ကျွန်ုပ်တို့၏ကလေးသူငယ်များအတွက် မည်သည့်အနာဂတ်ရှိသနည်း
နျူကလီးယားခြိမ်းခြောက်မှုအန္တရာယ်သည်—အကြမ်းဖက်သမားများ၏ ဗုံးကြောင့်ဖြစ်စေ၊ နျူကလီးယားဓာတ်အားပေးစက်ရုံများတွင်ဖြစ်သည့် မတော်တဆမှုကြောင့်ဖြစ်စေ—လူတိုင်းကို အထိတ်တလန့်ဖြစ်စေသည်။ သင်သည် အထူးသဖြင့် သင့်သားသမီးများနှင့် မြေးများအပါအဝင် ကလေးသူငယ်များအတွက် စိုးရိမ်ပူပန်မိပေမည်။ နျူကလီးယားခြိမ်းခြောက်မှုသည် မည်သည့်ကလေးမဆိုတို့၏ ကျန်းမာရေးနှင့်အနာဂတ်ကို အန္တရာယ်ဖြစ်စေနိုင်ကြောင်းကို သိရှိရခြင်းက မည်မျှဝမ်းနည်းဖွယ်ပါတကား။
သို့သော် အားယူပါ။ ကလေးသူငယ်များ၏အနာဂတ်အတွက် အပြုသဘောအမြင်ရှိရန် ခိုင်လုံသောအကြောင်းရှိပေသည်။ မျှော်လင့်ခြင်းအခြေအမြစ်သည် ကျွန်ုပ်တို့၏သူငယ်ကလေးများကို ကာကွယ်ရန် လူသားတို့၏ ကြိုးစားအားထုတ်မှုများအပေါ်တွင် မဟုတ်ဘဲ ကျွန်ုပ်တို့၏ဖန်ဆင်းရှင့်လက်ထဲတွင်ရှိသော အနာဂတ်တစ်ခုပေါ်တွင် ဗဟိုပြုသည်။
ဘုရားသခင်၏သားတော်ယေရှုသည် အရှေ့အလယ်ပိုင်းဒေသတွင် သွန်သင်ဆုံးမမှုပြုခဲ့စဉ်က ကလေးငယ်များကို အရေးစိုက်ကြောင်း ကိုယ်တော်တင်ပြတော်မူခဲ့သည်။ (မာကု ၉:၃၆၊ ၃၇၊ ၄၂; ၁၀:၁၃-၁၆) ဘုရားသခင်သည် နောက်ဆုံးတွင် နျူကလီးယားခြိမ်းခြောက်မှုကို ဇာတ်သိမ်းပစ်ပြီး ကမ္ဘာချီပရဒိသုတစ်ခုကို တည်ထောင်သောအခါ အလားတူအရေးစိုက်မှု ထင်ဟပ်လာမည်ဖြစ်ကြောင်း သမ္မာကျမ်းစာက တင်ပြထားသည်။ ယင်းကို ကျွန်ုပ်တို့၏ကလေးသူငယ်များနည်းတူ အသင်လည်း မွေ့လျော်နိုင်မည်ဖြစ်သည်။
နောက်ထပ်အကြောင်းအရာများကို သင်လက်ခံလိုလျှင်၊ သို့မဟုတ် တစ်ဦးတစ်ယောက်က သင်နှင့် အခမဲ့အိမ်တွင်းကျမ်းစာသင်အံမှု ပြုလုပ်ပေးရန် သင်နှစ်သက်လျှင် ကင်းမျှော်စင်၊ ၉၄-ခ၊ အင်းလျားလမ်း၊ ရန်ကုန်မြို့။ သို့မဟုတ် စာမျက်နှာ ၂ ပါ သင့်လျော်ရာလိပ်စာသို့ စာရေးဆက်သွယ်ပါ။