ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၁ ၃/၁၅ စာ. ၉
  • စာရှုသူများထံမှမေးခွန်းလွှာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စာရှုသူများထံမှမေးခွန်းလွှာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • ဆင်တူတဲ့ အကြောင်းအရာ
  • သမ္မာကျမ်းစာကို ဘုရားသခင် မည်သို့မှုတ်သွင်းတော်မူသနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • သမ္မာကျမ်းစာ—ကျွန်ုပ်တို့၏အဓိကကျောင်းသုံးစာအုပ်
    သီအိုကရက်တစ်ကျောင်း လမ်းညွှန်စာအုပ်
  • စာရှုသူများထံမှမေးခွန်းလွှာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • သမ္မာကျမ်းစာကို ဘယ်သူ ရေးခဲ့တယ်ဆိုတာ သိနိုင်သလား
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
က၉၁ ၃/၁၅ စာ. ၉

စာရှုသူများထံမှမေးခွန်းလွှာ

▪ The Bible—God’s Word or Man’s? တွင်ဖော်ပြထားသည့်အတိုင်း မည်သည့်သမ္မာကျမ်းစာရေးသားသူသည် “ဗိုလ်ချုပ်” ဖြစ်သနည်း။

ဘုရားနှုတ်ကပတ်တော်နှင့်စပ်လျဉ်း၍ ထိုအသုံးဝင်သောစာအုပ်က စာမျက်နှာ ၁၀ တွင်ဆိုထားသည်။ “သမ္မာကျမ်းစာသည်ယင်း၏ ကျမ်းရေးသူအများ၏ပြောဆိုချက်က သူမတူထူးခြားစေသည်။ သမ္မာကျမ်းစာအစိတ်အပိုင်းအသီးသီးကို ဘုရင်များ၊ သိုးထိန်းများ၊ တံငါသည်များ၊ ဝန်ထမ်းများ၊ ယဇ်ပုရောဟိတ်များ၊ အနည်းဆုံးဗိုလ်ချုပ်တစ်ဦးနှင့် ဆရာဝန်တစ်ဦးအပါအဝင်လူ ၄၀ ခန့်ပါဝင်ရေးသားခဲ့သည်။ သို့သော်မကြာခဏပင်၊ ကျမ်းရေးသားသူများက သူတို့ရေးသားချက်များသည် သူတို့အာဘော်မဟုတ်ဘဲ ဘုရားရှင်ထံမှဖြစ်ကြောင်း ထပ်တူပြောဆိုကြသည်။”a

အချို့ကမည်သည့် ကျမ်းရေးသားသူများသည် မည်သို့သောအသက်မွေးဝမ်းကျောင်း (ဝါ) လုပ်ငန်းလုပ်ဆောင်ကြောင်း မေးကြသည်။ ယင်းနှင့်စပ်လျဉ်း၍ အောက်ပါအကြောင်းကို သုံးသပ်ပါ။

ဘုရင်များ—ကျမ်းစာရေးသားသူများတွင် အတော်အတန်သည် ဘုရင်များဖြစ်သည်။ ဒါဝိဒ်နှင့်ရှောလမုန် ကိုချက်ချင်းသတိရမိပေမည်။ (ဆာလံ ၃၊ ခေါင်းစည်း။ သု၊ ၁:၁။ ဒေသနာ ၁:၁) သို့သော်၊ ဟေရှာယ ၃၈:၁၀-၂၀ ရှိသီချင်းကို ဟေဇကိရေးသားခဲ့သည်။ (အခန်းငယ် ၉) ပညာတတ်အများက ဆာလံ ၁၁၉ ကိုလည်းဘုရင်မဖြစ်မီအချိန်လောက်တွင် သူပဲရေးသားခဲ့သည်ဟု ယုံကြည်ကြသည်။ ထို့ပြင်ဟေဇကိသည် သု၊ အခန်းကြီး ၂၅-၂၉ ကိုစုဆောင်းရေးသားရာတွင် ပါဝင်ခဲ့သည်။ (သု၊ ၂၅:၁) သု၊ ၏နောက်ဆုံးအခန်းကို “လေမွေလမင်းကြီး” ကပြင်ဆင်ခဲ့သည်။ အချို့ကသူ့အား ဟေဇကိမင်းဟုဆိုပြီး၊ အချို့ကလေမွေလသည် ဘုရင်ရှောလမုန်ဟု ယူဆသည်။—သု၊ ၃၁:၁။

သိုးထိန်း—ဒါဝိဒ်နှင့်ပရောဖက်အာမုတ်သည် သိုးထိန်းများအဖြစ် လုပ်ကိုင်ခဲ့သည်။ (၁ ဓမ္မရာဇဝင် ၁၆:၁၁-၁၃၊ ၁၇:၁၅၊ ၂၈၊ ၃၄။ အာမုတ် ၁:၁) အာမုတ်အမည်ရှိသောကျမ်းကို အာမှတ်ရေးသားခဲ့၍ ဒါဝိဒ်သည်ဆာလံကျမ်းအတော်အတန်ကို ဖွဲ့ဆိုခဲ့သည်။ ထင်ရှားသောဆာလံ ၂၃ ကအမှန်ပင်၊ ဒါဝိဒ်၏သိုးထိန်းခြင်းနှင့်အကျွမ်းဝင်မှုကို ရောင်ပြန်ဟပ်လျက်ရှိသည်။

တံငါသည်—တံငါသည်များဖြစ်ခဲ့သည့် ယေရှု၏တပည့်တော်များထဲမှ ယောဟန်နှင့်ပေတရုသည် နောက်ပိုင်းတွင် သမ္မာကျမ်းစာမှစာစောင်များကို ရေးသားရန်လှုံ့ဆော်ခံခဲ့ရသည်။ (မဿဲ ၄:၁၈-၂၂) ယောဟန်သည်ခရစ်ဝင်ကျမ်းတစ်စောင်နှင့်အတူ ဘုရားလှုံ့ဆော်မှုခံရသောစာစောင်သုံးစောင်နှင့် ဗျာဒိတ်ကျမ်းကို ရေးသားခဲ့သည်။ ပေတရုသည် မှုတ်သွင်းခံစာစောင် နှစ်စောင်ရေးသားခဲ့သည်။

ဝန်ထမ်းများ—ဒံယေလနှင့်နေဟမိနှစ်ဦးစလုံးသည် ဘုရားရှင့်လူမျိုးတော်အပေါ် ဩဇာလွှမ်းခဲ့သည့် တိုင်းတစ်ပါးအစိုးရများ၏ ဝန်ထမ်းများဖြစ်ခဲ့သည်။ (နေဟမိ ၁:၁၊ ၁၁။ ၂:၁၊ ၂။ ဒံယေလ ၁:၁၉။ ၂:၄၉။ ၆:၁-၃) ကျမ်းစောင်နှစ်စောင်ကို သူတို့နာမည်ဖြင့်တပ်ထားသည်။

ယဇ်ပုရောဟိတ်များ—သမ္မာကျမ်းစောင်များကိုရေးသားခဲ့သော ဘုရားရှင်၏ပရောဖက်နှစ်ဦးသည် ယဇ်ပုရောဟိတ်များဖြစ်သည်။ သူတို့သည်ယေရမိနှင့် ယေဇကျေလတို့ဖြစ်သည်။ (ယေရမိ ၁:၁။ ယေဇကျေလ ၁:၁-၃) ထို့ပြင်ဧဇရသည် အာရုန်အနွယ်ယဇ်ပုရောဟိတ်ဖြစ်ပြီး၊ “မောရှေ၏ပညတ္တိကျမ်းစာကို လေ့ကျက်သော” သူဖြစ်ခဲ့သည်။ သူသည် “ထာဝရဘုရား [ယေဟောဝါ၊ NW] ၏တရားတော်ကို စစ်ဆေးစောင့်ရှောက်ခြင်းငှာလည်းကောင်း၊ စီရင်ထုံးဖွဲ့တော်မူချက်တို့ကို ဣသရေလအမျိုး၌ သွန်သင်ခြင်းငှာလည်းကောင်း သဘောကျသောသူဖြစ်၏။”—ဧဇရ ၇:၁-၆၊ ၁၀၊ ၁၁။

“ဗိုလ်ချုပ်—ဣသရေလများသည် ကတိထားရပြည်သို့ဝင်ရောက်ခဲ့ပြီး ရန်သူလူမျိုးများစွာကို တိုက်ခိုက်ခဲ့စဉ် စစ်တပ်ကိုယောရှုဦးဆောင်ခဲ့သည့် ကဏ္ဍကသူ့အား ဗိုလ်ချုပ်ဟုခေါ်ရန်အရည်အချင်းပြည့်ဝစေသည်။ (ယောရှု ၁:၁-၃။ ၁၁:၅၊ ၆) သူသည်ယောရှုစာစောင်ကိုရေးသားရန် အခွင့်အရေးရခဲ့သည်။ ထို့ပြင်ဒါဝိဒ်သည် ဘုရင်မဖြစ်မီဗိုလ်ချုပ်အဖြစ် လုပ်ဆောင်ခဲ့သည်ဟု အချို့ကျမ်းဖတ်ရှုသူများက ရှုမြင်ပေမည်။—၁ ဓမ္မရာဇဝင် ၁၉:၈။ ၂၃:၁-၅။

ဆရာဝန်—နောက်ဆုံးအနေနှင့် ကောလောသဲ ၄:၁၄ က “ငါတို့ချစ်သောဆရာဝန်လုကာ” ဟုဖော်ပြထားသည်။ ( သတင်းကောင်း ) လုကာသည်သူ့နာမည်တတ်ထားသော စာစောင်ကိုရေးသားခဲ့ပြီး၊ တမန်တော်ကျမ်းကိုလည်း ရေးသားခဲ့ကြောင်းထင်ရှားသည်။

[အောက်ခြေမှတ်ချက်များ]

a ၁၉၈၉ တွင်ကင်းမျှော်စင်သမ္မာကျမ်းစာအသင်း နယူးယောက်မှထုတ်ဝေသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ