ပင်လယ်သေကျမ်းလိပ်များမှ နောက်ဆုံးတစ်ခုကိုထုတ်ဝေခြင်း
လွန်ခဲ့သောစက်တင်ဘာလ၌ ဆယ်စုနှစ်များစွာကြာခဲ့သည့် တားဆီးပိတ်ဆို့မှုတစ်ခု ကျိုးပေါက်သွားသည်။ ပင်လယ်သေကျမ်းလိပ်ဆိုင်ရာ ပညာသင်များအချင်းချင်း အကြိတ်အနယ်ငြင်းခုံခဲ့ရသည့်အမှုတစ်ခု အဆုံးသတ်သွားသော်လည်း အသစ်တစ်ခုစတင်ခဲ့ဖွယ်ရှိသည်။
ပင်လယ်သေကျမ်းလိပ်များကို ၁၉၄၇ ခုနှစ်နှင့် နောက်ပိုင်းနှစ်များအတွင်း ပင်လယ်သေအနီးရှိ ဂူများမှ တွေ့ရှိခဲ့သည်။ ၄င်းတို့သည် ဟေဗြဲကျမ်းပိုင်းမှ မူရင်း၏အရေးပါသောတိကျမှန်ကန်မှုကို ထင်ရှားစေရာတွင်လည်းကောင်း၊ ယေရှုကမ္ဘာပေါ်ရှိစဉ်က ပါလက်စတိုင်း၌ တည်ရှိခဲ့သော ဘာသာရေးအခြေအနေများကို ရှင်းလင်းစေရာတွင်လည်းကောင်း အလွန်အရေးပါသည်။ (ဟေရှာယ ၄၀:၈) လက်ရေးစာမူအချို့တို့ကို လျင်မြန်စွာပုံနှိပ်ထုတ်ဝေခဲ့သော်လည်း ၁၉၉၁ ခုနှစ်တွင် လက်ရေးစာမူ ၄၀၀ ခန့်ကို ပုံနှိပ်ထုတ်ဝေခြင်းမရှိသေးသဖြင့် ပညာရှင်များလက်ဝယ်သို့ မရောက်ရှိသေးပေ။ ပါမောက္ခဘင် ဇိုင်ယွန် ဝါခိုလ်ဒါ နည်းတူ အများသောသူတို့သည် “လက်ရှိစာပေထုတ်ဝေသည့် နှုန်းထားအတိုင်းသာ ထုတ်ဝေသွားမည်ဆိုလျှင် ပင်လယ်သေကျမ်း စာမူစာပေစုများ တစ်ကမ္ဘာလုံးရရှိနိုင်မည့်အချိန်တွင် ကျွန်ုပ်တို့အားလုံး သေဆုံးပြီးဖြစ်နေမည်ကို စိတ်ပျက်လျက်ရှိကြသည်။”
သို့သော် ထိုအခြေအနေမှာ လွန်ခဲ့သောစက်တင်ဘာလ၌ ပြောင်းလဲသွားသည်။ ရှေးဦးစွာ ပါမောက္ခဝါခိုလ်ဒါနှင့် အပေါင်းပါတစ်ဦးဖြစ်သူ မာတင်အဘဂ္ဂတို့က မိမိတို့သည် ကွန်ပျူတာတစ်လုံးကို ရိုးရိုးသားသားအသုံးပြု၍ လုံခြုံစွာသိမ်းဆည်းထားသည့် ထိူမူရင်းစာမူများကို ထုတ်လုပ်နိုင်ပြီဖြစ်ကြောင်း ကြေညာခဲ့သည်။ ၄င်းနောက် အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ် ဆန်မာရီနိုမြို့ရှိ ဟန်တင်တန်စာကြည့်တိုက်က မိမိတို့၌ ထိုမူရင်းလက်ရေးစာမူများ၏ဓာတ်ပုံများရှိကြောင်း၊ ဂုဏ်သိက္ခာရှိပညာရှင်များလက်ဝယ်သို့ရောက်ရှိအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ထိုစာလိပ်များ၏ ထိန်းသိမ်းစောင့်ရှောက်မှုကို သေချာစိတ်ချစေရန်အတွက် ဓာတ်ပုံမိတ္တူများစွာ ပြုလုပ်ထားသည်မှာထင်ရှားသည်။ ဓာတ်ပုံအစုံလိုက်များကို သီးခြားဒေသအများ၌ သိမ်းဆည်းထားသဖြင့် နောက်ဆုံး၌ ဟန်တင်တန်စာကြည့်တိုက်သို့ တစ်စုံရောက်ရှိသွားခြင်းဖြစ်သည်။
ပညာရှင်တစ်ဦးက ဤဖြစ်ရပ်များကို ‘ဘာလင်တံတိုင်းပြိုလဲခြင်းဆိုင်ရာ ပညာရေးဘက်တူညီချက်’ ဟုသမုတ်ခဲ့သည်။ အစိုးရအယ်ဒီတာများက ကွန်ပျူတာဖြင့်ကူးယူသည့်စာမူများနှင့် ဓာတ်ပုံများကိုထုတ်ဝေလိုက်ခြင်းနှစ်ရပ်စလုံးကို ‘ခိုးမှု’ ဟုသမုတ်ကြသည်။ ကိုယ်ကျင့်သိက္ခာနှင့်စပ်လျဉ်း၍ နှစ်ပေါင်းများစွာငြင်းခုံသွားကြမည့် ပုံပေါ်နေသည်။ ထိုအတောအတွင်း နောက်ထပ်များစွာသော ပညာရှင်တို့သည် နောက်ဆုံး၌ ပင်လယ်သေကျမ်းလိပ်များတွင်ပါရှိသမျှတို့ကို ရှာဖွေကြည့်ရှုနိုင်တော့မည်မှာ ထင်ရှားသည်။
[စာမျက်နှာ ၃၂ ပါ ရုပ်ပုံ]
ပင်လယ်သေကျမ်းလိပ်တစ်လိပ်ဖြစ်သည့် ဟဗက္ကုတ်ဋီကာတစ်ခု၏မူပွား