ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၄ ၈/၁၅ စာ. ၃၂
  • အထူးအဓိပ္ပာယ်ရှိသည့် ကမ္ပည်းအက္ခရာများ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အထူးအဓိပ္ပာယ်ရှိသည့် ကမ္ပည်းအက္ခရာများ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
က၉၄ ၈/၁၅ စာ. ၃၂

အထူးအဓိပ္ပာယ်ရှိသည့် ကမ္ပည်းအက္ခရာများ

“ယေဟိုးဝါ စစ် တီးဘီ ကူးစ်တို့စ်”

“ယေဟောဝါသည် သင့်ကိုကာကွယ်သူဖြစ်ပါစေ” အဓိပ္ပာယ်ရှိသော ထိုစာလုံးများကို ဆွစ်ဇာလန်နိုင်ငံအရှေ့ဘက်၊ စယ်လယ်ရီးနာရွာကလေးရှိ ၁၇ ရာစုအိမ်တစ်လုံး၏ အိမ်ရှေ့နံရံတွင် ရေးထွင်းထားခြင်းဖြစ်သည်။ ဤတောင်တန်းဒေသရှိ ရာစုနှစ်ချီကြာသောအိမ်များ၊ ချာ့ချ်ကျောင်းများနှင့် ဂိုဏ်းအုပ်ဓမ္မဆရာနေအိမ်များတွင် ဘုရားသခင့်နာမတော် ထွင်းထုထားခြင်း သို့မဟုတ် ရေးခြယ်ထားခြင်းတို့ကို တွေ့ရသည်မှာ အဆန်းမဟုတ်တော့ပါ။ ယေဟောဝါ၏နာမတော်သည် မည်သည့်နည်းဖြင့် ထင်ရှားကျော်ကြားလာခဲ့ရသနည်း။

(ယခုအခါ ဂျာမနီ၊ ဩစတြီးယားနှင့် ဆွစ်ဇာလန်အရှေ့ပိုင်းတို့ ပါဝင်သော) ရှေးရီရှီယာနယ်သည် ဘီ.စီ.အီး. ၁၅ ရာစုတွင် ရောမတို့၏အုပ်ချုပ်ခံနယ်မြေတစ်ခု ဖြစ်လာခဲ့သည်။ ထိုတွင်နေထိုင်သူများသည် ဆွစ်ဇာလန်နိုင်ငံ၊ အယ်လ်ပင်းတောင်ကြားနှင့် အီတလီနိုင်ငံမြောက်ပိုင်းတို့တွင် ယခုတိုင်သုံးနေဆဲဖြစ်သည့် လက်တင်ကိုအခြေပြုပြီး ဒေသအလိုက်ကွဲပြားမှုများစွာရှိသော ရိုမန့်ချ်ခေါ် ဘာသာစကားကို ပြောဆိုလာကြသည်။

အချိန်အတန်ကြာသော် သမ္မာကျမ်းစာ၏ အစိတ်အပိုင်းအချို့ကို ရိုမန့်ချ်ဘာသာစကားဖြင့် ဘာသာပြန်ဆိုခဲ့သည်။ ဘစ်ဘလီယာပစ်ချ်နား အမည်ရှိကျမ်းတစ်စောင်တွင် ဆာလံကျမ်းနှင့် ခရစ်ယာန်ဂရိကျမ်းပါဝင်သည်။ ၁၆၆၆ ခုနှစ်တွင် ထုတ်ဝေသော ထိုကျမ်းစာ၏ဆာလံကျမ်းတွင် ယေဟိုးဝါဟူသောအမည် အကြိမ်ပေါင်းများစွာပါဝင်သည်။ ထိုကျမ်းစာသည် အိမ်တွင်းအခြေခံဖတ်စာအုပ်ဖြစ်သဖြင့် ဘစ်ဘလီယာပစ်ချ်နား ကျမ်းစာကိုဖတ်သူများသည် ဖန်ဆင်းရှင်၏နာမတော်နှင့် အကျွမ်းတဝင်ဖြစ်နေကြသည်။

သို့သော် နောက်ပိုင်းဆင်းသက်လာသည့် လူမျိုးဆက်သည် ကျမ်းစာနှင့်ပတ်သက်၍ စိတ်ဝင်စားမှုမရှိကြတော့ချေ။ လူအများက “ယေဟိုးဝါ” ဟူသောအမည်သည် မည်သည့်အဓိပ္ပာယ်ရှိကြောင်း ဒုက္ခခံ၍စုံစမ်းခြင်းမရှိတော့သကဲ့သို့ ဓမ္မဆရာများကလည်း ယင်းကိုရှင်းပြရန် ကြိုးစားအားထုတ်ခြင်းမရှိ။ သို့နှင့် ထိုကမ္ပည်းအက္ခရာများသည် လွန်လေပြီးသောကာလတစ်ခုအတွက် အလှအပတန်ဆာဆင်သည့် စာလုံးများသက်သက် ဖြစ်လာရတော့သည်။

လွန်ခဲ့သည့်ဆယ်စုနှစ်အနည်းငယ်ခန့်က ထူးခြားသည့်အသိပညာပေးခြင်းတစ်ခု ဖြစ်ခဲ့သည်။ အနိမ့်ပိုင်းဒေသမှ ယေဟောဝါသက်သေများက ဤလှပသောတောင်ကြားဒေသသို့ အားလပ်ရက်ဖြင့် လာရောက်လည်ပတ်ကြပြီး ဒေသခံများအား ယေဟောဝါအမည်ရှိသော ဘုရားသခင်၏အကြောင်းကို သင်ပေးရန် ပန်းတိုင်ထားကြသည်။ အချို့သက်သေခံများသည် မြေကြီးနှင့်လူသားအတွက် ဖန်ဆင်းရှင်၏ ထူးမြတ်သည့်ရည်ရွယ်ချက်ကို လူများအားပြောပြရန် အချိန်ပိုရဖို့အတွက် ထိုနေရာတွင်ပင် အခြေချနေထိုင်ကြသည်။ သို့အားဖြင့် မှန်သောဘုရားသခင်ယေဟောဝါအကြောင်း လူများသိရှိလာသည်နှင့်အမျှ ဤရှေးဟောင်းရိုမန့်ချ်ကမ္ပည်းအက္ခရာများကလည်း လူတို့အတွက် အဓိပ္ပာယ်ထူးခြားလာသည်။

[စာမျက်နှာ ၃၂ ပါ ရုပ်ပုံ]

ယေဟိုးဝါ ပေါတီယိုမေးအာ– ယေဟောဝါသည် ကျွန်ုပ်၏ဝေပုံ—ဆာလံ ၁၁၉:၅၇ (ကဘ) ရှု။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ