ဘုရားသခင့်နာမတော်ကို သူတို့သိရှိခဲ့
အင်္ဂလန်နိုင်ငံ၏လက်အောက်ခံ အမေရိကန်နယ်ပယ်ဒေသများတွင် အဦးဆုံးရေးသားပုံနှိပ်ခဲ့သောစာပေမှာ ဘေးဆာလံကျမ်းဖြစ်သည်။ ၁၆၄၀ ခုနှစ်၊ မက်စာချူးစက်ပြည်နယ်၊ ဘေးကိုလိုနီအရပ်တွင် အစအဦးဆုံးဖြန့်ချိထုတ်ဝေခဲ့သူကား စတီဗင်ဒေးဖြစ်သည်။ စာစောင်တွင် ထိုစဉ်ကအသုံးပြုပြောဆိုရေးသားသည့် အင်္ဂလိပ်ဘာသာစကားသို့ ဟေဗြဲကျမ်းမှ ဘာသာပြန်ဆိုသည့် ဆာလံကျမ်းပါရှိသည်။
ဘေးဆာလံကျမ်း၏ထူးခြားသောလက္ခဏာတစ်ခုမှာ အခန်းငယ်အချို့တွင် နာမတော်မြတ်ကို အသုံးပြုထားခြင်းဖြစ်သည်။ ထိုကြောင့် လွန်ခဲ့သောနှစ်ပေါင်း ၃၅၀ ခန့်အချိန်ကတည်းက ထိုစာစောင်ကိုဖတ်ရှုသည့် မည်သူမဆိုသည် ကျွန်ုပ်တို့ဖန်ဆင်းရှင်၏အမည်နာမကို သိရှိနိုင်ခဲ့ပါသည်။ ဥပမာ၊ ဆာလံ ၈၃: ၁၇၊ ၁၈ တွင်ထိုကျမ်းစာအုပ်တွင် ဤသို့ဖတ်ရှုရ၏။ “Confounded let them ever be, and terriblie troubled: yea, let them be put unto shame, and bee extinguished. That men may know; that thou whose name IEHOVAH is only, art over all the earth throughout advanced the most high.”
အမြင့်မြတ်ဆုံးသောဘုရားသခင်၏ အမည်နာမသည် ယေဟောဝါဖြစ်ကြောင်း ကျွန်ုပ်တို့အသိအမှတ်ပြုရုံထက်မက တောင်းဆိုတော်မူသည်။ ဘေးဆာလံကျမ်းစာတွင် ဆာလံ ၁:၁၊ ၂က “ကောင်းချီးခံစားရသူသည်” လူဆိုးတို့၏အကြံအစည်အတိုင်း မသွားလာဘဲ “ယေဟိုးဗား၏တရား၌ စွဲလမ်းနေသည်” ဟုဆိုသည်။ ၁၆၄၈ ခုနှစ်ထုတ် ပြန်လည်တည်းဖြတ်ထားသည့် နယူးအင်္ဂလန်ဆာလံကျမ်းက ဤသို့ဆိုသည်။ “ထိုသူမူကား ယေဟောဝါ၏ပညတ်ပေါ် လုံးလုံးအားရနှစ်သက်၏။”
ဤတွင် ၂၀ ရာစုကမ္ဘာသစ်ဘာသာပြန်ကျမ်းက ဤသို့ဆိုသည်။ “မတရားသောသူတို့၏တိုက်တွန်းခြင်းသို့မလိုက်၊ လူဆိုးတို့၏လမ်းတွင် မရပ်မနေ၊ မထီမဲ့မြင်ပြုသောသူတို့၏အစည်းအဝေး၌ မထိုင်၊ ယေဟောဝါ၏တရားတော်၌မွေ့လျော်၍ တရားတော်ကို နေ့ညဉ့်မပြတ်ဆင်ခြင်အောက်မေ့သောသူသည် ဝမ်းမြောက်ခြင်းရှိ၏။”
အမှန်တကယ်ရွှင်လန်းဝမ်းမြောက်နိုင်ရန် မတရားသောသူတို့၏တိုက်တွန်းခြင်းကို ငြင်းပယ်ရမည်။ လူဆိုးတို့၏ပုံသက်သေကို သူမလိုက်ရ။ ဘုရားတရားမဲ့သော မထီမဲ့မြင်ပြုသူများနှင့် မပေါင်းဖော်နိုင်ပါ။ အခြားအရာများအနက် စာရိတ္တယိုယွင်းခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းနှင့် ဘုရားသခင့်ပညတ်တော်နှင့်ဆန့်ကျင်သည့် အခြားလုပ်ရပ်များပြုရန် စကားအားဖြင့်လည်းကောင်း၊ အကျင့်အားဖြင့်လည်းကောင်း ဖြားယောင်းသွေးဆောင်မည့်သူတို့နှင့်အပေါင်းအသင်းမပြုရန် သတိပြုဖို့လိုသည်။ မှန်ပါ၏။ စစ်မှန်သောပျော်ရွှင်မှုရဖို့ ယေဟောဝါအမည်ရှိ စစ်မှန်သောဘုရားသခင်ကိုသိကျွမ်းရမည်။ သမ္မာကျမ်းစာတွင်ဖော်ပြထားသည့်အတိုင်း ကိုယ်တော်၏ပညတ်တော်ကို ကျင့်သုံးရမည်။