ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၃ ၄/၁ စာ. ၃၂
  • “တောနှင်းပန်းများ”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “တောနှင်းပန်းများ”
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
က၉၃ ၄/၁ စာ. ၃၂

“တောနှင်းပန်းများ”

အလုပ်လက်မဲ့ဖြစ်ခြင်း။ ကုန်ဈေးနှုန်းများ တိုးမြင့်နေခြင်း။ ဆင်းရဲနွမ်းပါးခြင်း။ စီးပွားရေးကျဆင်းခြင်း။ ဤစကားလုံးများသည် သတင်းတွင် တိုး၍ပေါ်ထွက်လာသည်။ မိသားစု စားဝတ်နေရေးကိုကြိုးပမ်းနေစဉ် သန်းပေါင်းများစွာသောသူတို့ ကြုံတွေ့ရသော အခက်အခဲများကို ရောင်ပြန်နေသည်။

ယုံကြည်သူနှင့် မယုံကြည်သူများပါ ထိခိုက်နေသည်။ သို့သော် ဤပြဿနာများကို ယုံကြည်သူများ ရင်ဆိုင်ရစဉ် အားကိုးရာမဲ့ မဖြစ်ကြပါ။ ပထမရာစုရှိ သာမညလူတို့အား ယေရှုစကားပြောဆိုစဉ် ကိုယ်တော်က “မိုးကောင်းကင်၌ ကျင်လည်သောငှက်များကို ကြည့်ရှုဆင်ခြင်ကြလော့။ ထိုငှက်တို့သည် မျိုးစေ့ကိုမစိုက်မကြဲ၊ စပါးကိုမရိတ်၊ ကျီ၌မစုမသွင်း။ သို့သော်လည်း ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် သူတို့ကိုကျွေးမွေးတော်မူ၏။ ထိုငှက်တို့ထက် သင်တို့သည် အလွန်မြတ်သည်မဟုတ်လော” ဟုမိန့်တော်မူခဲ့သည်။—မဿဲ ၆:၂၆။

ယေရှု ဤသို့လည်း မိန့်တော်မူသေးသည်။ “တောနှင်းပင်တို့သည် အဘယ်သို့သောအားဖြင့် ကြီးပွားသည်ကို ဆင်ခြင်အောက်မေ့ကြလော့။ ထိုအပင်တို့သည် အလုပ်လည်းမလုပ်၊ ချည်ဖြစ်စေခြင်းငှာ မငင်မဝင့်။ သို့သော်လည်း ဘုန်းကြီးသော ရှောလမုန်မင်းကြီး၏အဝတ်သည် ထိုအပင်တစ်ပင်မျှ၏ အဝတ်ကိုမမီဟု ငါဆို၏။ . . . တောမြက်ပင်ကို ဘုရားသခင်သည် ထိုသို့သောအဝတ်နှင့် ဖုံးလွှမ်းတော်မူလျှင် ထိုမျှမက သင်တို့ကိုအဝတ်နှင့် ဖုံးလွှမ်းတော်မူမည်မဟုတ်လော။”—မဿဲ ၆:၂၈-၃၀။

ယင်းကြောင့် ခရစ်ယာန်တစ်ဦးသည် ဝမ်းစာရှာအလုပ်ကို လုပ်ကိုင်စရာမလိုဟု ဆိုလိုပါသလော။ လုံးဝမဟုတ်ပါ။ ခရစ်ယာန်တစ်ဦးအနေနှင့် ကုန်ကျစရိတ်အတွက် လိုအပ်သမျှ ကြိုးစားအလုပ်လုပ်ကိုင်ပါမည်။ တမန်တော်ပေါလုက “အလုပ်မလုပ်ချင်သောသူ မည်သည်ကား အစာကိုလည်း မစားစေနှင့်” ဟုပြောသည်။ (၂ သက်သာလောနိတ် ၃:၁၀) မည်သို့ဆိုစေ ခရစ်ယာန်တစ်ဦးသည် ဘုရားသခင့်မေတ္တာကရုဏာပါ စောင့်ရှောက်မှုကိုခံရကြောင်း သိရှိကာ ကောင်းကင်ခမည်းတော်သည် မိမိကိုကြည့်ရှု မစတော်မူကြောင်း ယုံကြည်စိတ်ချပါသည်။ သို့ဖြစ်သောကြောင့် စိုးရိမ်ပူပန်မှုများသည့်အတွက် စိတ်တုန်လှုပ်ချောက်ချား မသွားပါ။ ခဲယဉ်းသောအချိန်များတွင်ပင် အဓိကဖြစ်သည့် ဝိညာဉ်ရေးရာများကို သူဦးစားထားတတ်ပါသည်။ “ဘုရားသခင်၏နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းတရားတော်ကို ရှေ့ဦးစွာရှာကြလော့။ နောက်မှ ထိုအရာများကို ထပ်၍ပေးတော်မူလတ္တံ့” ဟူသောယေရှု၏စကားကို သူယုံကြည်ပါသည်။—မဿဲ ၆:၃၃။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ