရှိပါ၏။ အားကြီး၍ အနှစ်ရှစ်ဆယ်ပြည့်သော်လည်း ဝါကြွားခြင်းသည် ပင်ပန်းခြင်းနှင့် ဝမ်းနည်းခြင်းဖြစ်ပါ၏။”—ဆာလံ ၉၀:၁၀။

ဆေးပညာ ထွန်းကားလာသော်လည်း လူ့သက်တမ်းသည် မောရှေလက်ထက်နှင့် အတူတူရှိနေတုန်းပင်ဖြစ်သည်။ သို့သော်လည်း လူသားသည် ဤမျှတိုတောင်းသောအသက်တာဘဝတွင် အမြဲရှိနေကြရမည်မဟုတ်ပါ။ ဟေရှာယကျမ်းစာစောင်တွင် ဘုရားသခင်က ဤသို့မိန့်တော်မူသည်– “ငါ၏လူတို့အသက်သည် သစ်ပင်၏အသက်ကဲ့သို့ဖြစ်၍ သူတို့သည် ကိုယ်ပြုစုသောအရာကို ကြာမြင့်စွာသုံးဆောင်ရကြလိမ့်မည်။”—ဟေရှာယ ၆၅:၂၂။

ကျမ်းစာပါ တိုင်းနိုင်ငံများတွင် သက်တမ်းအရှည်ဆုံးသစ်ပင်များအနက် တစ်ခုသည် သံလွင်ပင်ဖြစ်သည်။ ဤတွင်ဖော်ပြထားသောသစ်ပင်သည် ဂါလိလဲပြည်တွင် ယခုထိတိုင်ရှိနေသေးသော အနှစ်တစ်ထောင်ကျော် သံလွင်ပင်များစွာအနက် တစ်ပင်ဖြစ်သည်။ လူတို့သည် အဘယ်အချိန်တွင် ဤမျှတိုင် နေထိုင်နိုင်ကြမည်နည်း။ “မိုးကောင်းကင်သစ်နှင့် မြေကြီးသစ်” ကိုဘုရားသခင်ဖန်ဆင်းသည့်အခါတွင်ဖြစ်မည်ဟု ယင်းပရောဖက်ပြုချက်ကပင် ရှင်းပြပါသည်။—ဟေရှာယ ၆၅:၁၇။

ဗျာဒိတ်ကျမ်းကလည်း “ကောင်းကင်သစ်နှင့်မြေကြီးသစ်”—ကောင်းကင်အုပ်ချုပ်မှုအသစ်နှင့် လူ့အဖွဲ့အစည်းအသစ်—တည်ထောင်၍ ဘုရားသခင်သည် ‘လူတို့၏မျက်စိ၌ မျက်ရည်ရှိသမျှကို သုတ်တော်မူပြီး နောက်တစ်ဖန် သေဘေးမရှိ၊ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်းမရှိ’ မည့်အခါကို ပရောဖက်ပြုထားပါသည်။—ဗျာဒိတ် ၂၁:၁၊ ၄။

ဘုရားသခင်၏ ဤကတိတော်သည် မကြာမီပြည့်စုံတော့မည်။ ထိုအခါ သံလွင်ပင်၏သက်တမ်းပင်လျှင် ၂၄-နာရီနေ့ရက်တစ်ရက်ကဲ့သို့သာဖြစ်လိမ့်မည်။ ထိုအခါ ကိုယ်ပြုစုသောအရာ၌ အပြည့်အဝပျော်မွေ့ရန် အချိန်များစွာရှိပါလိမ့်မည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ