ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၃ ၉/၁ စာ. ၃၂
  • အသက်ရေ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အသက်ရေ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
က၉၃ ၉/၁ စာ. ၃၂

အသက်ရေ

“ကြားသောသူကလည်း ‘လာခဲ့ပါ’ ဟုဆိုပါစေ။ ရေငတ်သောသူကလည်း ‘လာခဲ့ပါ’ ဟုဆိုပါစေ။ ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အဖိုးကိုမပေးဘဲ အသက်ရေကို ယူပါစေ။” (ဗျာဒိတ် ၂၂:၁၇) “အသက်ရေ” မည်သည်ကား ယေရှုခရစ်၏ ရွေးဖိုးပူဇော်သက္ကာကိုအခြေပြုသည့် ကျွန်ုပ်တို့၏ကယ်တင်ခြင်းအတွက် ဘုရားသခင့်ပြင်ဆင်ချက်အားလုံးကို ဆိုလိုပါသည်။ ဤပြင်ဆင်ချက်များကို ရယူနိုင်ပါသည်။ ယင်းတို့ကို အခမဲ့ရရှိနိုင်သည်။ ကျွန်ုပ်တို့ဘုရားသခင်သည် များစွာရက်ရောလှသည်တကား! သို့သော် ယင်းတို့ကို ရေဖြင့် အဘယ်ကြောင့် တင်စားဖော်ပြထားရသနည်း။

စဉ်းစားကြည့်လေ။ ပကတိရေသည် မြေသြဇာရှိ သစ်ပင်ဝါးပင်များကို ဖွံ့ဖြိုးကြီးထွားစေသည်။ ယင်းကြောင့် လူလည်း အသက်ရှင်နိုင်ပါသည်။ ရေသာမရှိလျှင် သစ်ပင်ဝါးပင်နှင့် လူ့အသက်ပင်လျှင် မတည်ရှိနိုင်ပါ။ ထိုထက်ကား သင့်ကိုယ်ခန္ဓာတွင် ၆၅ ရာခိုင်နှုန်းသည် ရေဖြစ်သည်။ ကျန်းမာရေးပါရဂူအချို့က ထိုအချိုးအဆအတိုင်း ဆက်ရှိစေရန် နေ့စဉ်ရေ နှစ်ကွတ်ခွဲခန့် သောက်ပေးရန် ထောက်ခံထားပါသည်။ သင့်ကိုယ်တွင်းရှိ အသက်ရှင်ရေးဆိုင်ရာလုပ်နည်းလုပ်ကိုင်ပုံများ—အစာချေရာမှ မစင်စွန့်သည်အထိ—ရေလိုအပ်ပါသည်။ တစ်ပတ်လောက် ရေမသောက်ဘဲနေကြည့်ပါ။ သေသွားပါလိမ့်မည်။

ထိုနည်းထပ်တူပင် “အသက်ရေ” သည် ဝိညာဏအသက်ကို ကြီးထွားစေ၍ အာဟာရပြည့်စေသည်။ အသက်ရေကို ငြင်းပယ်မည်ဆိုလျှင် တည်မြဲမည့်အနာဂတ် ရှိနိုင်မည်မဟုတ်ပါ။ (ယောဟန် ၃:၃၆) ယင်းကိုလက်ခံမည်ဆိုလျှင် ထာဝရအသက်ရနိုင်ပါသည်။ ယင်းကြောင့် ရှမာရိအမျိုးသမီးအား ယေရှုက “ငါပေးသောရေကိုသောက်သောသူမူကား ရေငတ်ခြင်းနှင့်အစဉ်မပြတ် ကင်းလွတ်လိမ့်မည်။ ငါပေးသောရေသည် ထိုသူ၌ ထာဝရအသက်ရှင်ခြင်းအလိုငှာ ထွက်သောစမ်းရေဖြစ်လိမ့်မည်” ဟုမိန့်တော်မူခဲ့သောအခါ သူမသည် ဝမ်းသာအားရ လက်ခံယူခဲ့ခြင်းဖြစ်သည်။ (ယောဟန် ၄:၁၄) ထပ်တူစိတ်အားထက်သန်မှုမျိုးဖြင့် လက်လှမ်း၍ အသက်ရေကို အခမဲ့သုံးဆောင်ကြစို့လေ။

[Picture Credit Line on page 32]

Garo Nalbandian

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ