ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၂ ၃/၁၅ စာ. ၃၁
  • ယူကရိန်းအတွက်ကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယူကရိန်းအတွက်ကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
က၉၂ ၃/၁၅ စာ. ၃၁

ယူကရိန်းအတွက်ကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့

စီးပွားရေးမငြိမ်မသက်ဖြစ်မှု၊ အစာခေါင်းပါးမှု၊ ငတ်ပြတ်မှုတို့သည် မြေတစ်ပြင်လုံးကို ဂယက်ရိုက်နေသည်ဟူသော ထိတ်လန့်ဖွယ်သတင်းသည် လူထုဆက်သွယ်ရေးသတင်းများတွင် တစ်ဖန်ပြည့်ပြန်ပေါ်လာသည်။ ဤတစ်ကြိမ်တွင် ယခင်ဆိုဗီယက်ယူနီယံတွင်ပါဝင်ခဲ့သောဒေသအချို့၌ဖြစ်သည်။ ယေဟောဝါသက်သေတို့၏အုပ်ချုပ်ရေးအဖွဲ့သည် ဒိန်းမတ်နိုင်ငံရှိကင်းမျှော်စင်အသင်းဌာနခွဲရုံးအား ယူကရိန်းတွင် ချို့တဲ့နေသောသက်သေခံများအတွက်ကယ်ဆယ်ရေးအစီအစဉ်ဆောင်ရွက်ရန် ချက်ချင်းအကြောင်းကြားလိုက်သည်။ ဒဲနစ်ရှ်ညီအစ်ကိုများဘာလုပ်ခဲ့ကြသနည်း။

သူတို့ချက်ချင်းစတင်လုပ်ဆောင်သည်။ အစားအသောက်များကို အကောင်းဆုံးဝယ်ယူရရှိနိုင်ရေးအတွက် ဌာနခွဲရုံးသည် ညီအစ်ကိုများကိုစေလွှတ်လိုက်သည်။ ဒိန်းမတ်နိုင်ငံရှိယေဟောဝါသက်သေအသင်းတော်အားလုံးထံ လိုအပ်ချက်သတင်းရောက်ရှိသွားသည်။ “အသင်းတော်အားလုံးက လှူဒါန်းကြဖို့ဆန္ဒပြင်းပြနေကြတယ်။ နောက်ဆုံးတော့ ဆင်းရဲဒုက္ခရောက်နေသူတွေအတွက် ကျွန်တော်တို့ကိုယ်ချင်းစာနာကြောင်းကို အထင်အရှားသက်သေပြနိုင်ခဲ့ကြပါတယ်” ဟုဌာနခွဲကပြောသည်။ ကုန်ကားကြီးနှစ်စီးပါဝင်သောထရပ်ကားငါးစီးနှင့်စေတနာ့ဝန်ထမ်းယာဉ်မောင်းသူ ၁၄ ဦးရှိကြောင်းဒိန်းမတ်ကအစီရင်ခံသည်။ ဌာနခွဲလုပ်သားများသည် မိမိတို့ဝယ်ထားသည့်အစားအသောက်များကို ထရပ်ကားများပေါ်တင်ကြသည်။

ဒီဇင်ဘာ ၉ ရက်၊ တနင်္လာနေ့ နေ့လည်တွင် ထိုအဖွဲ့သည် ဥရောပမှယူကရိန်းသို့ခရီးရှည်ကြီး စတင်ခဲ့ကြတော့သည်။ “အဲဒီအဖွဲ့ကို ဌာနခွဲမိသားစုတစ်ခုလုံးက လက်ပြနှုတ်ဆက်ခဲ့တာ ရင်ဖိုစရာမြင်ကွင်းပါပဲ။ ဘာကြောင့်လဲဆိုတော့ ကယ်ဆယ်ရေးအဖွဲ့အတော်များများဟာ လမ်းမှာလုယက်ခံရကြတာကိုသိကြလို့ပဲ။ ဒါကြောင့် ညီအစ်ကိုတွေသွားမဲ့ခရီးလမ်းတစ်လျှောက်လုံးအတွက် ကျွန်တော်တို့ဆုတောင်းပေးကြတယ်” ဟုဌာနခွဲကစာရေးသည်။

ဒီဇင်ဘာ ၁၈ ရက်ရောက်သောအခါ စိတ်စနိုးစနှောင့်ဖြစ်စရာများပြီးဆုံးသွားသည်။ ထိုအဖွဲ့သည် ယူကရိန်းပြည်နယ် လဗစ်ဗ်မြို့သို့ လုံခြုံချောမောစွာရောက်ရှိကြောင်း ဒိန်းမတ်ဌာနခွဲမှသတင်းရရှိခဲ့သည်။ ယူကရိန်းမှညီအစ်ကိုများ အကူအညီများရရှိခဲ့ကြသည်။ တစ်ထုပ်စီတွင် အသား၊ ဂျုံမှုန့်၊ ဆန်၊ သကြားနှင့် အခြားသောအဓိကအစားအသောက်များပါဝင်သော ၄၄ ပေါင်ထုပ်များပါဝင်သည့်အထုပ်ကြီး ၁,၁၀၀ ကိုချလိုက်သောအခါ သူတို့အတွက်မည်မျှသက်သာရာရလိုက်မည်ဖြစ်ခြင်း။ “ကျွန်တော်တို့ အရမ်းဝမ်းသာကြပြီး၊ ယေဟောဝါရဲ့ကာကွယ်မှုနဲ့ ဒီလိုကူညီဖို့အခွင့်အရေးပေးတဲ့အတွက် ကိုယ်တော့်ကိုကျွန်တော်တို့ကျေးဇူးတင်ကြပါတယ်” ဟု ဒိန်းမတ်ဌာနခွဲက စာရေးပါသည်။

အဝတ်အစားများတင်ပို့ရန်လည်း စီစဉ်ကြသည်။ ဤကိစ္စတွင်လည်း “အသင်းတော်တွေရဲ့အကူအညီတွေက အံ့မခန်းစရာပါပဲ” ဟုဌာနခွဲကဖော်ပြသည်။ ယေဟောဝါသည် ‘မိမိ၏လူများကို ရက်ရောခြင်းအမျိုးမျိုးဖြင့် ကြွယ်ဝစေတော်မူသည်။’ (၂ ကောရိန္သု ၉:၁၁၊ ကဘ) မိမိတို့၏ညီအစ်ကိုညီအစ်မများအား ရက်ရောစွာပေးကမ်းကြသောကြောင့် သူတို့သည် တန်ပြန်၍ကြီးစွာသောရွှင်လန်းမှုကို ခံစားကြရသည်။ ဤတွင်သူတို့တင်ပြသောမေတ္တာသည် ယေရှုနောက်တော်လိုက်များ၏အမှတ်အသားတစ်ခုပင်ဖြစ်သည်။ (ယောဟန် ၁၃:၃၅) ဤချို့တဲ့သည့်လောကတွင် ဤမေတ္တာမျိုးကို အလွန်တွေ့နိုင်ခဲသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ