ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၄ ၉/၁ စာ. ၃၂
  • “အကျွန်ုပ်သည် . . . ထူးဆန်းစွာ ဖန်ဆင်းခံရသည်”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “အကျွန်ုပ်သည် . . . ထူးဆန်းစွာ ဖန်ဆင်းခံရသည်”
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
က၉၄ ၉/၁ စာ. ၃၂

“အကျွန်ုပ်သည် . . . ထူးဆန်းစွာ ဖန်ဆင်းခံရသည်”

“ကျွန်တော် ဘယ်ကလာသလဲ။” ကလေးသူငယ် မြောက်မြားစွာတို့သည် တစ်ချိန်မဟုတ်တစ်ချိန် ဤမေးခွန်းကို မေးမြန်းကြသည်။ ကလေးများ ကြီးပြင်းလာသည့်အခါ သူတို့၏မေးခွန်းသည် ပိုမိုနက်နဲလာတတ်သည်– “အသက် ဘယ်ကဖြစ်လာသလဲ။” ဤမေးခွန်းကို နှစ်ပေါင်းထောင်ချီ၍ ဆွေးနွေးခဲ့ပြီဖြစ်ရာ အသက်ဇီဝ၏မူလအစနှင့်ပတ်သက်သော နက်နဲရာအတွက် အကျိုးသင့်အကြောင်းသင့် အဖြစ်ဆုံးအဖြေမှာ ဆင့်ကဲအယူဖြစ်သည်ဟု ယနေ့ သိပ္ပံပညာရှင်အများက ယူမှတ်ကြသည်။ အမှန်မှာ အသက်ဇီဝသည် အကြောင်းအားလျော်စွာ ဖြစ်ပေါ်လာသည်ဟု ဆင့်ကဲဝါဒီများ ဖြေရှင်းပေးကြသည်။

လွန်လေပြီးသော နှစ်ပေါင်း ၃,၀၀၀ ခန့်ကာလက ဒါဝိဒ်မင်းကြီး ဤသို့ရေးသားခဲ့သည်– “အကျွန်ုပ်သည် ကြောက်မက်ဖွယ်သောနည်းအားဖြင့် ထူးဆန်းစွာ ဖန်ဆင်းခံရသည်။” (ဆာလံ ၁၃၉:၁၄၊ ကဘ) အသက်ဇီဝအကြောင်း ကျွန်ုပ်တို့ ပိုမိုသိရှိနားလည်လာကြလေ ထိုစကားများ မှန်ကန်ကြောင်းကို ပိုမိုသိရှိနားလည်လာလေဖြစ်သည်။ မှန်ပေသည်။ နက္ခတ္တဗေဒ ပညာရှင် ဖရက် ဟွိုင်းလ်က ဤသို့ရေးသားခဲ့သည်– “အသက်ဇီဝဆိုင်ရာ အံ့မခန်းဖွယ် ရှုပ်ထွေးမှုကို ဇီဝဓာတုဗေဒ ပညာရှင်များ ပို၍ပို၍ တွေ့ရှိလာသည်နှင့်အမျှ အသက်သည် မတော်တဆ အမှတ်မဲ့ စတင်ဖြစ်ပေါ်လာသည်ဟူသော ဖြစ်နိုင်ခြေမှာ အလွန့်အလွန်နည်းပါးလှသဖြင့် ထိုအလားအလာကို လုံးဝ ထည့်သွင်းစဉ်းစားရန်ပင် မလိုပေ။ အသက်သည် အကြောင်းအားလျော်စွာ အမှတ်မဲ့ ဖြစ်ပျက်လာရာမဟုတ်။”

သို့ဖြစ်လျှင် အသက်ဇီဝ၏ မူလအစက အဘယ်နည်း။ ဤမဂ္ဂဇင်း၏ ပထမဆောင်းပါးနှစ်ခုတွင် ၎င်းမေးခွန်း၏အဖြေကို ဆွေးနွေးတင်ပြထားသည်။ သင်ပိုမိုသိလိုလျှင်ကင်းမျှော်စင်၊ ၉၄-ခ၊ အင်းလျားလမ်း၊ ရန်ကုန်မြို့။ သို့မဟုတ် စာမျက်နှာ ၂ ပါ သင့်လျော်ရာလိပ်စာသို့ စာရေးဆက်သွယ်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ