ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၃ ၅/၁ စာ. ၃၂
  • ဤအရာအတွက် သင်မည်မျှပေးမည်နည်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဤအရာအတွက် သင်မည်မျှပေးမည်နည်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
က၉၃ ၅/၁ စာ. ၃၂

ဤအရာအတွက် သင်မည်မျှပေးမည်နည်း

မိမိ၌ရှိသမျှကို စိတ်လိုကိုယ်လျောက်စွန့်လွှတ်နိုင်သည့်တိုင် အသင်ရလိုသော တန်ဖိုးကြီးမားသည့်အရာတစ်ခုခုကို သင်သိရှိထားပါသလော။ ယေရှုသိတော်မူခဲ့သည်။ ယင်းအကြောင်း တပည့်နောက်လိုက်များအား ကိုယ်တော်မိန့်မြွက်တော်မူခဲ့သည်။

ကိုယ်တော်က “ကောင်းကင်နိုင်ငံတော်သည် မြတ်သောပုလဲတို့ကိုရှာသော ကုန်သည်နှင့်တူ၏။ ထိုကုန်သည်သည် အလွန်အဖိုးထိုက်သောပုလဲကိုတွေ့သောအခါ သွား၍ မိမိ၌ရတတ်သမျှကိုရောင်းပြီးလျှင် ထိုပုလဲကိုဝယ်လေ၏” ဟုမိန့်တော်မူသည်။—မဿဲ ၁၃:၄၅၊ ၄၆။

ယင်းကုန်သည်သည် ထို “ပုလဲ” ဖြစ်သည့် ဘုရားသခင့်နိုင်ငံတော်ကိုရခြင်းငှာ မိမိ၌ရှိရှိသမျှကို စွန့်လွှတ်ရန်အသင့်ရှိပါသည်။ အဘယ်ကြောင့်နည်း။ အကြောင်းမူကား၊ ဤလောကတွင် ယင်းနှင့်နှိုင်းယှဉ်နိုင်သော မည်သည့်အရာမျှမရှိပါ။ လူသားမဖြေရှင်းနိုင်သည့် စစ်မှု၊ ငတ်ပြတ်မှု၊ ရာဇဝတ်မှု၊ ဖိစီးမှု အစရှိသောပြဿနာများကို ဘုရားသခင့်နိုင်ငံတော် ဖြေရှင်းပေးနိုင်တော်မူလိမ့်မည်။ (ဆာလံ ၇၂:၄-၈၊ ၁၃၊ ၁၄) ဘုရားသခင့်နိုင်ငံတော်အောက်တွင် အပြစ်တရား၊ ရောဂါဘယနှင့်သေခြင်းပင်လျှင် ရှိတော့မည်မဟုတ်။ (ဗျာဒိတ် ၂၁:၄၊ ၅) ယင်းကြောင့် သခင့်ဆုတောင်းချက် (“ကောင်းကင်ဘုံ၌ ရှိတော်မူသော ကျွန်ုပ်တို့အဘ”) ၏ဒုတိယအသနားခံချက်မှာ “နိုင်ငံတော်တည်ထောင်ပါစေသော” ဟူ၍ဖြစ်ရခြင်းတည်း။—မဿဲ ၆:၉၊ ၁၀။

ဘုရားသခင့်နိုင်ငံတော်ကောင်းချီးများကို အသင်ခံစားနိုင်ရန် အသင်အဘယ်အရာများကို စွန့်လွှတ်ရမည်နည်း။ အမှန်သော်ကား၊ ထိုကောင်းချီးများကို အခမဲ့ရရှိနိုင်ပါသည်။ သို့သော် ယင်းတို့၌ပျော်မွေ့ခြင်းငှာ ဘုရားသခင့်နိုင်ငံတော်သည် အဘယ်အရာဖြစ်သည်ကို သိရှိရန်၊ ယင်းသည် ဖြစ်ရပ်မှန်ဖြစ်ကြောင်း ယုံကြည်ရန်၊ သင့်ဘဝအသက်တာတွင် ယင်းကို ပထမနေရာတွင် ထားရန် လိုပါသည်။ ထိုသို့ သင်ပြုလုပ်နိုင်ပါမည်လော။ သင့်အား အကူအညီဖြစ်မည့်အကြောင်းများ သမ္မာကျမ်းစာတွင်ရှိပါသည်။ ဘုရားသခင့်နိုင်ငံတော်အကြောင်းသင်ယူပါ။ ယင်းသည် ယခုပင်လျှင် သင့်အား မည်သို့အကျိုးပြုနိုင်ကြောင်း သိရှိနိုင်ရန် ယေဟောဝါသက်သေများ၏အကူအညီကို လက်ခံယူပါလေ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ