သင်မှတ်မိသလော
မကြာမီကထုတ်ဝေခဲ့သော ကင်းမျှော်စင် များကို သင်အသေအချာသုံးသပ်ပြီးပြီလော။ သို့ဖြစ်လျှင်အောက်ပါအချက်များကို သင်ပြန်သတိရပေမည်။
▫ ယေဟောဝါ၏စစ်ပွဲများအကြောင်းပါ ကျမ်းစာမှတ်တမ်းက “ကြီးစွာသောဒုက္ခ” ကိုကျွန်ုပ်တို့ရင်ဆိုင်နိုင်ရန် မည်သို့ယုံကြည်စိတ်ချစေသနည်း။ (မဿဲ ၂၄:၂၁)
အစဉ်ထိန်းချုပ်ထားလျက်၊ ယေဟောဝါသည် မိမိရန်သူများထက်သာလွန်နိုင်ပြီး၊ မိမိလူမျိုးအတွက်အခြေအနေများကို ကြိုးကိုင်နိုင်သည်။—၈/၁၅၊ စာမျက်နှာ ၂၄။
▫ မိဘများသည် မိမိတို့နှင့်သားသမီးများစပ်ကြားဆက်သွယ်မှုကို ဆက်လက်တည်ရှိရေးအတွက် ဘာလုပ်ရန်အသင့်ရှိရမည်နည်း။
မိမိသားသမီးတို့ကို မိဘများအချိန်ပေးရမည်။ သားသမီးတို့၏စိတ်ဓာတ်ရေး၊ ကာယရေး၊ ဝိညာဉ်ရေးတိုးပွားဖို့အတွက် မိဘများကိုယ်ကျိုးစွန့်ရန်အသင့်ရှိရမည်။—၉/၁၊ စာမျက်နှာ ၂၀။
▫ ခရစ်တော်၏ကိုယ်ယောင်ပြောင်းလဲထွန်းတောက်ခြင်းသည် ယနေ့ကျွန်ုပ်တို့အတွက် မည်သည့်အဓိပ္ပာယ်ရှိသနည်း။ (မာကု ၉:၂–၄)
ကိုယ်ယောင်ပြောင်းလဲထွန်းတောက်ခြင်းသည် ယေဟောဝါ၏ပရောဖက်ပြုချက်တွင် ကျွန်ုပ်တို့၏ယုံကြည်ခြင်းကိုတည်ဆောက်ပေးနိုင်ပြီး၊ ယေရှုခရစ်သည် ဘုရားသခင့်သားတော်ဖြစ်ကြောင်းနှင့် ကတိထားတော်မူရာ မေရှိယဖြစ်ကြောင်း ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို ခိုင်ခံ့စေသည်။ ယင်းသည် ကောင်းကင်သို့နာမ်ဝိညာဉ်အသက်တာဖြင့် ယေရှု၏ထမြောက်ခြင်းနှင့် ဘုရားသခင့်အုပ်ချုပ်ရေး ကျွန်ုပ်တို့တွင်ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို တိုးပွားစေသည်။ ၁၀/၁ စာမျက်နှာ ၂၅။
▫ ဟေရှာယ ၁၁:၆ ပါ “ခေတ္တ” သည်မည်သည့်အဓိပ္ပာယ်ရှိသနည်း။
ဤအပိုဒ်ကို ဂရုတစိုက်ဘာသာပြန်ထားချက်က တောခွေးနှင့်သိုးသူငယ်သည် အစဉ်အမြဲအတူတကွရှိမည်မဟုတ်ကြောင်းဖော်ပြသည်။ မူလပရဒိသုအချိန်က “သားယဉ်၊ သားရဲ” များကဲ့သို့ပင် ထိုသတ္တဝါများသည် သီးခြားစရိုက်များရှိနေဆဲဖြစ်နိုင်သည်။ (ကမ္ဘာဦး ၁:၂၄) မည်သို့ဆိုစေ တိရစ္ဆာန်များသည် အချင်းချင်းအတူတကွနေထိုင်နိုင်ပြီး ဘေးအန္တရာယ်ပြုကြတော့မည်မဟုတ်။—၉/၁၅၊ စာမျက်နှာ ၃၁။
▫ စစ်မှန်သောခရစ်ယာန်ဘာသာ၏သော့ချက်ကားအဘယ်နည်း။
မေတ္တာသည် ခရစ်ယာန်ဘာသာစစ်၏သော့ချက်ဖြစ်သည်။ ယုံကြည်ခြင်း၊ အကျင့်ကျင့်ခြင်း၊ တော်လျော်သောပေါင်းသင်းဆက်ဆံခြင်းတို့လိုအပ်သည်မှာမငြင်းသာသော်လည်း၊ မေတ္တာမရှိလျှင် ၄င်းတို့၏တန်ဖိုးမပေါ်လွင်ပါ။ အကြောင်းမှာ၊ ယေဟောဝါသည် မေတ္တာအရာတွင်ထူးကဲသာလွန်သောဘုရားဖြစ်တော်မူသောကြောင့်ဖြစ်သည်။ (၁ ကောရိန္သု ၁၃:၁-၃။ ၁ ယောဟန် ၄:၈။)—၁၀/၁၊ စာမျက်နှာ ၂၁။
▫ တမန်တော်ပေတရုသည် ရောမမြို့တွင်ပထမဦးဆုံး ဂိုဏ်းအုပ်ဘုန်းကြီးဖြစ်သည်ဆိုသည့်အချက်နှင့်ပတ်သက်၍ မည်သို့ဆင်ခြင်တက်နိုင်သနည်း။
ပေတရုသည် ရောမမြို့သို့ရောက်ဖူးကြောင်းမည်သည့်အထောက်အထားမျှမရှိပါ။ မိမိကိုယ်ကိုလည်းခရစ်တော်၏တမန်တော်ထက်ပို၍ မရည်ညွှန်းခဲ့ပါ။ (၂ ပေတရု ၁:၁)— 10/15, PP.8
▫ သုံးပါးပေါင်းတစ်ဆူအယူဝါဒ၏တရားဝင်အဓိပ္ပာယ်သတ်မှတ်ချက်တို့က ယင်းကိုမည်သို့နားလည်စေသနည်း။
သုံးပါးပေါင်းတစ်ဆူအယူဝါဒတွင် တစ်ခုနှင့်တစ်ခုရှုပ်ထွေးပွေလီစွာချိတ်ဆက်နေသောအယူကွဲ များစွာပါဝင်သည်။ သုံးပါးပေါင်းတစ်ဆူဝါဒီများအပါအဝင် ကျမ်းပညာရှင်များစွာတို့က ကျမ်းစာတွင် သုံးပါးပေါင်းတစ်ဆူအယူဝါဒ မပါဝင်ကြောင်းဝန်ခံကြသည်။— 11/1, PP. 21-2
▫ စီအီး ၂၉ ခုနှစ်သည်ကျမ်းစာသမိုင်းတွင်အဘယ်ကြောင့်အခြေပြုနေ့စွဲဖြစ်ရသနည်း။
အကြောင်းမှာ၊ ကျမ်းစာကျောင်းသားများသည် ကျမ်းစာ၏ရှင်းလင်းတိကျသည့်ဖော်ပြချက်နှင့်တိဗေရိမင်းနန်းစံသည့် ခေတ်သက္ကရာဇ်တို့ကိုပေါင်းပြီး ယောဟန်၏ဓမ္မအမှုဆောင်ခြင်းသည် စီအီး ၂၉ ခုနှစ်နွေဦးရာသီတွင်စတင်ပြီး၊ နောက်ခြောက်လအကြာ စီအီး ၂၉ ၏ဆောင်းဦးရာသီတွင် ယေရှုကိုယောဟန်နှစ်ခြင်းပေးခဲ့ကြောင်း တွက်ချက်ယူနိုင်သောကြောင့်ဖြစ်သည်။— 11/15, PP.31
▫ “ဝတ်ပြုခြင်း” သည် ဟေဗြဲစကားပြောသူများအတွက် မည်သို့အဓိပ္ပာယ်ရှိသနည်း။ ယနေ့ယေဟောဝါသက်သေများနှင့်မည်သို့သက်ဆိုင်သနည်း။
“ဝတ်ပြုခြင်း” နှင့်တူသောဟေဗြဲဝေါဟာရကို “အမှုဆောင်” ဟုဘာသာပြန်ဆိုနိုင်သည်။ ထို့ကြောင့်ဝတ်ပြုခြင်းသည် အမှုဆောင်ခြင်းဖြစ်သည်ဟု ဟေဗြဲလူမျိုးများသဘောပေါက်ကြသည်။ ယနေ့ယေဟောဝါသက်သေများလည်း ဤသို့ပင်နားလည်ကြသည်။ ထို့ကြောင့်စစ်မှန်သောဘာသာ၏အလွန်အရေးကြီးသောအမှတ်လက္ခဏာတစ်ခုမှာ ဟောပြောခြင်းဖြစ်သောဘုရားအမှုတော်ဆောင်ခြင်းပင်ဖြစ်သည်။— 12/1, PP.19