ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၃ ၇/၁ စာ. ၃၁
  • ဘဝတွင်ရည်ရွယ်ချက်သူမ တွေ့ ရှိခဲ့

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘဝတွင်ရည်ရွယ်ချက်သူမ တွေ့ ရှိခဲ့
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • ဆင်တူတဲ့ အကြောင်းအရာ
  • သမ္မာကျမ်းစာက ဘဝအသက်တာတွေကို ပြောင်းလဲပေးနိုင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • သမ္မာကျမ်းစာက ဘဝပုံစံတွေကို ပြောင်းလဲပေးနိုင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • ကျမ်းစာသည် ဘဝအသက်တာများကို ပြောင်းလဲစေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
က၉၃ ၇/၁ စာ. ၃၁

ဘုရားသခင့်နိုင်ငံတော် ကြွေးကြော်သူများမှတ်တမ်း

ဘဝတွင်ရည်ရွယ်ချက်သူမ တွေ့ ရှိခဲ့

ယေရှုက မိမိ၏သိုးကိုမိမိသိကြောင်းဆိုသည်။ (ယောဟန် ၁၀:၁၄) လူတစ်ဦးသည် နှလုံးကောင်းနှင့် ငြိမ်သက်ခြင်း၊ ဖြောင့်မတ်ခြင်းကိုချစ်လျှင် ထိုသူသည် ယေရှုနောက်လိုက်များသို့ ဆွဲဆောင်ခံရမည်။ ထိုသို့သောသူသည် ဘယ်ဂျီယံရှိအမျိုးသမီးတစ်ဦးကဲ့သို့ ဘဝရည်ရွယ်ချက်ကို တွေ့ရှိမည်ဖြစ်သည်။ သူမ၏အကြောင်းကားဤသို့–

“ယေဟောဝါသက်သေများ ကျွန်မတံခါးကိုလာခေါက်တဲ့အခါ ကျွန်မဟာအတော် စိတ်ဓာတ်ကျနေပြီး ကိုယ့်ဘဝကို အဆုံးစီရင်လိုက်ဖို့ စဉ်းစားနေခိုက်ဖြစ်တယ်။ ဒီဖျားနာနေတဲ့ ကမ္ဘာကြီးရဲ့ ပြဿနာတွေကို ဖြေရှင်းချက်နဲ့ပတ်သက်ပြီး သက်သေခံပြောတာကို ကျွန်မနှစ်ခြိုက်တယ်၊ ဒါပေမယ့် ဘုရားပါဝင်ပတ်သက်မယ် ဆိုတာကိုတော့ မကြိုက်ဘူး။ ကျွန်မဘုရားကျောင်းမတက်တာ ရှစ်နှစ်ရှိပြီ၊ အဲ့ဒီမှာ တွေ့ရတဲ့ ဟန်ဆောင်မှုတွေကို မုန်းလို့ဘဲ။ သက်သေခံတွေကျတော့၊ သူတို့ပြောတာတွေမှာ အမှန်တရားတွေ့ရပြီး၊ နောက်ဆုံးတော့ ဘုရားမပါဘဲ နေရတာခက်တယ်ဆိုတာ ကျွန်မသဘောပေါက်လာတယ်။

“အကြိမ်အနည်းငယ်သာ လည်ပတ်ကြပြီးနောက် သက်သေခံတွေနဲ့ အဆက်ပြတ်သွားတာ ဝမ်းနည်းစရာဘဲ။ ကျွန်မညှိုးငယ်မိတယ်။ ကျွန်မ တစ်ရက်ကိုစီးကရက် နှစ်ဘူးသောက်ပြီး မူးယစ်ဆေးဝါးကိုတောင် ပြန်ပြီးသုံးစွဲမိတယ်။ သေဆုံးသွားတဲ့ အဖိုးနဲ့ဆက်သွယ်ချင်တာနဲ့ နတ်ဆိုးတွေနဲ့ ပတ်သက်ခဲ့ပြန်တယ်။ ရလဒ်အနေနဲ့ ညမှာတစ်ယောက်ထဲရှိနေတုန်း နတ်ဆိုးရဲ့တိုက်ခိုက်မှုခံရတဲ့အခါ ကျွန်မဖြင့်ကြောက်လိုက်လေခြင်း။ အဲ့ဒါလပေါင်းများစွာ ခံခဲ့ရတယ်။ ညနေတိုင်းဘဲ ကျွန်မတစ်ယောက်ထဲရှိနေရမှာကို ထိတ်လန့်နေခဲ့တယ်။

“ဒါနဲ့၊ တစ်နေ့တော့ ခါတိုင်းသွားတဲ့လမ်းမဟုတ်ဘဲ အခြားတစ်လမ်းနဲ့ လမ်းလျှောက်ထွက်ရင်း အတော်ကြီးမားတဲ့ အဆောက်အအုံနေရာကို ရောက်လာတယ်။ အံ့သြစွာပဲ လူအုပ်ကြီးကိုတွေ့ရတယ်။ အနီးကပ်ကြည့်တော့၊ ယေဟောဝါသက်သေတွေ ခန်းမဆောက်နေတာ တွေ့ခဲ့ရတယ်။ သက်သေခံတွေ ကျွန်မအိမ်ကို လည်ပတ်ခဲ့တာ သတိရမိခဲ့ပြီး ကမ္ဘာတစ်ခုလုံး ဒီလူတွေလို နေနိုင်ကြရင် ဘယ်လောက်ကောင်းလိုက်လေမလဲ လို့စဉ်းစားမိခဲ့တယ်။

“ကျွန်မအိမ်ကို သက်သေခံတွေကို ပြန်ပြီးသိပ်လည်ပတ်စေချင်တဲ့အတွက် ခန်းမမှာအလုပ်လုပ်နေတဲ့ သူတချို့ကိုကျွန်မ စကားပြောခဲ့တယ်။ ဘုရားသခင်ထံကို ကျွန်မဆုတောင်းခဲ့ပြီး ဆယ်ရက်ကြာတဲ့အခါ ကျွန်မကိုဦးဆုံးတွေ့ခဲ့တဲ့သူဟာ တံခါးဝမှာရောက်လာတယ်။ သူက ကျမ်းစာသင်အံမှု ဆက်လုပ်ရအောင်လို့ ပြောခဲ့တယ်၊ ကျွန်မလည်း ပျော်ရွှင်စွာဘဲ သဘောတူခဲ့တယ်။ ချက်ချင်းဘဲ သူကခန်းမမှာ စည်းဝေးတက်ဖို့ဖိတ်တယ်။ ကျွန်မလက်ခံခဲ့တယ်။ အဲ့ဒီလို မြင်ကွင်းမျိုး ကျွန်မတစ်ခါမှ မမြင်ခဲ့ဖူးပါလား။ တစ်ဦးကိုတစ်ဦး တကယ်ချစ်ပြီး ပျော်ရွှင်တဲ့လူတွေကို အကြာကြီးရှာခဲ့လိုက်ရတာ။ ခုတော့သူတို့ကို တွေ့ခဲ့ရပြီလေ။

“အဲ့ဒီကစပြီး စည်းဝေးအားလုံးကို တက်ခဲ့တယ်။ သုံးပတ်လောက်ကြာပြီးတဲ့နောက် ဆေးလိပ်သောက်တဲ့ အကျင့်ဆိုးကို ရပ်ခဲ့တယ်။ နက္ခတ်စာအုပ်တွေ၊ စာတန်ဆိုင်ရာတေးသီချင်းခွေတွေ လွှင့်ပစ်ခဲ့တယ်၊ နတ်ဆိုးတွေဟာ ကျွန်မကိုသူတို့ဆုပ်ကိုင်ထားမှုတွေ လျော့လာပြီဆိုတာ ကျွန်မခံစားရတယ်။ ကိုယ့်အသက်တာကို ယေဟောဝါရဲ့ သမ္မာကျမ်းစာ စံချိန်များနဲ့အညီ ပြုပြင်လိုက်တယ်၊ သုံးလကြာတဲ့အခါ သတင်းကောင်းကို စဟောတော့တယ်။ ခြောက်လကြာတော့ နှစ်ခြင်းခံခဲ့တယ်။ နှစ်ခြင်းခံပြီးနှစ်ရက်မှာ အရန်ရှေ့ဆောင် စလုပ်ခဲ့တယ်။

“ကျွန်မအပေါ် ပြုလုပ်ပေးခဲ့တဲ့ ကောင်းတဲ့အရာအားလုံးအတွက် ယေဟောဝါကို ကျေးဇူးတင်မိပါတယ်။ ကျွန်မရဲ့ဘဝဟာ နောက်ဆုံးတော့ ရည်ရွယ်ချက်တစ်ခု ရှိနေပြီ။ မှန်တယ်၊ ယေဟောဝါရဲ့နာမဟာကျွန်မ လုံခြုံမှုနဲ့ ကာကွယ်မှုတွေ့ရတဲ့ ခိုင်ခံ့တဲ့ရဲတိုက်ပါဘဲ။ (သု၊ ၁၈:၁၀) ဆာလံ ၈၄:၁၀ မှာဆာလံဆရာ ရေးထားခဲ့သလို ကျွန်မတကယ်ဘဲ ခံစားရတယ်– ‘တန်တိုင်းတော်တို့အတွင်း၌ နေသောတစ်ရက်သည် အခြားအရပ်၌ နေသောအရက်တစ်ထောင်ထက်သာ၍ ကောင်းပါ၏။ မတရားသော သူ၏နေရာ၌ နေရသောအခွင့်ထက် အကျွန်ုပ်၏ ဘုရားသခင့်အိမ်တော်၌ တံခါးစောင့်အရာကို အကျွန်ုပ်သာ၍ နှစ်သက်ပါ၏။’”

နှလုံးနူးညံ့သော အမျိုးသမီးတစ်ဦး ဘဝတွင်ရည်ရွယ်ချက် တွေ့ခဲ့ရသည်။ ယေဟောဝါကို နှလုံးကောင်းဖြင့်ရှာဖွေသူ မည်သူမဆိုလည်းတွေ့နိုင်ပါသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ