ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၁ ၇/၁ စာ. ၃၂
  • “နို့စို့ကလေးများ အဘယ်ကြောင့် သေရသနည်း”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “နို့စို့ကလေးများ အဘယ်ကြောင့် သေရသနည်း”
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
က၉၁ ၇/၁ စာ. ၃၂

“နို့စို့ကလေးများ အဘယ်ကြောင့် သေရသနည်း”

ကလေးငယ်နှစ်ဦးဆုံးရှုံးခဲ့ရသော မိသားစုတစ်စု ယင်းကိုသိလိုခဲ့သည်။ ဝီလိုဝစ်မြို့၊ အိုဟိုင်အိုနယ်၊ ယူအက်စ်အေမှ အမျိုးသားတစ်ဦး ဤသို့ရှင်းပြသည်။

“များမကြာမီက ကျွန်တော့်မိသားစုတွင် ကြေကွဲဝမ်းနည်းစရာတစ်ခုဖြစ်ပျက်ခဲ့တယ်။ ကျွန်တော့်ညီမသည် ကားတိုက်မှုတစ်ခုတွင် သူ့ကလေးငယ်နှစ်ယောက်ကို ဆုံးရှုံးခဲ့ရသည်။ တစ်အိမ်ထောင်လုံး ဝမ်းနည်းပက်လက်ဖြစ်ရကြတယ်။ သူတို့ရဲ့နှစ်ခြင်းအသင်းမှ တရားဟောဆရာကလည်း ကျမ်းစာနှစ်သိမ့်မှုလုံးဝမပေးနိုင်ခဲ့ဘူး။ ‘ဘုရားသခင်အလိုတော်ပဲ’ ‘ကောင်းကင်တမန် နောက်ထပ်နှစ်ပါးကို ဘုရားသခင်အလိုရှိနေလို့’ ဟူ၍သာပြောဆိုနေတယ်။

“လေ့လာသုံးသပ်မှုပြုလုပ်ဖို့အချိန် ကျွန်တော့်မှာမရှိပေမဲ့ Reasoning From the Scriptures စာအုပ်ကိုဖွင့်ပြီး ‘နို့စို့ကလေးများ အဘယ်ကြောင့်သေရသနည်း’ ခေါင်းစဉ်ကိုဖွင့်ဖတ်ခဲ့တယ်။ နောက်ရက်အနည်းငယ်အတွင်း ကျွန်တော်နှင့်ကျွန်တော့်ဇနီးသည် မိသားစုတို့ရဲ့မေးခွန်းများဖြစ်တဲ့ ‘နို့စို့ကလေးများ အဘယ်ကြောင့်သေရသနည်း’၊ ‘မိဘများထံမှ သားသမီးများကိုခေါ်ဆောင်ခြင်းသည် ဘုရာသခင်၏အလိုတော်ဖြစ်သလော’ အပြင် အရေးကြီးဆုံးကား ဤချစ်စရာကောင်းသောကလေးများကို ပြန်တွေ့ဆုံဖို့ အဘယ်မျှော်လင့်ချက်ရှိသနည်း’ ဟူသည့်မေးခွန်းများကို ဖြေဆိုပေးနိုင်ပါတယ်။ ကျွန်တော့်မိဘများကလည်း နိုင်ငံတော်ခန်းမမှာ စည်းဝေးလာတက်ချင်တယ်ဟု ပြောဆိုနေပါတယ်။”

Reasoning From the Scriptures စာအုပ်တွင် အဓိကခေါင်းစဉ်ဖြင့် အကြောင်း ၇၀ ပါသည်။ ၄င်းတို့မှာ “သေခြင်း”၊ “ငရဲ”၊ “ဝိညာဉ်စိုးလ်”၊ “ဒုတိယမွေးခြင်း”၊ “ပြန်ဝင်စားခြင်း”၊ “လိင်ကိစ္စ”၊ “နတ်ဝိဇ္ဇာအတတ်” နှင့်အခြားအခြားတို့ဖြစ်သည်။ ယင်း၏ခုနစ်မျက်နှာမာတိကာနှင့်ကျမ်းချက်များကား အဖြေများကို အလျင်အမြန်တွေ့ရှိနိုင်ရန် အထောက်အကူများစွာဖြစ်မည်။ တစ်အုပ်ရလိုလျှင် ဖြတ်ပိုင်းကိုဖြည့်ပြီး စာတိုက်မှပို့လိုက်ပါ။ (အင်္ဂလိပ်လိုသာရနိုင်ပါသည်။)

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ