ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၅ ၁/၁၅ စာ. ၃၂
  • သေးငယ်သော်လည်း တန်ခိုးပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သေးငယ်သော်လည်း တန်ခိုးပါ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
က၉၅ ၁/၁၅ စာ. ၃၂

သေးငယ်သော်လည်း တန်ခိုးပါ

ရောဘတ်ဆိုသူ၊ ကနေဒါနိုင်ငံမှလူငယ်တစ်ဦးသည် ဥရောပတိုက်တစ်လျှောက်လှည့်လည်၍ လူ့ဘဝ၏ရည်ရွယ်ချက်ကို ရှာပုံတော်ဖွင့်သည်။ ထိုအခါ အနာဂတ်ကိုစိတ်ပျက်သွားစေသည့် အဖြစ်အပျက်အမျိုးမျိုးကိုသာ သူတွေ့ရှိလေသည်။

စပိန်နိုင်ငံ၊ စဗေးမြို့ရှိကဖေးတစ်ခုမှာ သူထိုင်နေစဉ် ယေဟောဝါသက်သေများထုတ်ဝေသည့် ဝေစာတစ်စောင်ကို ရောဘတ်ရရှိသည်။ အစအဦးတွင် သူမယုံချင်။ “ဒါပေမဲ့ကျွန်တော်ဖတ်လိုက်တယ်။ ရှင်းတော့မပြတတ်ဘူး၊ ဒါပေမဲ့ ယုတ္တိတန်တယ်လို့ခံစားလိုက်ရတယ်။ လူသားတွေရဲ့စိတ်ပျက်ရှုံးနိမ့်မှု အဖြစ်အမျိုးမျိုးကို ကျွန်တော့်ခရီးတစ်လျှောက် တွေ့ခဲ့တယ်။ အခြေအနေကို ဘယ်လိုနည်းနဲ့မှ ကျွန်တော်ပြုပြင်မပေးနိုင်လို့ စိတ်ဓာတ်ကျနေတယ်။ အဲ့ဒီဝေစာကိုဖတ်ပြီးတာနဲ့ ‘ဒီ “ကမ္ဘာသစ်” အကောင်အထည်ပေါ်နိုင်ပါ့မလား’ လို့စဉ်းစားမိတယ်။ အဲ့ဒီနောက် ‘ဖြစ်ကောင်းဖြစ်နိုင်မယ်’ လို့တွေးမိတယ်။”

ပြန်လည်သစ်လန်းသောမျှော်လင့်ချက်ဖြင့်၊ မိမိပြန်ရောက်လာသည့်အခါ ကျမ်းစာကိုနားလည်ရန်ကူညီပေးဖို့အတွက် တစ်ဦးတစ်ယောက်အား လွှတ်ပေးပါဟု ရောဘတ်သည် ကနေဒါနိုင်ငံ၏ယေဟောဝါသက်သေများရုံးထံ စာရေးမှာကြားလိုက်သည်။

စကားသည် အမှန်တကယ်တန်ခိုးပါသည်။ သို့ရာတွင် ပုံနှိပ်စာတန်း၏တန်ခိုးကိုလည်း အထင်မသေးပါနှင့်။ မည်မျှပင်သေးငယ်ပါစေ ကျမ်းစာအခြေခံစာပေများသည် အစွမ်းထက်မြက်သည်။ ၎င်းတို့သည် စိတ်နှလုံးကိုစွဲမှတ်ထိမိစေပြီး အနာဂတ်မျှော်မှန်းချက်ကိုသေချာစေသည်။—ဟေဗြဲ ၄:၁၂။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ