ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၂ ၉/၁ စာ. ၃၂
  • ဧဝံဂေလိတရားဟောသူအစစ်အမှန်၏ရိတ်သိမ်းခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဧဝံဂေလိတရားဟောသူအစစ်အမှန်၏ရိတ်သိမ်းခြင်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
က၉၂ ၉/၁ စာ. ၃၂

ဧဝံဂေလိတရားဟောသူအစစ်အမှန်၏ရိတ်သိမ်းခြင်း

ဝီလီယမ် အာရ်၊ ဘရောင်းသည် အာဖရိကတိုက်သို့ ၁၉၂၃ ခုနှစ်တွင် အစအဦးရောက်ရှိခဲ့သည်။ သူ၏ဇနီးသည်နှင့်ကလေးငယ်ပါ ဂမ်ဘီယာ၊ ဂါနာ၊ လိုင်ဘီးရီးယား၊ နိုင်ဂျီးရီးယား၊ စီအဲရီယာလီယောန်နိုင်ငံများတွင် ‘သာသနာပြုဆရာဆောင်ရွက်ရသောအမှုကို ဆောင်ရွက်’ ခဲ့သည်။ (၂ တိမောသေ ၄:၅) သူ၏လုပ်ငန်းအသီးကား အလွန်ထူးခြားလှသည်။

ဤအနောက်အင်ဒီးစ်တိုင်းရင်းသားသည် ခရစ်ယာန်ဘောင်ချာ့ချ်များ၏အသင်းသားတစ်ဦးမဟုတ်၊ နိုင်ငံရေးတွင်လည်း မပါဝင်ခဲ့ပါ။ ယင်းအစား ယေရှုနှင့်တမန်တော်များကိုသူအတုယူကာ ယေဟောဝါ၏နာမတော်နှင့် အုပ်စိုးပိုင်ထိုက်သောအာဏာတော်ကို ကြေညာခြင်းဖြင့် ရွေးဖိုး၏အရေးကြီးမှုကို အလေးအနက်ထင်ရှားစေ၍ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို ဟောပြောခဲ့ပါသည်။ (မဿဲ ၉:၃၅။ ၂၀:၂၈။ ယောဟန် ၁၇:၄-၆) ဝီလီယမ် အာရ်၊ ဘရောင်းသည် သမ္မာကျမ်းစာကိုအမြဲအသုံးပြုပြီး အယူဝါဒနှင့်ယုံကြည်ချက်များ မှားသည်မှန်သည်ကိုဆုံးဖြတ်စီရင်ရာတွင် ယင်းကိုအမြဲထောက်ပြခဲ့သည်။ (၂ တိမောသေ ၃:၁၆) ယင်းကိုအခိုင်အမာတင်ပြတတ်သဖြင့် သူသည် သမ္မာကျမ်းစာဘရောင်းဟု အမည်တွင်ခဲ့သည်။

ယေဟောဝါ၏ကောင်းချီးဖြင့် သမ္မာကျမ်းစာဘရောင်းကြဲခဲ့သောမျိုးစေ့တို့သည် အမြစ်စွဲအညှောက်ထွက်လာ၍ ကြီးပြင်းခဲ့သည်။ ယနေ့ သူလမ်းပြခဲ့သောတိုင်းနိုင်ငံများတွင် အာဖရိကတိုက်သား ၂၀၀,၀၀၀ တို့သည် မိမိတို့၏ဖန်ဆင်းရှင်အား ဘဝအသက်တာကိုဆက်ကပ်ခဲ့ကြပြီး သူတစ်ပါးအားထပ်ဆင့်၍ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း ဟောပြောနေကြပါသည်။ (မဿဲ ၁၄:၁၄။ ၁ ကောရိန္သု ၃:၆-၉) ဤတက်ကြွလှုပ်ရှားသောခရစ်ယာန်များသည် ရိုးသားဖြောင့်မတ်ပြီး စိတ်ချယုံကြည်နိုင်သူများဖြစ်ကြောင်း အများသိကြပါသည်။ သူတို့သည် ယေဟောဝါ၏သက်သေ၊ စိုးစံတော်မူသောဘုရင်ခရစ်တော်၏ နိုင်ငံတော်သားများဖြစ်ကြရသည်ကို ဂုဏ်ယူကြသည်။

ဤရိတ်သိမ်းခြင်းသည် ခရစ်ယာန်ဧဝံဂေလိတရားဟောသူအစစ်အမှန်၏ အသီးဖြစ်သည်။ လူနေထိုင်ရာတိုက်ကြီးတိုင်းတွင် ကမ္ဘာချီ၍ ထပ်တူပင်ရိတ်သိမ်းနေပါသည်။ နိုင်ငံပေါင်း ၂၀၀ ကျော်တွင် စိတ်နှလုံးနှိမ့်ချသူ၊ အမျိုးသား၊ အမျိုးသမီးလေးသန်းကျော်ကို “ရိတ်သိမ်းနေပြီ” ဖြစ်၍ ဧဝံဂေလိတရားဟောသူ ကောင်းကင်တမန်၏စကားများကို ထပ်မံဆင့်ဆိုနေပါသည်။ “ဘုရားသခင်ကိုကြောက်ရွံ့၍ချီးမွမ်းကြလော့။ တရားစီရင်တော်မူသောအချိန် ရောက်လာပြီ။” (ဗျာဒိတ် ၁၄:၇) အမှန်အားဖြင့် ဒုက္ခများမြောင်သည့် ဤခေတ်သမယတွင် မျှော်လင့်ချက်တွေ့ရှိနိုင်သည့်နည်းတစ်နည်းတည်းကား ဘုရားရှင်ထံလှည့်၍ ဘုရားနိုင်ငံတော်အစိုးရအောက် လက်အောက်ခံခြင်းပင်ဖြစ်သည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ