ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၄ ၁၂/၁၅ စာ. ၃၂
  • “ဉာဏ်ဟူသမျှထက်လွန်ကဲသော ဘုရားသခင့်ငြိမ်သက်ခြင်း”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “ဉာဏ်ဟူသမျှထက်လွန်ကဲသော ဘုရားသခင့်ငြိမ်သက်ခြင်း”
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
က၉၄ ၁၂/၁၅ စာ. ၃၂

“ဉာဏ်ဟူသမျှထက်လွန်ကဲသော ဘုရားသခင့်ငြိမ်သက်ခြင်း”

သမိုင်းတစ်လျှောက် ဘုရားသခင့်သစ္စာရှိကျေးကျွန်များသည် စိတ်လှုပ်ရှားမှုဆိုင်ရာ ပြင်းထန်သောဝေဒနာကို အလူးအလိမ့်ခံစားရသည့် အချိန်ကာလများ တွေ့ကြုံခဲ့ကြရသည်။ ယနေ့ “ခဲယဉ်းသောကာလ” တွင် ကျွန်ုပ်တို့အသက်ရှင်ရသောကြောင့် ယင်းသည် အလွန်မှန်ကန်လိုက်လေခြင်း! (၂ တိမောသေ ၃:၁) တမန်တော်ပေါလုက ခရစ်ယာန်များအား သူတို့၏စိုးရိမ်ပူပန်မှုများကို ဆုတောင်းခြင်းအားဖြင့် ယေဟောဝါ၌ချထားရန် ဩဝါဒပေးခဲ့သည်။ ရလဒ်ကားအဘယ်နည်း။ “ဉာဏ်ဟူသမျှထက်လွန်ကဲသော ဘုရားသခင့်ငြိမ်သက်ခြင်းသည် ခရစ်တော်ယေရှုအားဖြင့် သင်တို့၏စိတ်နှလုံးနှင့် အကြံအစည်များကို ကွယ်ကာစောင့်ရှောက်လိမ့်မည်။”—ဖိလိပ္ပိ ၄:၇၊ သမ။

ဤ “ဘုရားသခင့်ငြိမ်သက်ခြင်း” ကားအဘယ်နည်း။ ယင်းသည် ဖန်ဆင်းရှင်နှင့် ရင်းနှီးသောဆက်ဆံရေးမှ ရရှိလာသော စိတ်တည်ငြိမ်မှု ဖြစ်သည်။ ဤကဲ့သို့သော လက်ပွန်းတတီးရှိမှုက ကျွန်ုပ်တို့၏ပူပင်သောကများ မည်သို့ပင်ရှိနေပါစေ ယေဟောဝါသည် “မိမိလူမျိုးတော်ကို စွန့်ပစ်မည်မဟုတ်; မိမိပိုင်ဆိုင်သည့်သူများကို စွန့်ခွာသွားမည်မဟုတ်”ကြောင်း ကျွန်ုပ်တို့အား ယုံကြည်စိတ်ချစေသည်။—ဆာလံ ၉၄:၁၄၊ Today’s English Version.

ယင်းက ကျွန်ုပ်တို့သည် အတိဒုက္ခမှ ကင်းလွတ်သွားသည်ဟူ၍ မဆိုလိုပါ။ “ဖြောင့်မတ်သောသူသည် များစွာသော ဒုက္ခဆင်းရဲကိုခံရ” ကြောင်း ဆာလံဆရာရေးသားခဲ့သည်။ (ဆာလံ ၃၄:၁၉) သို့သော်လည်း ဘုရားသခင့်ငြိမ်သက်ခြင်းက သက်သာရာရစေနိုင်သည်။ မည်သို့ရနိုင်သနည်း။

ပေါလုရေးခဲ့သည့် “ဉာဏ်ဟူသမျှထက်လွန်ကဲသော” ဘုရားသခင့်ငြိမ်သက်ခြင်း—သို့မဟုတ် Concordant Version တွင် ပြန်ဆိုထားသည့်အတိုင်း ယင်းသည် “စိတ်ပိုင်း အခြေအနေဟူသမျှထက် သာလွန်” သည်။ စိုးရိမ်ပူပန်မှုက သောကဗျာပါရဖြစ်စေသော ပြင်းပြသည့်စိတ်ထိခိုက်မှု တသီတတန်းကြီးကို ကျွန်ုပ်တို့အား တွေ့ကြုံစေနိုင်သည်။ (ဒေသနာ ၇:၇) သို့တိုင် ဘုရားသခင့်ငြိမ်သက်ခြင်းက ကျွန်ုပ်တို့အား အထူးသဖြင့် “သာမန်ထက်လွန်ကဲသော တန်ခိုးတော်” လိုအပ်သောအခါ တည်ငြိမ်ခိုင်ခံ့စေနိုင်သည်။—၂ ကောရိန္သု ၄:၇၊ သမ; ၂ တိမောသေ ၁:၇။

ထို့အပြင် ဘုရားသခင့်ငြိမ်သက်ခြင်းက အကာအကွယ်တစ်ခုဖြစ်သည်။ ဖိလိပ္ပိအသင်းတော်ထံ ပေါလုရေးခဲ့သကဲ့သို့ ယင်းက “သင်တို့၏စိတ်နှလုံးနှင့် အကြံအစည်များကို ကွယ်ကာစောင့်ရှောက်” နိုင်သည်။ “ကွယ်ကာစောင့်ရှောက်” ဟုပြန်ဆိုထားသည့် ဂရိစကားလုံးက နေ့ရာညပါ စောင့်ကြပ်နေသည့် ကင်းစောင့်များကို ဦးနှောက်ထဲတွင် ပေါ်လာစေနိုင်သည့် စစ်တပ်အသုံးအနှုန်း တစ်ခုဖြစ်သည်။ ထိုနည်းထပ်တူပင် ဘုရားသခင့်ငြိမ်သက်ခြင်းက ကျွန်ုပ်တို့စိတ်နှလုံးနှင့် အကြံအစည်များကို ၂၄ နာရီလုံးလုံး ကွယ်ကာစောင့်ရှောက်သည့်အနေနှင့် ဆောင်ရွက်နိုင်သည်။—၁ ကောရိန္သု ၁၀:၁၃; ဧဖက် ၄:၂၆ နှိုင်းယှဉ်။

ယနေ့ကျွန်ုပ်တို့ရင်ဆိုင်ရသည့် စိတ်ဖိစီးမှုဆိုင်ရာ စိန်ခေါ်ချက်များကို ထောက်ချင့်သော် ဘုရားသခင့်ငြိမ်သက်ခြင်းအတွက် ကျေးဇူးတင်စရာ မဟုတ်ပေလော။—ဆာလံ ၁၈:၂; ထွက်မြောက်ရာ ၄၀:၃၈ နှိုင်းယှဉ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ