နှစ်ပတ်လည်စည်းဝေးပွဲ
အောက်တိုဘာ ၂၊ ၁၉၉၃
ဤနှစ်ပတ်လည်စည်းရေးပွဲကို ပင်စီလ်ဗေးနီးယားနယ်၏ ကင်းမျှော်စင် သမ္မာကျမ်းစာ နှင့် ဝေစာအသင်းသားများသည် အောက်တိုဘာ ၂၊ ၁၉၉၃ တွင် ၂၉၃၂၊ ကယ်နီဒီ ဘိုလီဗတ်၊ ဂျာစီမြို့၊ နယူးဂျာစီရှိ ယေဟောဝါသက်သေများ၏စည်းဝေးပွဲခန်းမ၌ ကျင်းပကြမည်။ အသင်းဝင်သူများအတွက်သာဖြစ်သည့် ပဏာမအစည်းအဝေးသည် နံနက် ၉:၃၀ အချိန်တွင်စပြီး နှစ်ပတ်လည်အထွေထွေအစည်းအဝေးကို နံနက် ၁၀:၀၀ တွင်ကျင်းပပါမည်။
ဤကော်ပိုရေးရှင်း၏အသင်းသူများသည် လွန်ခဲ့သောနှစ်အတွင်း မိမိတို့လိပ်စာအပြောင်းအလဲရှိပါက အတွင်းရေးမှူးရုံးထံ အကြောင်းကြားစာများကြိုတင်ပို့ထားမှသာလျှင် ဩဂုတ်လ ၁ ရက်နေ့နောက်ပိုင်း နိုးတစ်စာများနှင့်လွှဲစာများ ရောက်ရှိနိုင်ပါလိမ့်မည်။
လွှဲစာများကို အသင်းဝင်များထံ နှစ်ပတ်လည်စည်းဝေးပွဲနိုးတစ်နှင့်အတူ ပူးတွဲပို့မည်ဖြစ်ပြီး အသင်းမ၏အတွင်းရေးမှူးရုံးထံ ဩဂုတ်လ ၁၅ ရက်နေ့မတိုင်မီ ပြန်ပို့ပေးရန်ဖြစ်သည်။ အသင်းဝင်သူတစ်ဦးစီသည် မိမိ၏လွှဲစာကိုဖြည့်စွက်ပြီး ချက်ချင်းပြန်ပို့ပေးသင့်သည်။ စည်းဝေးသို့ ကိုယ်တိုင်ရောက်မရောက် အကြောင်းကြားအပ်ပါသည်။ ဤအချက်ကို လွှဲစာတွင် အတိအကျဖော်ပြပေးရမည်။ ယင်းကိုမှီ၍ မည်သူတို့ ကိုယ်တိုင်ရှိမည်၊ မရှိမည်ကို ဆုံးဖြတ်စီရင်နိုင်မည်ဖြစ်သည်။
စည်းမျဉ်းအရလုပ်ငန်းဆိုင်ရာစည်းဝေးနှင့် ပြန်တမ်းများအပါအဝင် စည်းဝေးအစီအစဉ်တစ်ခုလုံးသည် မွန်းလွဲ ၁:၀၀ အချိန်၊ သို့မဟုတ် ယင်းပတ်ဝန်းကျင်တွင်ပြီးဆုံးလိမ့်မည်ဟု မျှော်လင့်ပါသည်။ မွန်းလွဲပိုင်းတွင် အခြားအစီအစဉ်ရှိမည်မဟုတ်ပါ။ နေရာထိုင်ခင်းအကန့်အသတ်သာရှိသည့်အတွက် လက်မှတ်ဖြင့်သာ တက်ရောက်ခွင့်ရှိပါသည်။ အခြားခန်းမများသို့ တယ်လီဖုန်းဖြင့် နှစ်ပတ်လည်စည်းဝေးပွဲကို ဆက်သွယ်ပေးရန်အစီအစဉ်များ ပြုလုပ်မည်မဟုတ်ပါ။