ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၂ ၁/၁၅ စာ. ၃၂
  • သင့်အား လှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ်ပါသည်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင့်အား လှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ်ပါသည်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
က၉၂ ၁/၁၅ စာ. ၃၂

သင့်အား လှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ်ပါသည်

လွန်ခဲ့သည့်နှစ်ပေါင်း ၁,၉၀၀ ခန့်ကလူသားယေရှုခရစ်၏သေခြင်းသည် လူ့သမိုင်းတွင် အရေးအကြီးဆုံး ဖြစ်ရပ်ဖြစ်လေသည်။ ယင်းသည်ကျွန်ုပ်တို့အားလုံးအတွက် ပရဒိသုအခြေအနေတွင် ထာဝရအသက်ရရန် အလားအလာပွင့်စေသည်။ အခမ်းအနားရိုးရိုးလေးတစ်ခုတွင် ယေရှုသည် မိမိ၏မေတ္တာပါသောလူသားပူဇော်သက္ကာ အထိမ်းအမှတ်အဖြစ် စပျစ်ရည်နှင့် တဆေးမဲ့မုန့်ကို အသုံးပြုခဲ့သည်။ ထိုနောက်ကိုယ်တော်က မိမိ၏တပည့်တော်များအား “ငါ့ကိုအောက်မေ့ဖို့ရာ ဤသို့ပြုကြလော့” မိန့်တော်မူ၏။ (လုကာ ၂၂:၁၉) သင်အောက်မေ့မည်လော။

ယေဟောဝါသက်သေများသည် ဤအောက်မေ့ရာပွဲတော်ကို ကျင်းပရာ၌ သူတို့နှင့်အတူပါဝင်ရန် သင့်အားလှိုက်လှဲစွာ ဖိတ်ခေါ်ပါသည်။ ယင်းသည်သမ္မာကျမ်းစာမှလပြက္ခဒိန်တွင် နိသန်လ ၁၄ ရက်၌ကျရောက်သည့်နေ့ နေဝင်ပြီးနောက်ဖြစ်ပါလိမ့်မည်။ သင့်အိမ်နှင့်အနီးဆုံး နိုင်ငံတော်ခန်းမတွင် သင်တက်ရောက်နိုင်ပါသည်။ အချိန်အတိအကျနှင့် နေရာအတွက် ယေဟောဝါသက်သေများကို စုံစမ်းပါလေ။ ၁၉၉၂ တွင်ကျင်းပမည့်နေ့စွဲသည် ဧပြီ ၁၇ ရက်၊ သောကြာနေ့ဖြစ်ပါလိမ့်မည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ