ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၅ ၁/၁၅ စာ. ၃
  • သင့်အတွက် အသက်သည် မည်မျှအဖိုးတန်သနည်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင့်အတွက် အသက်သည် မည်မျှအဖိုးတန်သနည်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကမ္ဘာချီ ပြဿနာတစ်ရပ်
    နိုးလော့!—၂၀၀၂
  • ဘဝကို လူတို့အရှုံးပေးရသည့်အကြောင်း
    နိုးလော့!—၂၀၀၂
  • သင်အကူအညီရနိုင်
    နိုးလော့!—၂၀၀၂
  • စာရှုသူများထံမှမေးခွန်းလွှာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
က၉၅ ၁/၁၅ စာ. ၃

သင့်အတွက် အသက်သည် မည်မျှအဖိုးတန်သနည်း

လူငယ်တစ်ဦး တိုက်အိမ်ကြီးတစ်လုံး၏ အဋ္ဌမထပ်မှ ခုန်ချ၍ အသက်ထွက်ခဲ့ရသည်။ “နာကျင်မှုမရှိ၊ စိတ်ကယောက်ကယက်ဖြစ်စရာ၊ ကြောက်စရာမလိုဘဲ ပျော်စရာပင်ကောင်းသည်” ဟုဆိုသော ခုန်ချသေနည်းကို ဖော်ပြသည့် စာအုပ်တစ်အုပ်ကို ထိုလူငယ် ဖတ်ရှုခဲ့သည်။ ဂျပန်ပြည်တွင် ထုတ်ဝေသော ဤစာအုပ်ကိုရေးသူက “သေကြောင်းကြံခြင်းကို လူ့အသက်တာတွင် ရွေးချယ်စရာများအနက် တစ်ခုအဖြစ်” မိမိဖော်ပြခဲ့ခြင်းမျှသာ ဖြစ်သည်ဟု ဆိုသည်။

ယနေ့ သေကြောင်းကြံသူများသာလျှင် အသက်ကို အရေးမထားသူများ မဟုတ်ပါ။ မဆင်မခြင်မောင်းသော ယာဉ်မောင်းများလည်း အသက်ကို လေးမြတ်မှုမရှိကြောင်း တင်ပြကြသည်။ အချို့ဆိုလျှင် သောက်စားပြီးနောက်ပင် ကားမောင်းတတ်ကြရာ အရှိန်ပြင်းပြင်း မောင်း၍ သေခဲ့သူများလည်း မနည်းပါ။

အခြားသူများမှာမူ အပျော်အပါးကို အလေးပေးကြခြင်းဖြင့် သူတို့အသက်ကိုသူတို့ တန်ဖိုးမထားကြောင်း တင်ပြကြသည်။ ဆေးလိပ်သောက်ခြင်းသည် သေစေနိုင်သည်သာမက ဖြည်းဖြည်းချင်း သေကြောင်းကြံနည်းဟု ခေါ်ဆိုထားလျက်ပင် ဆေးလိပ်ဖြတ်ရန် ငြင်းသူများ ရှိသည်။ ဤလိင်ရူးထလောကတွင် အကျင့်သီလကောင်းကို စောင့်ထိန်းနေမည့်အစား သေစေတတ်သည့် တွေ့ရာလူနှင့် မေထုန်မှီဝဲကြသူ များစွာရှိသည်။

အချို့ဆိုလျှင် စားကြူး၊ သောက်ကြူး၊ ကိုယ်လက်လှုပ်ရှားမှု အလုံအလောက်မရှိဘဲ အပျော်အပါးလိုက်စားခြင်းအားဖြင့် သူတို့သက်တမ်းကိုသူတို့ တိုစေနေကြောင်း သိပင်မသိ ဖြစ်နေကြသည်။ ဂျပန်စာရေးဆရာတစ်ဦးဖြစ်သူ ရှင်ယာ နီရှီမာရူးက ဤသို့သတိပေးသည်– “ချုပ်တည်းမှုမရှိ စားကြူးခြင်းအကျင့်သည် ဇီဝကမ္မလုပ်ဆောင်မှုများကို ကပြောင်းကပြန်ဖြစ်စေ၍ ကိုယ်ကိုယ်တိုင် ပျော်ဖို့ပါးဖို့၊ သက်သောင့်သက်သာရှိဖို့ကိုသာ ရှာကြံလိုက်စားခြင်းက လူ့စွမ်းပကားကို ပျက်စီးဆုံးရှုံးစေသည်။” ရှေးခေတ်က “စားကြကုန်အံ့၊ သောက်ကြကုန်အံ့၊ နက်ဖြန် သေရကြမည်” ဟုဆိုခဲ့ဖူးသူတို့၏အမြင်မျိုးကို အချို့သူများ ပိုက်ကျုံးထားကြသည်။—ဟေရှာယ ၂၂:၁၃; ၁ ကောရိန္သု ၁၅:၃၂။

မှန်ပါသည်၊ ယနေ့ အသက်ကို အရေးမထားခြင်း ပျံ့နှံ့လျက်ရှိသည်။ သို့ဖြစ်၍ သင့်အတွက် အသက်သည် မည်မျှအဖိုးတန်သနည်း။ မည်သို့ပင်ဖြစ်စေ အသက်ကို ထိန်းသိမ်းစောင့်ရှောက်သင့်သလော။ ထို့ပြင် ကျွန်ုပ်တို့၏လက်ရှိအသက်တာထက် ပိုမိုအဖိုးတန်သောအရာ ရှိပါသလော ဟူ၍မေးမြန်းရန်သင့်လျော်ပေသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ