ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၄ ၁၀/၁၅ စာ. ၃၂
  • ‘အခြားသူတို့ ဝမ်းနည်းသကဲ့သို့ ဝမ်းမနည်းနှင့်’

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ‘အခြားသူတို့ ဝမ်းနည်းသကဲ့သို့ ဝမ်းမနည်းနှင့်’
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
က၉၄ ၁၀/၁၅ စာ. ၃၂

‘အခြားသူတို့ ဝမ်းနည်းသကဲ့သို့ ဝမ်းမနည်းနှင့်’

မုန်တိုင်းဒဏ်ကို ခံရပြီးသည့်နောက် ပန်းကလေးတစ်ပွင့်၏ ကိုင်းညွှတ်နေပုံကို သင်သတိပြုမိပါသလော။ နှလုံးထိခိုက်စရာပင်။ စဉ်းစားကြည့်ပါလေ၊ ရုတ်တရက် သည်းသည်းမည်းမည်းရွာသွန်းလိုက်သော ထိုမိုးကြောင့် လူသူတိရစ္ဆာန်—မည်သည့်ပန်းမန်ထက်မဆို ခံနိုင်ရည်ပိုမိုရှိသော ဖန်ဆင်းရာ—မြောက်မြားစွာတို့သည် အပြေးအလွှား မိုးခိုခဲ့ကြရ၏။ ထိုပန်းကလေးမူကား ရာသီဒဏ်ကို ခံရပ်လျက်သာထိုနေရာ၌ စွဲမြဲစွာရပ်တည်နေသည်။ ယခု ယင်းသည် ကိုင်းညွှတ်နေရရှာသော်လည်း မကျိုးမပဲ့၊ မပျက်မယွင်းအဖြစ်ကား ၎င်းသည်နုနယ်ဟန်ရှိသော်လည်း မထင်မမှတ်သောခံနိုင်ရည်ရှိကြောင်း ထင်ရှားစေသည်။ ၎င်းကိုတအံ့တသြရှုစားနေစဉ် တစ်ဖန်ပြန်လည်လန်းဆန်း၍ အလှကျက်သရေဆင်မြန်းနိုင်ပေဦးမည်လောဟု တွေးတောမိမည်။

လူတို့နှင့်စပ်လျဉ်း၍လည်း ဆင်တူယိုးမှားဖြစ်သည်။ ဤဒုက္ခမြားမြောက်သည့် ခေတ်ကာလအတွင်း မုန်တိုင်းမျိုးစုံကို ကျွန်ုပ်တို့ခံကြရသည်။ စီးပွားရေးကျပ်တည်းခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ကျန်းမာရေးချို့တဲ့ခြင်း၊ သေခြင်း၌ ချစ်မြတ်နိုးရသူနှင့် ကွေကွင်းရခြင်း အစရှိသော အခက်အခဲဒုက္ခများကို တစ်ခါမဟုတ်တစ်ခါ လူတိုင်းကြုံတွေ့တတ်ကြသည်။ ပန်းသည် ဘေးရန်ကို မတိမ်းရှောင်နိုင်သကဲ့သို့ တစ်ခါတစ်ရံ ကျွန်ုပ်တို့လည်း အခက်အခဲကို မရှောင်ကွင်းနိုင်ချေ။ အမြင်အားဖြင့် အတန်အရာနုနယ်ချည့်နဲ့သူတို့သည် အံ့သြလောက်သောခွန်အားသတ္တိကို တင်ပြကြကာ ထိုကဲ့သို့သော တိုက်ခိုက်မှုဒဏ်မြောက်မြားစွာကို ခံရပ်နိုင်ကြသည်။ မည်သို့အားဖြင့်နည်း။ သော့ချက်မှာ များသောအားဖြင့် ယုံကြည်ခြင်းဖြစ်သည်။ ယေရှုခရစ်၏ အမေတူအဖေကွဲညီ ယာကုပ်က ဤသို့ရေးသားသည်– “ယုံကြည်ခြင်းအားဖြင့် စုံစမ်းနှောင့်ယှက်မှုများကို ရင်ဆိုင်နိုင်လာသည်နှင့်အမျှ မိမိတို့တွင် ခံနိုင်ရည်တိုး၍လာကြောင်းကို သင်တို့သိရှိကြရ” ၏။—ယာကုပ် ၁:၃၊ သတင်းကောင်း။

နောက်သော့ချက်တစ်ခုမှာ မျှော်လင့်ခြင်းဖြစ်သည်။ ဥပမာ၊ သေခြင်းတရားသည် ချစ်မြတ်နိုးရသူတစ်ဦးအား အနိုင်ယူသွားသည့်အခါ ကျန်ရစ်သူများအတွက် မျှော်လင့်ခြင်းသည် များစွာထူးခြားစေနိုင်သည်။ သက်သာလောနိတ်မြို့ရှိ ခရစ်ယာန်များထံ တမန်တော်ပေါလု ဤသို့ရေးသားခဲ့သည်– “မျှော်လင့်ခြင်းမရှိသော အခြားသူတို့သည် ဝမ်းနည်းသကဲ့သို့၊ သင်တို့သည် ဝမ်းမနည်းမည်အကြောင်း၊ အိပ်ပျော်သောသူတို့၏အမှုအရာကို မသိဘဲနေစေခြင်းငှာ ငါတို့ အလိုမရှိ။” (၁ သက်သာလောနိတ် ၄:၁၃) ခရစ်ယာန်များသည် သေခြင်းကြောင့် အမှန်တကယ် ဝမ်းနည်းပူဆွေးကြရသည်မှန်သော်လည်း ထူးခြားချက်ရှိပါသည်။ လူသေတို့၏အခြေအနေနှင့် ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်ဆိုင်ရာ တိကျမှန်ကန်သောအသိပညာ သူတို့တွင်ရှိသည်။—ယောဟန် ၅:၂၈၊ ၂၉; တမန်တော် ၂၄:၁၅။

ဤအသိပညာက သူတို့အား မျှော်လင့်ချက်ရှိစေသည်။ ထိုမျှော်လင့်ခြင်းကလည်း သူတို့၏ပူဆွေးခြင်းကို တဖြည်းဖြည်း လျှော့ပေါ့စေပါသည်။ ယင်းက သူတို့အား ခံနိုင်ရည်ရှိစေရုံမက များစွာအကူအညီပေးသည်။ အတန်ကြာလေသော် မုန်တိုင်းပြီးနောက် ပန်းမန်ကဲ့သို့ပင် ဝမ်းနည်းပူဆွေးမှုဒဏ်မှ မျှော်ကြည့်၍ ခေါင်းကိုပြန်ကြွနိုင်ပြီး ဘဝတွင် ပျော်ရွှင်ခြင်းနှင့် ပြည့်ဝစုံလင်ခြင်းကို ပြန်ရရှိနိုင်ကြပေမည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ