ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၂ ၇/၁၅ စာ. ၃၂
  • မိမိအိမ်သို့ပျံသောချိုးများပမာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မိမိအိမ်သို့ပျံသောချိုးများပမာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
က၉၂ ၇/၁၅ စာ. ၃၂

မိမိအိမ်သို့ပျံသောချိုးများပမာ

လူတို့ယဉ်ပါးအောင်ပြုလုပ်သည့်ငှက်တို့တွင် ချိုးငှက်များသည် ပထမဆုံးဖြစ်ကောင်းဖြစ်မည်။ နှစ်ထောင်ပေါင်းများစွာက နှစ်ပတ်လည်အစာရရှိရေးကိုမျှော်ပြီး အီဂျစ်လူမျိုးတို့သည် မိမိတို့အိမ်အနီးအနားတွင် ချိုးငှက်အိမ်များတည်ဆောက်ပေးကြသည်။ ထိုငှက်တို့၏အသားကိုမက်မောစွာစားသုံးကြပြီး မစင်ကိုကား မြေသြဇာအဖြစ်အသုံးပြုကြသည်။ အလယ်ခေတ်တိုင်သော် ချိုးငှက်အိမ်တို့သည် တပ်မက်စရာဖြစ်လာရာ အချို့နိုင်ငံများတွင် မှူးတော်မတ်တော်နှင့်ဘာသာရေးခေါင်းဆောင်များတို့သာ ပိုင်ဆိုင်နိုင်ရာဖြစ်လာလေသည်။

ယခုချိုးသားအစား ကြက်သားစားလေ့စားထရှိနေသည်မှန်သော်လည်း ရှေးခေတ်ချိုးအိမ်များကို တွေ့ရှိနိုင်ပါသေးသည်။ ဤတွင်ဖော်ပြထားသောချိုးအိမ်များကို အီဂျစ်နိုင်ငံတွင်တွေ့ရှိနိုင်သည်။

ညနေချိန်တွင် အစုလိုက်အပြုံလိုက်ပျံသန်းလာကြသည့် တကယ်ကြီးမားသောငှက်အုပ်ကြီးသည် ချိုးအိမ်များသို့ဝင်ကြလေသည်။ ဟေဗြဲပရောဖက်ဟေရှာယက ဤသို့မေးမြန်းခဲ့သောအခါ ယင်းအဖြစ်ကိုဖော်ညွှန်းပါသည်။ “မိုးတိမ်ကဲ့သို့လည်းကောင်း၊ မိမိတို့အိမ်သို့ပျံသောချိုးများကဲ့သို့လည်းကောင်း ပျံလာသောဤသူတို့ကား၊ အဘယ်သူဖြစ်ကြလိမ့်မည်နည်း။” အခြားဘာသာပြန်တစ်ဦးဖော်ပြသည်ကား “မိုးတိမ်ကဲ့သို့လွင့်မျောသော၊ ချိုးအိမ်သို့ပျံသန်းသောချိုးတို့ကား အဘယ်သူများနည်း” ဟုဖြစ်သည်။—ဟေရှာယ ၆၀:၈။ The New English Bible.

ယနေ့ယေဟောဝါအဖွဲ့အစည်းအတွင်း စုပြုံဝင်လာနေသည့် ဘုရားသခင်ကိုကြောက်ရွံ့သူထောင်ပေါင်းများစွာသောသူတို့တွင် အဖြေပေါ်ပါသည်။ ယေဟောဝါသက်သေများ၏နိုင်ငံတော်ခန်းမတွင် ဘုရားသခင်ထံသူတို့မျှော်လင့်ရန် သင်ယူကြသည်။ (ဟေရှာယ ၆၀:၉) ဘုရားသခင့်လူမျိုးအလယ်တွင် ဝိညာဏတန်ဖိုးရှိရာများ၊ သက်ဝင်သောယုံကြည်ခြင်း၊ တည်ဆောက်မှုပေးသည့်ပေါင်းသင်းမှုသည် ချိုးအိမ်ရှိချိုးငှက် ခံစားရသောငြိမ်သက်မှု၊ လုံခြုံမှုနှင့်အလားတူကြောင်း သိရှိနားလည်လာကြပါသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ